လီဗာပူးဟာ ချန်ပီယံလိဂ် ရံှူးထွက်အတွက် လူစာရင်းတင်မှုကို အပြောင်းအလဲ အနည်းငယ်နဲ့အတူ အတည်ပြုခဲ့ပြီလို့ မာဆေးဆိုဒ် အခြေစိုက်သတင်းက ဖော်ပြသွားပါတယ်။
ချန်ပီယံလိဂ် ရံှူးထွက် လူစာရင်းမှာတော့ ‘A’ စာရင်းဝင် ၂၅ ဦးစာရင်းမှာ ဇန်နဝါရီကမှ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား မီနာမီနို ပါဝင်လာတာကို တွေ့ရတယ်။ ဆဲလ်ဘတ်ကစားသမားဘဝ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ မီနာမီနိုဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းအပြောင်းအလဲအရ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်ဖူးပေမယ့် ရံှူးထွက်မှာ ပါဝင်ခွင့် ရလာတာဖြစ်ပါတယ်။
ကလပ်အသင်းတွေက ‘A’ စာရင်းအတွက် ကစားသမားသစ် သုံးဦးထိ အပြောင်းအလဲ လုပ်ခွင့်ရမှာလည်းဖြစ်တယ်။ မီနာမီနိုကတော့ လူငယ်ခံစစ်မှူး ဗန်ဒန်ဘယ်ရာနေရာ အစားဝင်လာတာဖြစ်ပါတယ်။ နွေတုန်းက ခေါ်ယူထားတဲ့ ဗန်ဒန်ဘယ်ရာဟာ ပထမရာသီဝက်ရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်ထားခဲ့သူပါ။
အနည်းဆုံး ဂိုးသမား ၂ ဦး၊ အကယ်ဒမီကနေ လေ့ကျင့်ပေးတဲ့ လူငယ် ၈ ဦးတို့ကို အနည်းဆုံး ထည့်သွင်းနိုင်မှပဲ ‘A’ စာရင်းအတွက် လူ ၂၅ ဦးတင်ခွင့်ရခြင်းဖြစ်ကာ မဟုတ်ရင်တော့ လူလျှော့ခံရမယ့် ပြစ်ဒဏ်မျိူး ရှိထားတာဖြစ်တယ်။ အကယ်ဒမီမှာ လေ့ကျင့်ပေးနေတဲ့ ကစားသမားဟာ အသက် ၁၅-၂၁ နှစ်ကြားဖြစ်ပြီး မိခင်ကလပ်မှာ အနည်းဆုံး သုံးနှစ်ကြာ လေ့ကျင့်ဖူးသူဖြစ်ရပါမယ်။
အဆိုပါ လူစာရင်းထဲမှာ ဟာဘီကိန်းနဲ့ ဘရူးစတားတို့လည်း ပါဝင်ပေမယ့် သူတို့က အငှားချခံထားရတာပါ။ စတားပြထားတဲ့ ကစားသမားတွေကတော့ ၁၉၉၈ ခုနှစ် ဇန်နဝါရီနောက်ပိုင်း မွေးဖွားသူတွေဖြစ်ပြီး မှတ်ပုံတင်ရမယ့် ၂၅ ဦးစာရင်းထဲ ပါစရာမလိုပဲ ရွေးချယ်ခံခွင့် ရသူတွေဖြစ်ပါတယ်။
Squad in full:
Goalkeepers: Alisson Becker, Adrian, Andy Lonergan, Caoimhin Kelleher*
Defenders: Virgil van Dijk, Dejan Lovren, Joe Gomez, Andy Robertson, Joel Matip, Adam Lewis*, Trent Alexander-Arnold*, Neco Williams*, Yasser Larouci*
Midfielders: Fabinho, Georginio Wijnaldum, James Milner, Naby Keita, Jordan Henderson, Alex Oxlade-Chamberlain, Adam Lallana, Xherdan Shaqiri, Curtis Jones*, Harvey Elliott
Forwards: Roberto Firmino, Sadio Mane, Mohamed Salah, Takumi Minamino, Divock Origi
ZAWGYI
လီဗာပူးဟာ ချန်ပီယံလိဂ် ရှူံးထွက်အတွက် လူစာရင်းတင်မှုကို အပြောင်းအလဲ အနည်းငယ်နဲ့အတူ အတည်ပြုခဲ့ပြီလို့ မာဆေးဆိုဒ် အခြေစိုက်သတင်းက ဖော်ပြသွားပါတယ်။
ချန်ပီယံလိဂ် ရှူံးထွက် လူစာရင်းမှာတော့ ‘A’ စာရင်းဝင် ၂၅ ဦးစာရင်းမှာ ဇန်နဝါရီကမှ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား မီနာမီနို ပါဝင်လာတာကို တွေ့ရတယ်။ ဆဲလ်ဘတ်ကစားသမားဘဝ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ မီနာမီနိုဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းအပြောင်းအလဲအရ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်ဖူးပေမယ့် ရှူံးထွက်မှာ ပါဝင်ခွင့် ရလာတာဖြစ်ပါတယ်။
Squad in full: