မနေ့က ညပိုင်းမှာ ကော်စတာ ဒဏ်ရာရနေကာ ရာသီကုန်ထိ အနားယူရမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စပိန်သတင်းဌာန အချို့ကနေပြီး ကော်စတာရဲ့ ဒဏ်ရာက မပြင်းထန်ကြောင်းနဲ့ သူက လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါလာမယ်လို့ ပြောင်းလဲ ဖော်ပြခဲ့ကြပါတယ်။

လီဗာပူးညာအစွန်လူ ထရန့်ဟာ ကမ္ဘာအကောင်းဆုံး အစွန်လူဖြစ်ပြီး လေ့ကျင့်ရေးမှာ သူ့ထံက သင်ယူမှုတွေ လုပ်နေတယ်လို့ လူငယ်အစွန်လူ နီကိုးက ဆိုပါတယ်။

NIKE ရဲ့ အကြီးတန်း ဒါရိုက်တာ Heidi Burgett က ၂၀၂၀ မှာ လီဗာပူး ဝတ်ဆင်ကစားမယ့် ဂျာစီအတွက် ဒီဇိုင်းပုံစံ ၆၅ ခုထိ ပြင်ဆင်ထားပြီး ခြားနားတဲ့ ဒီဇိုင်းထွက်လာဖို့ ကြိုးစားနေတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူးဟာ စီနီယာနဲ့ လူငယ်တွေကို ကရာဘီမှာ အတူထားဖို့ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်နေမှု လုပ်ငန်စဉ်း အောင်အောင်မြင်မြင် ရှေ့ဆက်နေတယ်လို့ သိရပါတယ်။ မော်ဒန်ကလပ်အဖြစ် ပြောင်းလဲဖို့ လိုအပ်မှုမှာ လေ့ကျင့်ရေးကွင်းကိုလည်း အသစ် တည်ဆောက်နေတာပါ။

လီဗာပူးရဲ့ ချန်ပီယံလိဂ် ရံှူးထွက် လူစာရင်းမှာတော့ ဇန်နဝါရီကမှ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်သမား မီနာမီနို ပါဝင်လာပါတယ်။

ဖလာမင်ဂိုမန်နေဂျာ ဂျီးဆုက ဒီရာသီ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ လီဗာပူး၊ ရေးဗားပလိတ်လို အသင်းတွေ ပါဝင်ပေမယ့် ပြည်တွင်းကလပ် အက်သလက်တီကိုက ရင်ဆိုင်ရ အခက်ခဲဆုံးလို့ ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးဟာ ကွင်းလယ်လူ ဟာဗေးကို ခေါ်ယူဖို့ကို ဆက်လက် ကြိုးစားဖို့ သွေးအေးခဲ့ရုံတင်မကပဲ တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့လည်း အခြေအနေ စောင့်ကြည့်ကာ ယူနိုက်တက်၊ ချယ်ဆီးတို့လောက် လှုပ်ရှားမှု မရှိဘူးလို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က သူဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ပရီးမီးယားလိဂ်မှာ စတင်ခြေချခဲ့ပေမယ့် တစ်ကြိမ်မှ ရာသီဝက် အနားမရခဲ့ကြောင်း သူ ပြင်သစ်မြေကို ထွက်ခွာတဲ့ ပထမနှစ်မှာပဲ အင်္ဂလန်မှာ ရာသီဝက် အနားကာလကို သက်မှတ်ပေးလိုက်တယ်လို့ အရွှင်ဖောက်သွားပါတယ်။

ZAWGYI

မေန႔က ညပိုင္းမွာ ေကာ္စတာ ဒဏ္ရာရေနကာ ရာသီကုန္ထိ အနားယူရမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ စပိန္သတင္းဌာန အခ်ိဳ႕ကေနျပီး ေကာ္စတာရဲ႕ ဒဏ္ရာက မျပင္းထန္ေၾကာင္းနဲ႔ သူက လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ျပန္ပါလာမယ္လို႔ ေျပာင္းလဲ ေဖာ္ျပခဲ့ၾကပါတယ္။

လီဗာပူးညာအစြန္လူ ထရန္႔ဟာ ကမၻာအေကာင္းဆံုး အစြန္လူျဖစ္ျပီး ေလ့က်င့္ေရးမွာ သူ႔ထံက သင္ယူမႈေတြ လုပ္ေနတယ္လို႔ လူငယ္အစြန္လူ နီကိုးက ဆိုပါတယ္။

NIKE ရဲ႕ အၾကီးတန္း ဒါရိုက္တာ Heidi Burgett က ၂၀၂၀ မွာ လီဗာပူး ဝတ္ဆင္ကစားမယ့္ ဂ်ာစီအတြက္ ဒီဇိုင္းပံုစံ ၆၅ ခုထိ ျပင္ဆင္ထားျပီး ျခားနားတဲ့ ဒီဇိုင္းထြက္လာဖို႔ ၾကိဳးစားေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

လီဗာပူးဟာ စီနီယာနဲ႔ လူငယ္ေတြကို ကရာဘီမွာ အတူထားဖို႔ ေလ့က်င့္ေရးကြင္းသစ္ တည္ေဆာက္ေနမႈ လုပ္ငန္စဥ္း ေအာင္ေအာင္ျမင္ျမင္ ေရွ႔ဆက္ေနတယ္လို႔ သိရပါတယ္။ ေမာ္ဒန္ကလပ္အျဖစ္ ေျပာင္းလဲဖို႔ လိုအပ္မႈမွာ ေလ့က်င့္ေရးကြင္းကိုလည္း အသစ္ တည္ေဆာက္ေနတာပါ။

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ရံွဴးထြက္ လူစာရင္းမွာေတာ့ ဇန္နဝါရီကမွ အသစ္ေခၚယူထားတဲ့ တိုက္စစ္သမား မီနာမီႏို ပါဝင္လာပါတယ္။

ဖလာမင္ဂိုမန္ေနဂ်ာ ဂ်ီးဆုက ဒီရာသီ သူတို႔ ရင္ဆိုင္ခဲ့ရတဲ့ အသင္းေတြထဲမွာ လီဗာပူး၊ ေရးဗားပလိတ္လို အသင္းေတြ ပါဝင္ေပမယ့္ ျပည္တြင္းကလပ္ အက္သလက္တီကိုက ရင္ဆိုင္ရ အခက္ခဲဆံုးလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးဟာ ကြင္းလယ္လူ ဟာေဗးကို ေခၚယူဖို႔ကို ဆက္လက္ ၾကိဳးစားဖို႔ ေသြးေအးခဲ့ရံုတင္မကပဲ တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူဖို႔လည္း အေျခအေန ေစာင့္ၾကည့္ကာ ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔ေလာက္ လႈပ္ရွားမႈ မရွိဘူးလို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္က သူဟာ လြန္ခဲ့တဲ့ ၁၇ ႏွစ္က ပရီးမီးယားလိဂ္မွာ စတင္ေျခခ်ခဲ့ေပမယ့္ တစ္ၾကိမ္မွ ရာသီဝက္ အနားမရခဲ့ေၾကာင္း သူ ျပင္သစ္ေျမကို ထြက္ခြာတဲ့ ပထမႏွစ္မွာပဲ အဂၤလန္မွာ ရာသီဝက္ အနားကာလကို သက္မွတ္ေပးလိုက္တယ္လို႔ အရႊင္ေဖာက္သြားပါတယ္။