ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ မန်စီးတီးတို့က လွှမ်းမိုးထားပြီး အပြိုင်အဆိုင်ဖြစ်လာချိန်မှာပဲ အင်္ဂလန် အနောက်မြောက်ပိုင်းအတွက် ထူးခြားသတင်းတစ်ရပ်က ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

နှစ်တိုင်း ကျင်းပနေကြ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA)က ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပုံမှန်ကျင်းပနေကျ လန်ဒန်မြို့အစား ဒီနှစ်မှာတော့ မန်ချက်စတာမှာ ပြောင်းလဲကျင်းနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာအကြီးဆုံး တစ်ကိုယ်ရည် ထူးချွန်ဆုကို လန်ဒန်ပြင်ပမှာ ပထမဆုံး ကျင်းပမှာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုကို လီဗာပူး၊ မန်စီးတီး အသင်းသားတွေပဲ လွှမ်းမိုးဖို့ ရှိနေပြီး ဆုပေးမှုကိုတော့ ဧပရယ်လ ၂၆ ရက်နေ့ မန်ချက်စတာက ဗစ်တိုးရီးယား ဝါးဟောက်စ်မှာ ကျင်းပပြုလုပ်ဖွယ် ရှိပါတယ်။ မြို့တစ်မြို့တည်းမှာပဲ အဆိုပါ ဆုကို ပေးအပ်နေမှုအား အပြောင်းအလဲ ပြုလုပ်လိုတဲ့ သဘောထားလို့လည်း ကြားသိထားရတယ်။

ဒီနှစ်ရဲ့ PFA ဆုကိုတော့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းဖော်တွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်တို့အပြင် မန်စီးတီးမှ ဒီဘရိုင်းတို့ကို ကျော်လွန်ပြီး ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ တရားဝင် မဲပေးခွင့်ကိုတော့ မတ်လမှာ စတင်ပေးခွင့်ရမှာဖြစ်ပြီး ဧပရယ်လ တတိယအပတ်မှာ မဲပေးခွင့်ကို ရပ်နားမှာဖြစ်ပါတယ်။

ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေရှိတဲ့ လီဗာပူးနဲ့ မန်ချက်စတာ မြို့နှစ်မြို့ အခြေစိုက် ကလပ်တွေ ရေပန်းစားနေတဲ့ အဆိုပါဆုကို မန်ချက်စတာမြေမှာ လီဗာပူးအသင်းသားတစ်ဦးက ကိုင်မြောက်ခွင့်ရမယ်ဆိုရင် ဒါက မှတ်တမ်းသစ်တစ်ခု ဖြစ်လာဖို့ရှိပြီး မော်ဒန်ခေတ်မှာ လီဗာပူးရဲ့ လွှမ်းမိုးမှုကို မှတ်ကျောက်တင်မှုလည်း ဖြစ်လာပါလိမ့်မယ်။

ZAWGYI

ပရီးမီးယားလိဂ္ကို လီဗာပူးနဲ႔ မန္စီးတီးတို႔က လႊမ္းမုိးထားျပီး အျပိဳင္အဆိုင္ျဖစ္လာခ်ိန္မွာပဲ အဂၤလန္ အေနာက္ေျမာက္ပိုင္းအတြက္ ထူးျခားသတင္းတစ္ရပ္က ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

ႏွစ္တိုင္း က်င္းပေနၾက ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားမ်ား အဖြဲ႔အစည္း (PFA)က ေပးအပ္တဲ့ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကို ပံုမွန္က်င္းပေနက် လန္ဒန္ျမိဳ႕အစား ဒီႏွစ္မွာေတာ့ မန္ခ်က္စတာမွာ ေျပာင္းလဲက်င္းႏုိင္တယ္လို႔ သိရပါတယ္။ ဒါဟာ အဂၤလန္ရဲ႕ ဂုဏ္သိကၡာအၾကီးဆံုး တစ္ကိုယ္ရည္ ထူးခၽြန္ဆုကို လန္ဒန္ျပင္ပမွာ ပထမဆံုး က်င္းပမွာျဖစ္ပါတယ္။

ဒီႏွစ္ရဲ႕ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးဆုကို လီဗာပူး၊ မန္စီးတီး အသင္းသားေတြပဲ လႊမ္းမိုးဖို႔ ရွိေနျပီး ဆုေပးမႈကိုေတာ့ ဧပရယ္လ ၂၆ ရက္ေန႔ မန္ခ်က္စတာက ဗစ္တိုးရီးယား ဝါးေဟာက္စ္မွာ က်င္းပျပဳလုပ္ဖြယ္ ရွိပါတယ္။ ျမိဳ႕တစ္ျမိဳ႕တည္းမွာပဲ အဆိုပါ ဆုကို ေပးအပ္ေနမႈအား အေျပာင္းအလဲ ျပဳလုပ္လိုတဲ့ သေဘာထားလို႔လည္း ၾကားသိထားရတယ္။

ဒီႏွစ္ရဲ႕ PFA ဆုကိုေတာ့ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အသင္းေဖာ္ေတြျဖစ္တဲ့ မာေနး၊ ဗန္ဒိုက္တို႔အျပင္ မန္စီးတီးမွ ဒီဘရိုင္းတို႔ကို ေက်ာ္လြန္ျပီး ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။ တရားဝင္ မဲေပးခြင့္ကိုေတာ့ မတ္လမွာ စတင္ေပးခြင့္ရမွာျဖစ္ျပီး ဧပရယ္လ တတိယအပတ္မွာ မဲေပးခြင့္ကို ရပ္နားမွာျဖစ္ပါတယ္။

ခါးသီးတဲ့ ျပိဳင္ဆုိင္မႈေတြရွိတဲ့ လီဗာပူးနဲ႔ မန္ခ်က္စတာ ျမိဳ႕ႏွစ္ျမိဳ႕ အေျခစိုက္ ကလပ္ေတြ ေရပန္းစားေနတဲ့ အဆိုပါဆုကို မန္ခ်က္စတာေျမမွာ လီဗာပူးအသင္းသားတစ္ဦးက ကိုင္ေျမာက္ခြင့္ရမယ္ဆိုရင္ ဒါက မွတ္တမ္းသစ္တစ္ခု ျဖစ္လာဖို႔ရွိျပီး ေမာ္ဒန္ေခတ္မွာ လီဗာပူးရဲ႕ လႊမ္းမိုးမႈကို မွတ္ေက်ာက္တင္မႈလည္း ျဖစ္လာပါလိမ့္မယ္။