လီဗာပူးဟာ ပရီးမီးယားလိဂ် လက်ကျန် ၁၃ ပွဲပဲ ကစားရဖို့ ရှိနေပြီး ၆ ပွဲ အနိုင်ရရင်ကို အမှတ်ပေးဖလားကို အနိုင်ရမှာဖြစ်ပါတယ်။ သင်္ချာနည်းအရ ဘာမဆို ဖြစ်နိုင်သေးပေမယ့် အားလုံးသော သုံးသပ်သူတွေက အမှတ်ပေးဖလားက လီဗာပူးလက်ထဲမှာလို့ ယုံကြည်နေကြတယ်။

ဒီတစ်ကြိမ်မှာ ဒေးလီးမေးရဲ့ အားကစားသုံးသပ်သူ ဝေလ်းကစားသမားဟောင်းကြီး ရော်ဘီဆားဗေ့က လီဗာပူးရဲ့ ရာသီကုန်မှာ ရနိုင်မယ့် ရမှတ်ကို ခန့်မှန်းမှု လုပ်ခဲ့ပြီး သူ့ရဲ့ ခန့်မှန်းကိုတော့ လီဗာပူးပရိသတ်တွေ နှစ်ခြိုက်ကြပါလိမ့်မယ်။ ရော်ဘီ ဆားဗေ့က လီဗာပူးဟာ လက်ကျန် ၁၃ ပွဲကိုလည်း ၁၂ ပွဲထိ အနိုင်ရကာ တစ်ပွဲပဲ သရေကျမယ်လို့ ခန့်မှန်းလိုက်တာပါ။

အသက် ၄၅ နှစ်အရွယ် ဆားဗေ့က ” အမှတ်ပေးဖလားကို အနိုင်ရမယ့်အသင်းက ရမှတ် ၁၁၀ မှတ်ပါ။ အဲ့အသင်းကတော့ လီဗာပူးပါပဲ။ ဒုတိယနေရာမှာ မန်စီးတီး ရပ်တည်ပါလိမ့်မယ်၊ သူတို့က ၇၈ မှတ်ထိ ရနိုင်ပါတယ်။ လက်စတာက ရမှတ် ၇၄ မှတ်နဲ့ တတိယနေရာ၊ ချယ်ဆီးက ရမှတ် ၆၆ မှတ်နဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်လိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆားဗေ့က ဆက်လက်ပြီး ” အဆင့် ၅ မှာ စပါးက ရမှတ် ၆၃ မှတ်၊ အဆင့် ၆ မှာ ယူနိုက်တက်က ရမှတ် ၆၁ မှတ်၊ အဆင့် ၇ မှာ ဝုဗ်က ရမှတ် ၆၀ နဲ့ အဆင့် ၈ မှာ ရှက်ဖီးက ရမှတ် ၅၄ မှတ် ရမယ် ” လို့ ခန့်မှန်းခဲ့သေးတာဖြစ်တယ်။

ဒီရာသီမှာ ရံှူးပွဲမရှိသလို တစ်ပွဲတည်းပဲ သရေကျထားတဲ့ လီဗာပူးဟာ အမှတ်ပေးပွဲ ၂၅ ပွဲ ကစားပြီး ရမှတ် ၇၃ မှတ် ရရှိနေတာဖြစ်တယ်။ ဆားဗေ့ရဲ့ ခန့်မှန်းမှု မှန်ကန်မယ်ဆိုရင် အမှတ်ပေးဖလားကို လီဗာပူးက ရွှေဖလားနဲ့ အနိုင်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ပရီးမီးယားလိဂ္ လက္က်န္ ၁၃ ပြဲပဲ ကစားရဖို႔ ရွိေနျပီး ၆ ပြဲ အႏုိင္ရရင္ကို အမွတ္ေပးဖလားကို အႏုိင္ရမွာျဖစ္ပါတယ္။ သခၤ်ာနည္းအရ ဘာမဆို ျဖစ္ႏုိင္ေသးေပမယ့္ အားလံုးေသာ သံုးသပ္သူေတြက အမွတ္ေပးဖလားက လီဗာပူးလက္ထဲမွာလို႔ ယံုၾကည္ေနၾကတယ္။

ဒီတစ္ၾကိမ္မွာ ေဒးလီးေမးရဲ႕ အားကစားသံုးသပ္သူ ေဝလ္းကစားသမားေဟာင္းၾကီး ေရာ္ဘီဆားေဗ့က လီဗာပူးရဲ႕ ရာသီကုန္မွာ ရႏုိင္မယ့္ ရမွတ္ကို ခန္႔မွန္းမႈ လုပ္ခဲ့ျပီး သူ႔ရဲ႕ ခန္႔မွန္းကိုေတာ့ လီဗာပူးပရိသတ္ေတြ ႏွစ္ျခိဳက္ၾကပါလိမ့္မယ္။ ေရာ္ဘီ ဆားေဗ့က လီဗာပူးဟာ လက္က်န္ ၁၃ ပြဲကိုလည္း ၁၂ ပြဲထိ အႏုိင္ရကာ တစ္ပြဲပဲ သေရက်မယ္လို႔ ခန္႔မွန္းလိုက္တာပါ။

အသက္ ၄၅ ႏွစ္အရြယ္ ဆားေဗ့က ” အမွတ္ေပးဖလားကို အႏုိင္ရမယ့္အသင္းက ရမွတ္ ၁၁၀ မွတ္ပါ။ အဲ့အသင္းကေတာ့ လီဗာပူးပါပဲ။ ဒုတိယေနရာမွာ မန္စီးတီး ရပ္တည္ပါလိမ့္မယ္၊ သူတို႔က ၇၈ မွတ္ထိ ရႏုိင္ပါတယ္။ လက္စတာက ရမွတ္ ၇၄ မွတ္နဲ႔ တတိယေနရာ၊ ခ်ယ္ဆီးက ရမွတ္ ၆၆ မွတ္နဲ႔ စတုတၳေနရာေတြမွာ ရပ္တည္လိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဆားေဗ့က ဆက္လက္ျပီး ” အဆင့္ ၅ မွာ စပါးက ရမွတ္ ၆၃ မွတ္၊ အဆင့္ ၆ မွာ ယူႏုိက္တက္က ရမွတ္ ၆၁ မွတ္၊ အဆင့္ ၇ မွာ ဝုဗ္က ရမွတ္ ၆၀ နဲ႔ အဆင့္ ၈ မွာ ရွက္ဖီးက ရမွတ္ ၅၄ မွတ္ ရမယ္ ” လို႔ ခန္႔မွန္းခဲ့ေသးတာျဖစ္တယ္။

ဒီရာသီမွာ ရံွဴးပြဲမရွိသလို တစ္ပြဲတည္းပဲ သေရက်ထားတဲ့ လီဗာပူးဟာ အမွတ္ေပးပြဲ ၂၅ ပြဲ ကစားျပီး ရမွတ္ ၇၃ မွတ္ ရရွိေနတာျဖစ္တယ္။ ဆားေဗ့ရဲ႕ ခန္႔မွန္းမႈ မွန္ကန္မယ္ဆိုရင္ အမွတ္ေပးဖလားကို လီဗာပူးက ေရႊဖလားနဲ႔ အႏုိင္ရမွာပဲ ျဖစ္ပါတယ္။