လီဗာပူးဟာ အကောင်းဆုံး ပုံစံတွေ ရရှိနေပြီး ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ အင်အားတောင့်တင်းနေခြင်းက လာလီဂါကလပ်တွေအတွက် စိုးရိမ်စရာ အနေအထားပါလို့ စပိန်မီဒီယာတွေက ဖော်ပြသွားပါတယ်။

၂၀၁၈ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကို ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် မနှစ် ဇွန်လမှာတော့ လီဗာပူးအသင်းဟာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့ပါတယ်။ ဆီမီဖိုင်နယ်အဆင့်မှာ ဘာစီလိုနာကို ကျော်ဖြတ် အနိုင်ယူခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ၁၆ သင်းအဆင့်မှာတင် လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့နေတာဖြစ်တယ်။

ဥရောပမှာ ချန်ပီယံလိဂ်ဖလားကို တတိယ အောင်မြင်မှု အမြင့်ဆုံး အသင်းလည်းဖြစ်တဲ့ လီဗာပူးဟာ ၂၀၁၄နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို တက်ရောက်ထားတဲ့ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရဖို့ ပိုမို ရေပန်းစားနေတာဖြစ်တယ်။ ဒါ့အပြင် ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ရေပန်းစားမှုမှာလည်း လီဗာပူးက ထိပ်ဆုံးမှာ ရှိနေပါတယ်။

စပိန်သတင်းစာ မာကာကတော့ စာမျက်နှာ နှစ်ဘက်အပြည့်မှာ အက်သလက်တီကိုနဲ့ လီဗာပူးပွဲကို ခေါင်းစီးတပ် ဖော်ပြခဲ့ပြီး ယာဂင်ကလော့ပ်ရဲ့ အသင်းကို ‘ဥရောပရဲ့ စက်ကြီး’ လို့ တင်စားခဲ့သလို ယာဂင်ကလော့ပ်က ပြီးပြည့်စုံစွာ စက်ချောဆီ သုတ်လိမ်းထားပါတယ်လို့ ညွှန်းဆိုခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ စံချိန်ပေါင်းများစွာကို ချိုးဖျက်နေပြီး ပြိုင်ဘက်အသင်းတိုင်းထက် ပိုမိုသာလွန်ကာ ပြိုင်ဘက်မရှိ အသင်းအဖြစ်လည်း ဖော်ပြခဲ့တယ်။ “ကလော့ပ်ရဲ့ ကျောက်တုံးကြီးတွေ” “အန်ဖီးခံတပ်” အစရှိတဲ့ တင်စားမှုတွေကိုလည်း ဖော်ပြခဲ့ပြီး လက်ရှိ အခြေအနေမှာ လီဗာပူးအသင်းက “ရင်ဆိုင်ရ အခက်ခဲဆုံးသော ပြိုင်ဘက်” လို့ ချီးကျူးခဲ့ကြပါတယ်။

အက်သလက်တီကိုမှာ ကစားသမားကောင်းတွေ ရှိတာက အကူအညီဖြစ်ဖို့ မျှော်လင့်ပေမယ့် လီဗာပူးဟာ လာလီဂါကလပ်တွေရဲ့ ချန်ပီယံလိဂ်ဆုဖလား အောင်မြင်မှု မှတ်တမ်းတွေကို ထိုးနှက်မယ့် ပြိုင်ဘက်ကြီးအဖြစ် စပိန်သတင်းစာက ဖော်ပြခဲ့တာဖြစ်တယ်။

ZAWGYI

လီဗာပူးဟာ အေကာင္းဆံုး ပံုစံေတြ ရရွိေနျပီး ခ်န္ပီယံလိဂ္ဖလားကို ကာကြယ္ဖို႔ အင္အားေတာင့္တင္းေနျခင္းက လာလီဂါကလပ္ေတြအတြက္ စိုးရိမ္စရာ အေနအထားပါလို႔ စပိန္မီဒီယာေတြက ေဖာ္ျပသြားပါတယ္။

