ဂျရတ် လမ်းပတ် စခိုးလ် ဆိုတာ ဘယ်သူပိုကောင်းသလဲ ဘယ်တော့မှ မပြီးဆုံးတဲ့ အငြင်းအခုံ တစ်ခု ဖြစ်ပါတယ်။ ဒီတကြိမ်မှာ ထပ်မံ နှိုင်းယှဉ်လိုက်သူကတော့ မိုက်ကယ်အိုဝင် ပါ။ အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ လီဗာပူးကနေ တောက်ပခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထိ သွား ကစားဖူးသူ ဖြစ်ပါတယ်။

အိုဝင်က ကလပ်အသင်းမှာ ဂျရတ်နဲ့ ကစားဖူးသလို နိုင်ငံအသင်းမှာလည်း စခိုးလ်၊ လမ်းပတ်တို့နဲ့ အတူ ကစားဖူးသူပါ။ ဒါကြောင့် သူ့ အမြင်က သိပ်ကြီး ဘက်လိုက်မယ်လို့ မယူဆရပါဘူး။ မိုက်ကယ်အိုဝင်က နာမည်ကျော် ကွင်းလယ်ဟောင်း သုံးဦးထဲမှာ ဂျရတ်က တခြားသူတွေထက် မတူညီတဲ့ အဆင့် တစ်ခုမှာ ရှိသူလို့ ပြောဆိုခဲ့ပါတယ်။

” စခိုးလ်ကို ထရိန်နင်မှာ ကြည့်ဖူးတဲ့သူ ဆိုရင် လျှာထွက်ပြီး မောသွားမယ်။ သူက ဟိုဟိုဒီ ပြေးတယ် နောက်ပြန်လှည့်တယ် တဖက်မှာ ခေါင်းကိုလှည့်တယ် စသဖြင့် အစုံပါပဲ။ ဘောလုံးတစ်လုံးကို ပိုက်ဆံ အကြွေစေ့ပေါ်တောင် ကွက်တိ သူက ချပြနိုင်တယ် လုံး၀ ပါရမီရှင်ပါ။

ဒါပေမယ့် ဒါတွေက ကိုယ် ကစားရမယ့် ကွင်းကြီး အနေအထားအလိုက် လိုအပ်တဲ့ ခွန်အားတွေ ပြေးအားတွေ တခြားအရည်အချင်းတွေကို အပြင်းအထန် လေ့ကျင့် ယူနိင်ပါတယ်။ ဒါပေမယ့် တကယ်လို့သာ တစ်ယောက်ချင်း ယှဉ်ကစားရမယ်ဆိုရင် စတိဗ်က ပြိုင်ဘက်တွေ အားလုံးကို ကျော်သွားလိမ့်မယ်။

စခိုးလ်က အရည်အချင်း ပေါင်းစုံနဲ့ လုံး၀ ထူးချွန်သူပါ။ ပွဲတစ်ပွဲထဲ ကွင်းလယ်ကနေ မယုံကြည်နိုင်လောက်အောင် မောင်းနှင်နိုင်သူ ဖြစ်တယ်။ ဖရန့်လမ်းပတ်ကတော့ ဂိုးသွင်းစွမ်းရည်ကို သွား မေးခွန်း မထုတ်နဲ့။ သူ ရနိုင်တဲ့ထဲက တစ်အောင်စလောက်တောင် အဖိတ်အစင် မခံတတ်သူပါ။

ဒီလို ထူးချွန်ကြသူတွေ ဖြစ်ပေမယ့် ကျနော့် အတွက်တော့ အတူ ကစားဖူးတဲ့ထဲမှာ စတိဗ် (ဂျရတ်)က လုံး၀ ခြားနားတဲ့ အဆင့် တစ်ခုမှာ ရှိနေတယ်။ ကျနော် ဘက်လိုက်ပြီး ပြောနေတာ မဟုတ်ဘူး။ ကျနော်က ယူနိုက်တက် ကစားသမားကောင်းတွေရော၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်အသင်းက ကစားသမားတွေနဲ့ရောပါ တွဲဖက် ကစားဖူးပါတယ်။

ဒါပေမယ့် ကျနော်က ဒီလိုပဲ ခံစားမိတယ်။ တကယ်လို့ အချိန်တွေက နောက်ပြန်လှည့်သွားတယ် ဆိုပါစို့။ မနက်ဖြန် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားကြမယ်ဆိုရင် အတူတွဲကစားဖို့ ဘယ်သူ့ကို အရင်ဆုံး ရွေးမလဲ။ ကျနော်ကတော့ ဂျရတ်ကို အရင်ဆုံး ရွေးမှာ။ ” လို့ အိုဝင်က ပြောကြားလိုက်ပါတယ်။

