လာမယ့်ရာသီမှာ လီဗာပူးဟာ လက်ရှိ လက်တွဲနေတဲ့ New Balance နဲ့ သက်တမ်းကုန်ဆုးကာ ကမ္ဘာကျော် အားကစားကုမ္ပဏီ Nike နဲ့ လက်တွဲသွားတော့မှာဖြစ်ပါတယ်။

Nike ဘက်ကတော့ လာမယ့်ရာသီမှ စတင်လက်တွဲမယ့် လီဗာပူးအတွက် ဂျာစီပုံစံကို အထူး ပြုလုပ်နေပြီး မျိုးစုံတဲ့ ရွေးချယ်မှုတွေကို ဖန်တီးနေတယ်လို့ ဖွင့်ဟခဲ့တယ်။ ဒီကြားထဲ လီဗာပူးဂျာစီဒီဇိုင်းတွေ ပေါ်ထွက်နေပေမယ့် အတည်ပြု ဒီဇိုင်း ရသေးဟန် မရှိသလို ပရိသတ်ကြိုက် ဒီဇိုင်းကို ရွေးနိုင်ဖို့ အချိန် အနည်းငယ် ကြာဦးမယ့် သဘောဖြစ်ပါတယ်။

Nike အကြီးအကဲ Heidi Burgett က ” ကျနော်တို့ စံပုံစံတွေ လုပ်ဆောင်နေပါတယ်။ ၂၀၂၀ ဂျာစီအတွက် Nike ရဲ့ ဒီဇိုင်နာတွေက ရွေးစရာ ၆၅ မျိုးလောက်ကို လုပ်ဆောင်နေပါတယ်။ လည်အဟိုက်တို့၊ အင်္ကျီလက်တို့၊ တံဆိပ်တို့၊ အင်္ကျီပုံစံတို့ စသဖြင့်ပေါ့လေ။ လက်ရေးကနေစပြီး နံပါတ်တွေထိအောင် လုပ်နေပြီး အသင်းတိုင်းက သူတို့ ပုံစံလေးတွေနဲ့ ဖြစ်နေပါလိမ့်မယ် ” လို့ သတင်းပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ အိမ်ကွင်းကို အနီရောင် အသားပေးပြီး အဓိက ဂျာစီအဖြစ် အိမ်ကွင်းနဲ့ အဝေးကွင်းနှစ်ထည့်ကို နှစ်တိုင်း ထုတ်လုပ်နေတာပါ။ ကလပ်အသင်း ပရိသတ်တွေအတွက် အရေးကြီးဆုံးကတော့ ဂျာစီဒီဇိုင်းဖြစ်ပြီး ဒီလက်တွဲမှုကနေ ဆန်းသစ်တဲ့ ဂျာစီတွေကို ဝတ်ဆင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယယ်။

ဥရောပနဲ့ အာရှမှာ ကျယ်ပြန်တဲ့ ဈေးကွက် ပိုင်ဆိုင်ထားတဲ့ Nike နဲ့ လီဗာပူးကြား လက်တွဲမှုမှာ ပရီးမီးယားလိဂ်မှာ တန်ကြေး အမြင့်ဆုံး စာချုပ်တစ်ခု ဖြစ်သွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့တယ်။ ဒီလက်တွဲမှုဟာ လီဗာပူးရဲ့ နာမည်ဂုဏ်သတင်း၊ စီးပွားရေးဆိုင်ရာ ဝင်ငွေနဲ့ ဂျာစီဖြန့်ဝေမှုတွေမှာ ယခင်ကထက် နှစ်ဆကျော် တိုးတက်သွားမယ်လို့ ခန့်မှန်းထားရပါတယ်။

ZAWGYI

လာမယ့္ရာသီမွာ လီဗာပူးဟာ လက္ရွိ လက္တြဲေနတဲ့ New Balance နဲ႔ သက္တမ္းကုန္ဆုးကာ ကမၻာေက်ာ္ အားကစားကုမၸဏီ Nike နဲ႔ လက္တြဲသြားေတာ့မွာျဖစ္ပါတယ္။

Nike ဘက္ကေတာ့ လာမယ့္ရာသီမွ စတင္လက္တြဲမယ့္ လီဗာပူးအတြက္ ဂ်ာစီပံုစံကို အထူး ျပဳလုပ္ေနျပီး မ်ိဳးစံုတဲ့ ေရြးခ်ယ္မႈေတြကို ဖန္တီးေနတယ္လို႔ ဖြင့္ဟခဲ့တယ္။ ဒီၾကားထဲ လီဗာပူးဂ်ာစီဒီဇိုင္းေတြ ေပၚထြက္ေနေပမယ့္ အတည္ျပဳ ဒီဇိုင္း ရေသးဟန္ မရွိသလို ပရိသတ္ၾကိဳက္ ဒီဇိုင္းကို ေရြးႏုိင္ဖို႔ အခ်ိန္ အနည္းငယ္ ၾကာဦးမယ့္ သေဘာျဖစ္ပါတယ္။

Nike အၾကီးအကဲ Heidi Burgett က ” က်ေနာ္တို႔ စံပံုစံေတြ လုပ္ေဆာင္ေနပါတယ္။ ၂၀၂၀ ဂ်ာစီအတြက္ Nike ရဲ႕ ဒီဇိုင္နာေတြက ေရြးစရာ ၆၅ မ်ိဳးေလာက္ကို လုပ္ေဆာင္ေနပါတယ္။ လည္အဟိုက္တို႔၊ အက်ၤီလက္တို႔၊ တံဆိပ္တို႔၊ အက်ၤီပံုစံတို႔ စသျဖင့္ေပါ့ေလ။ လက္ေရးကေနစျပီး နံပါတ္ေတြထိေအာင္ လုပ္ေနျပီး အသင္းတိုင္းက သူတို႔ ပံုစံေလးေတြနဲ႔ ျဖစ္ေနပါလိမ့္မယ္ ” လို႔ သတင္းေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ အိမ္ကြင္းကို အနီေရာင္ အသားေပးျပီး အဓိက ဂ်ာစီအျဖစ္ အိမ္ကြင္းနဲ႔ အေဝးကြင္းႏွစ္ထည့္ကို ႏွစ္တုိင္း ထုတ္လုပ္ေနတာပါ။ ကလပ္အသင္း ပရိသတ္ေတြအတြက္ အေရးၾကီးဆံုးကေတာ့ ဂ်ာစီဒီဇိုင္းျဖစ္ျပီး ဒီလက္တြဲမႈကေန ဆန္းသစ္တဲ့ ဂ်ာစီေတြကို ဝတ္ဆင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယယ္။

ဥေရာပနဲ႔ အာရွမွာ က်ယ္ျပန္တဲ့ ေစ်းကြက္ ပိုင္ဆုိင္ထားတဲ့ Nike နဲ႔ လီဗာပူးၾကား လက္တြဲမႈမွာ ပရီးမီးယားလိဂ္မွာ တန္ေၾကး အျမင့္ဆံုး စာခ်ဳပ္တစ္ခု ျဖစ္သြားႏုိင္တယ္လို႔ သတင္းေတြ ထြက္ေပၚထားခဲ့တယ္။ ဒီလက္တြဲမႈဟာ လီဗာပူးရဲ႕ နာမည္ဂုဏ္သတင္း၊ စီးပြားေရးဆိုင္ရာ ဝင္ေငြနဲ႔ ဂ်ာစီျဖန္႔ေဝမႈေတြမွာ ယခင္ကထက္ ႏွစ္ဆေက်ာ္ တိုးတက္သြားမယ္လို႔ ခန္႔မွန္းထားရပါတယ္။