၂၀၁၈ ခုႏွစ္က ရီးရဲလ္မက္ဒရစ္ကို ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ေပမယ့္ မႏွစ္ ဇြန္လမွာေတာ့ လီဗာပူးအသင္းဟာ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့ပါတယ္။ ဆီမီဖိုင္နယ္အဆင့္မွာ ဘာစီလိုနာကို ေက်ာ္ျဖတ္ အႏုိင္ယူခဲ့တာျဖစ္ျပီး ဒီရာသီမွာေတာ့ ၁၆ သင္းအဆင့္မွာတင္ လာလီဂါကလပ္ အက္သလက္တီကို မက္ဒရစ္နဲ႔ ထိပ္တိုက္ေတြ႔ေနတာျဖစ္တယ္။

ဥေရာပမွာ ခ်န္ပီယံလိဂ္ဖလားကို တတိယ ေအာင္ျမင္မႈ အျမင့္ဆံုး အသင္းလည္းျဖစ္တဲ့ လီဗာပူးဟာ ၂၀၁၄နဲ႔ ၂၀၁၆ ခုႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေတြကို တက္ေရာက္ထားတဲ့ အက္သလက္တီကို မက္ဒရစ္ကို အႏုိင္ရဖို႔ ပိုမို ေရပန္းစားေနတာျဖစ္တယ္။ ဒါ့အျပင္ ဒီႏွစ္ရဲ႕ ခ်န္ပီယံလိဂ္ ေရပန္းစားမႈမွာလည္း လီဗာပူးက ထိပ္ဆံုးမွာ ရွိေနပါတယ္။

စပိန္သတင္းစာ မာကာကေတာ့ စာမ်က္ႏွာ ႏွစ္ဘက္အျပည့္မွာ အက္သလက္တီကိုနဲ႔ လီဗာပူးပြဲကို ေခါင္းစီးတပ္ ေဖာ္ျပခဲ့ျပီး ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကို ‘ဥေရာပရဲ႕ စက္ၾကီး’ လို႔ တင္စားခဲ့သလို ယာဂင္ကေလာ့ပ္က ျပီးျပည့္စံုစြာ စက္ေခ်ာဆီ သုတ္လိမ္းထားပါတယ္လို႔ ညႊန္းဆိုခဲ့တာပါ။

ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ စံခ်ိန္ေပါင္းမ်ားစြာကို ခ်ိဳးဖ်က္ေနျပီး ျပိဳင္ဘက္အသင္းတိုင္းထက္ ပိုမိုသာလြန္ကာ ျပိဳင္ဘက္မရွိ အသင္းအျဖစ္လည္း ေဖာ္ျပခဲ့တယ္။ “ကေလာ့ပ္ရဲ႕ ေက်ာက္တံုးၾကီးေတြ” “အန္ဖီးခံတပ္” အစရွိတဲ့ တင္စားမႈေတြကိုလည္း ေဖာ္ျပခဲ့ျပီး လက္ရွိ အေျခအေနမွာ လီဗာပူးအသင္းက “ရင္ဆိုင္ရ အခက္ခဲဆံုးေသာ ျပိဳင္ဘက္” လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

အက္သလက္တီကိုမွာ ကစားသမားေကာင္းေတြ ရွိတာက အကူအညီျဖစ္ဖို႔ ေမွ်ာ္လင့္ေပမယ့္ လီဗာပူးဟာ လာလီဂါကလပ္ေတြရဲ႕ ခ်န္ပီယံလိဂ္ဆုဖလား ေအာင္ျမင္မႈ မွတ္တမ္းေတြကို ထိုးႏွက္မယ့္ ျပိဳင္ဘက္ၾကီးအျဖစ္ စပိန္သတင္းစာက ေဖာ္ျပခဲ့တာျဖစ္တယ္။