Zawgyi – ဂ်ရတ္ လမ္းပတ္ စခိုးလ္ ဆိုတာ ဘယ္သူပိုေကာင္းသလဲ ဘယ္ေတာ့မွ မျပီးဆံုးတဲ့ အျငင္းအခံု တစ္ခု ျဖစ္ပါတယ္။ ဒီတၾကိမ္မွာ ထပ္မံ နိႈင္းယွဥ္လိုက္သူကေတာ့ မိုက္ကယ္အို၀င္ ပါ။ အဂၤလန္ လက္ေရြးစင္ေဟာင္းဟာ လီဗာပူးကေန ေတာက္ပခဲ့ျပီး ရီးရဲလ္မက္ဒရစ္ထိ သြား ကစားဖူးသူ ျဖစ္ပါတယ္။

အို၀င္က ကလပ္အသင္းမွာ ဂ်ရတ္နဲ႕ ကစားဖူးသလို နိုင္ငံအသင္းမွာလည္း စခိုးလ္၊ လမ္းပတ္တို႔နဲ႕ အတူ ကစားဖူးသူပါ။ ဒါေၾကာင့္ သူ႔ အျမင္က သိပ္ၾကီး ဘက္လိုက္မယ္လို႔ မယူဆရပါဘူး။ မိုက္ကယ္အို၀င္က နာမည္ေက်ာ္ ကြင္းလယ္ေဟာင္း သံုးဦးထဲမွာ ဂ်ရတ္က တျခားသူေတြထက္ မတူညီတဲ့ အဆင့္ တစ္ခုမွာ ရွိသူလို႔ ေျပာဆိုခဲ့ပါတယ္။

” စခိုးလ္ကို ထရိန္နင္မွာ ၾကည့္ဖူးတဲ့သူ ဆိုရင္ လွ်ာထြက္ျပီး ေမာသြားမယ္။ သူက ဟိုဟိုဒီ ေျပးတယ္ ေနာက္ျပန္လွည့္တယ္ တဖက္မွာ ေခါင္းကိုလွည့္တယ္ စသျဖင့္ အစံုပါပဲ။ ေဘာလံုးတစ္လံုးကို ပိုက္ဆံ အေၾကြေစ့ေပၚေတာင္ ကြက္တိ သူက ခ်ျပနိုင္တယ္ လံုး၀ ပါရမီရွင္ပါ။

ဒါေပမယ့္ ဒါေတြက ကုိယ္ ကစားရမယ့္ ကြင္းၾကီး အေနအထားအလိုက္ လိုအပ္တဲ့ ခြန္အားေတြ ေျပးအားေတြ တျခားအရည္အခ်င္းေတြကို အျပင္းအထန္ ေလ့က်င့္ ယူနိင္ပါတယ္။ ဒါေပမယ့္ တကယ္လို႔သာ တစ္ေယာက္ခ်င္း ယွဥ္ကစားရမယ္ဆိုရင္ စတိဗ္က ျပိဳင္ဘက္ေတြ အားလံုးကို ေက်ာ္သြားလိမ့္မယ္။

စခိုးလ္က အရည္အခ်င္း ေပါင္းစံုနဲ႕ လံုး၀ ထူးခၽြန္သူပါ။ ပြဲတစ္ပြဲထဲ ကြင္းလယ္ကေန မယံုၾကည္နုိင္ေလာက္ေအာင္ ေမာင္းနွင္နုိင္သူ ျဖစ္တယ္။ ဖရန္႔လမ္းပတ္ကေတာ့ ဂိုးသြင္းစြမ္းရည္ကို သြား ေမးခြန္း မထုတ္နဲ႕။ သူ ရနိုင္တဲ့ထဲက တစ္ေအာင္စေလာက္ေတာင္ အဖိတ္အစင္ မခံတတ္သူပါ။

ဒီလို ထူးခၽြန္ၾကသူေတြ ျဖစ္ေပမယ့္ က်ေနာ့္ အတြက္ေတာ့ အတူ ကစားဖူးတဲ့ထဲမွာ စတိဗ္ (ဂ်ရတ္)က လံုး၀ ျခားနားတဲ့ အဆင့္ တစ္ခုမွာ ရွိေနတယ္။ က်ေနာ္ ဘက္လိုက္ျပီး ေျပာေနတာ မဟုတ္ဘူး။ က်ေနာ္က ယူနိုက္တက္ ကစားသမားေကာင္းေတြေရာ၊ လီဗာပူး၊ ရီးရဲလ္မက္ဒရစ္နဲ႕ အဂၤလန္အသင္းက ကစားသမားေတြနဲ႕ေရာပါ တြဲဖက္ ကစားဖူးပါတယ္။

ဒါေပမယ့္ က်ေနာ္က ဒီလိုပဲ ခံစားမိတယ္။ တကယ္လို႔ အခ်ိန္ေတြက ေနာက္ျပန္လွည့္သြားတယ္ ဆိုပါစို႔။ မနက္ျဖန္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကစားၾကမယ္ဆိုရင္ အတူတြဲကစားဖို႔ ဘယ္သူ႔ကို အရင္ဆံုး ေရြးမလဲ။ က်ေနာ္ကေတာ့ ဂ်ရတ္ကို အရင္ဆံုး ေရြးမွာ။ ” လို႔ အို၀င္က ေျပာၾကားလိုက္ပါတယ္။