အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာဟာ ဒဏ်ရာကြောင့် သုံးလလောက် အနားယူရတော့မယ်လို့ သိရပါတယ်။ သူဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲ နှစ်ပွဲလုံးကို လွဲချော်သွားနိုင်ပါတယ်။

လီဗာပူးကွင်းလယ်လူဟောင်း လူးကပ်လေဗာက ကလပ်အတွက် သူကစားပေးထားတဲ့ လိဂ်ပွဲအများဆုံး ဘရာဇီးသားဆိုတဲ့ စံချိန်ကို ဖာမင်နို ချိုးဖျက်သွားမှာ မြင်လိုတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ လူးကပ်ဟာ လီဗာပူးအတွက် ၂၄၇ ပွဲ ကစားပေးထားပြီး ဖာမင်နိုကတော့ ၁၆၂ ပွဲ ရှိလာခဲ့ပါပြီ။

လီဗာပူးရဲ့ စပိန်ဂိုးသမား အတ်ဒရီယန်ကို လာလီဂါကလပ် ရီးရဲလ်ဘက်တစ်က နွေမှာ အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူလိုနေပါတယ်။ သူဟာ လီဗာပူးမှာ နှစ်နှစ် စာချုပ်ရှိနေပြီး တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

ဆာဘီးယားတိုက်စစ်သမား မာကိုဗစ်က လီဗာပူးမှာ မအောင်မြင်တဲ့ ကစားသမားဘဝကို ကျော်ဖြတ်ခဲ့ရပေမယ့် လီဗာပူး မန်နေဂျာတွေဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာကော ယာဂင်ကလော့ပ်ကောပါ ထိပ်တန်း မန်နေဂျာတွေဖြစ်ပြီး သူတို့ လုပ်ရမယ့် အလုပ်ကို ရာနှုန်းပြည့် နားလည်ကြသူတွေပါလို့ ထောက်ခံခဲ့ပါတယ်။

လီဗာပူးက ဆွန်ယောင်မင်ကို ခေါ်ယူလိုတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေးနေမှုက ကောလဟာလတွေဖြစ်ပြီး စပါးဘက်က ကိုးရီးယား တိုက်စစ်သမားကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ စပါးသတင်းထောက်တွေက လန်ဒန်သတင်းတွေကနေ ဖော်ပြသွားပါတယ်။

ဂျာမနီကွင်းလယ်လူ ကိုင်းဟာဗက်ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချနိုင်ဖို့ နည်းလမ်းရှာနေပေမယ့် သူ့ရဲ့ တန်ကြေးကို လျောချနိုင်ဖွယ် မရှိခြင်းကြောင့် လီဗာပူးဘက်က အပြောင်းအရွှေ့အတွက် တရားဝင် ကမ်းလှမ်းမှုလုပ်ဖို့ နောက်ဆုတ်ခဲ့ပြီလို့ သိရပါတယ်။

ချယ်ဆီးကွင်းမှာ သွားကစားရမယ့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲကိုတော့ လီဗာပူးအသင်းက စီနီယာလူစာရင်းကို ထုတ်သုံးမယ်လို့ သိရပါတယ်။

ကစားသမားဘဝ ပွဲပေါင်း ၈၀၀ ကျော်ခဲ့ပြီဖြစ်သလို အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ မီလ်နာဟာ အခြားသော အသင်းဖော်တွေလို အနားမယူပဲ လူငယ်အသင်းကို ဦးဆောင်ပေးဖို့ အန်ဖီးမှာ ရှိနေပေးတာအတွက် ချီးကျူးခံနေရပါတယ်။

ZAWGYI

အက္သလက္တီကို မက္ဒရစ္ တုိက္စစ္မွဴး ဒီေယဂို ေကာ္စတာဟာ ဒဏ္ရာေၾကာင့္ သံုးလေလာက္ အနားယူရေတာ့မယ္လို႕ သိရပါတယ္။ သူဟာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲ ႏွစ္ပြဲလံုးကို လြဲေခ်ာ္သြားႏုိင္ပါတယ္။

