လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန် အယ်ဒရစ်က လူငယ်ကြယ်ပွင့်လေး ကားတစ်ဂျုံးဟာ စီနီယာအသင်းသား ထရန့်လိုပဲ လီဗာပူးအတွက် အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ကားတစ်ဂျုံးဟာ ထရန့်လိုပဲ လီဗာပူးသားတစ်ဦးဖြစ်ပြီး အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ အသင်းသားတစ်ဦးပါ။ သူနဲ့ ထရန့်ကြား ကွာခြားတာက ထရန့်က ရိုးရိုးအေးအေးဖြစ်ပြီး ကားတစ်ဂျုံးကတော့ ပိုမို သွေးဆူတဲ့ ကစားသမားမျိုးဖြစ်တယ်။ သူက ကိုယ်ဘာသာ ယုံကြည်မှု ပြင်းထန်လွန်းပြီး မာန်မာနကြီးသူအဖြစ်လည်း အကယ်ဒမီမှာ ထင်ရှားပါတယ်။

ဂျွန် အယ်ဒရစ်က ” ကားတစ် အသက် ၁၅ နှစ် အရွယ်လောက်ကတည်းက ကျနော် သူ့ကို စောင့်ကြည့်လာခဲ့တာပါ။ သူက ထရန့်နဲ့တူပြီး ထရန့်လို အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူက ပင်ကိုယ် သဘောဝကိုယ်က အရည်အချင်းရှိပြီး မာန်မာနကြီးတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။

သူက သူဟာ ကစားသမားကောင်းဆိုတာနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်မှုတွေ ရှိသူဆိုတာကို သိထားသူဖြစ်တယ်။ ကားတစ်က ကြယ်ပွင့် ဖြစ်လာနိုင်ပါတယ်။ ဒါကို ကျနော် အမြဲတမ်း သိပြီး ယာဂင်က သူ့ကို အခွင့်အရေးကောင်းတွေ ပေးနေတာ ဖြစ်ပါတယ်။

ရာသီအကုန်မှာ စာချုပ်ကုန်ပြီဖြစ်လို့ အဒမ် လယ်လာနာက လီဗာပူးကနေ ထွက်ခွာသွားဖို့ များနေပါတယ်။ ကားတစ်က မန်နေဂျာအတွက် ပြောင်းရွှေ့ကြေး အများအပြားကို သက်သာစေမယ့်သူဖြစ်ပြီး အသင်းလူစာရင်းမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ ခြေလှမ်းသစ်တွေ ချလာမယ့်သူပါ။ သူက အရမ်းကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ နောက်နှစ်မှာတော့ ပိုမို နေရာရလာဖို့ ရှိနေပြီး စတီဗင်ဂျရတ်နောက်ပိုင်း ကွင်းလယ်မှာ ပျောက်ကွယ်နေတဲ့ ပေါက်ကွဲအားကောင်းတဲ့ မာဆေးဆိုဒ်သား ကွင်းလယ်လူအဖြစ် မြင်တွေ့ရမလားက စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း ဂၽြန္ အယ္ဒရစ္က လူငယ္ၾကယ္ပြင့္ေလး ကားတစ္ဂ်ံဳးဟာ စီနီယာအသင္းသား ထရန္႔လိုပဲ လီဗာပူးအတြက္ အဓိကက်တဲ့ ကစားသမားတစ္ဦး ျဖစ္လာမယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ကားတစ္ဂ်ံဳးဟာ ထရန္႔လိုပဲ လီဗာပူးသားတစ္ဦးျဖစ္ျပီး အကယ္ဒမီကေန ေပၚထြက္လာတဲ့ အသင္းသားတစ္ဦးပါ။ သူနဲ႔ ထရန္႔ၾကား ကြာျခားတာက ထရန္႔က ရိုးရိုးေအးေအးျဖစ္ျပီး ကားတစ္ဂ်ံဳးကေတာ့ ပိုမို ေသြးဆူတဲ့ ကစားသမားမ်ိဳးျဖစ္တယ္။ သူက ကိုယ္ဘာသာ ယံုၾကည္မႈ ျပင္းထန္လြန္းျပီး မာန္မာနၾကီးသူအျဖစ္လည္း အကယ္ဒမီမွာ ထင္ရွားပါတယ္။

ဂၽြန္ အယ္ဒရစ္က ” ကားတစ္ အသက္ ၁၅ ႏွစ္ အရြယ္ေလာက္ကတည္းက က်ေနာ္ သူ႔ကို ေစာင့္ၾကည့္လာခဲ့တာပါ။ သူက ထရန္႔နဲ႔တူျပီး ထရန္႔လို အလားအလာေကာင္းေတြ အမ်ားၾကီး ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ သူက ပင္ကိုယ္ သေဘာဝကိုယ္က အရည္အခ်င္းရွိျပီး မာန္မာနၾကီးတဲ့ ကစားသမားမ်ိဳးျဖစ္ပါတယ္။

သူက သူဟာ ကစားသမားေကာင္းဆိုတာနဲ႔ မွန္ကန္တဲ့ နည္းလမ္းေတြနဲ႔ လုပ္ေဆာင္ႏုိင္မႈေတြ ရွိသူဆိုတာကို သိထားသူျဖစ္တယ္။ ကားတစ္က ၾကယ္ပြင့္ ျဖစ္လာႏုိင္ပါတယ္။ ဒါကို က်ေနာ္ အျမဲတမ္း သိျပီး ယာဂင္က သူ႔ကို အခြင့္အေရးေကာင္းေတြ ေပးေနတာ ျဖစ္ပါတယ္။

ရာသီအကုန္မွာ စာခ်ဳပ္ကုန္ျပီျဖစ္လို႔ အဒမ္ လယ္လာနာက လီဗာပူးကေန ထြက္ခြာသြားဖို႔ မ်ားေနပါတယ္။ ကားတစ္က မန္ေနဂ်ာအတြက္ ေျပာင္းေရႊ႔ေၾကး အမ်ားအျပားကို သက္သာေစမယ့္သူျဖစ္ျပီး အသင္းလူစာရင္းမွာ မွန္ကန္တဲ့ နည္းလမ္းနဲ႔ ေျခလွမ္းသစ္ေတြ ခ်လာမယ့္သူပါ။ သူက အရမ္းေကာင္းတဲ့ အနာဂတ္ကို ပိုင္ဆုိင္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ေနာက္ႏွစ္မွာေတာ့ ပိုမို ေနရာရလာဖို႔ ရွိေနျပီး စတီဗင္ဂ်ရတ္ေနာက္ပိုင္း ကြင္းလယ္မွာ ေပ်ာက္ကြယ္ေနတဲ့ ေပါက္ကြဲအားေကာင္းတဲ့ မာေဆးဆိုဒ္သား ကြင္းလယ္လူအျဖစ္ ျမင္ေတြ႔ရမလားက စိတ္လႈပ္ရွားစရာပဲ ျဖစ္ပါတယ္။