လီဗာပူးကြင္းလယ္လူေဟာင္း လူးကပ္ေလဗာက ကလပ္အတြက္ သူကစားေပးထားတဲ့ လိဂ္ပြဲအမ်ားဆံုး ဘရာဇီးသားဆိုတဲ့ စံခ်ိန္ကို ဖာမင္ႏုိ ခ်ိဳးဖ်က္သြားမွာ ျမင္လိုတယ္လုိ႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။ လူးကပ္ဟာ လီဗာပူးအတြက္ ၂၄၇ ပြဲ ကစားေပးထားျပီး ဖာမင္ႏိုကေတာ့ ၁၆၂ ပြဲ ရွိလာခဲ့ပါျပီ။

လီဗာပူးရဲ႕ စပိန္ဂိုးသမား အတ္ဒရီယန္ကို လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္က ေႏြမွာ အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူလိုေနပါတယ္။ သူဟာ လီဗာပူးမွာ ႏွစ္ႏွစ္ စာခ်ဳပ္ရွိေနျပီး တစ္ႏွစ္ ထပ္မံ သက္တမ္းတိုးခြင့့္လည္း ပါဝင္ပါတယ္။

ဆာဘီးယားတိုက္စစ္သမား မာကိုဗစ္က လီဗာပူးမွာ မေအာင္ျမင္တဲ့ ကစားသမားဘဝကို ေက်ာ္ျဖတ္ခဲ့ရေပမယ့္ လီဗာပူး မန္ေနဂ်ာေတြျဖစ္တဲ့ ဘရန္ဒန္ေရာ္ဂ်ာေကာ ယာဂင္ကေလာ့ပ္ေကာပါ ထိပ္တန္း မန္ေနဂ်ာေတြျဖစ္ျပီး သူတို႔ လုပ္ရမယ့္ အလုပ္ကို ရာႏႈန္းျပည့္ နားလည္ၾကသူေတြပါလို႔ ေထာက္ခံခဲ့ပါတယ္။

လီဗာပူးက ဆြန္ေယာင္မင္ကို ေခၚယူလိုတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပးေနမႈက ေကာလဟာလေတြျဖစ္ျပီး စပါးဘက္က ကိုးရီးယား တုိက္စစ္သမားကို ေရာင္းထုတ္မွာ မဟုတ္ဘူးလို႔ စပါးသတင္းေထာက္ေတြက လန္ဒန္သတင္းေတြကေန ေဖာ္ျပသြားပါတယ္။

ဂ်ာမနီကြင္းလယ္လူ ကိုင္းဟာဗက္ရဲ႕ ေျပာင္းေရႊ႔ေၾကးကို ေလ်ာ့ခ်ႏုိင္ဖို႔ နည္းလမ္းရွာေနေပမယ့္ သူ႔ရဲ႕ တန္ေၾကးကို ေလ်ာခ်ႏုိင္ဖြယ္ မရွိျခင္းေၾကာင့္ လီဗာပူးဘက္က အေျပာင္းအေရႊ႔အတြက္ တရားဝင္ ကမ္းလွမ္းမႈလုပ္ဖို႔ ေနာက္ဆုတ္ခဲ့ျပီလို႔ သိရပါတယ္။

ခ်ယ္ဆီးကြင္းမွာ သြားကစားရမယ့္ အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲကိုေတာ့ လီဗာပူးအသင္းက စီနီယာလူစာရင္းကို ထုတ္သံုးမယ္လို႔ သိရပါတယ္။

ကစားသမားဘဝ ပြဲေပါင္း ၈၀၀ ေက်ာ္ခဲ့ျပီျဖစ္သလို အသက္ ၃၄ ႏွစ္အရြယ္ ရွိျပီျဖစ္တဲ့ ကြင္းလယ္လူ မီလ္နာဟာ အျခားေသာ အသင္းေဖာ္ေတြလို အနားမယူပဲ လူငယ္အသင္းကို ဦးေဆာင္ေပးဖို႔ အန္ဖီးမွာ ရွိေနေပးတာအတြက္ ခ်ီးက်ဴးခံေနရပါတယ္။