လီဗာပူး ညာအစွန်လူဟောင်း ကလင်းဂျွန်ဆင်က လူးကပ်လေဗာဟာ သူ့နဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေကို လီဗာပူးပရိသတ်တွေထံက မရဘူးလို့ ပြောဆိုလိုက်ပါတယ်။ လူးကပ်ဟာ လီဗာပူးသမိုင်းမှာ ပွဲထွက်အများဆုံး ဘရာဇီးသား ကစားသမားအဖြစ် ကစားခဲ့ပြီး လာဇီယိုကို ပြောင်းရွှေ့သွားခဲ့တာပါ။

လီဗာပူးခံစစ်မှူး ဗန်ဒန်ဘယ်ရာကို ခေါ်ယူဖို့ ဘိုင်ယန်ကလည်း နွေတုန်းက ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။ နယ်သာလန်သား ဆယ်ကျော်သက်လေးက ကလော့ပ်ရဲ့ လီဗာပူးမှာ အခွင့်အရေး ပိုရမယ်လို့ ယုံကြည်ခြင်းကြောင့် ငြင်းဆန်ပြီး အင်္ဂလန်ကိုပဲ အရောက်လာခဲ့ပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး မက်မန်နာမန်းက ဘိုင်ယန်ကို အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ကော်တင်ညိုကို ပြန်ခေါ်ဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။ ဘာစီလိုနာဘက်က ကော်တင်ညိုအတွက် ဈေးချပေးမယ်လို့ သတင်းထွက်နေပေမယ့် လီဗာပူးဘက်ကတော့ ခေါ်ယူဖို့ ဆန္ဒမရှိဖြစ်နေတာပါ။

ထရန့်နဲ့ ဂျုံးတို့ရဲ့ နေရာရလာမှုက လီဗာပူးဒေသခံ ကစားသမားတွေကို ယုံကြည်မှုတွေ မြင့်တက်လာစေကြောင်း သိရပါတယ်။ အိုဝင်၊ စတီဗင်ဂျရတ်၊ ကာရေဂါတို့ တစ်ပြိုင်နက် ပေါ်ထွက်လာတဲ့နောက်ပိုင်း ဒေသခံကစားသမား ပါဝင်ရမှုတွေ နည်းပါးနေခဲ့တာဖြစ်ပါတယ်။

ဂျပန်လူမျိုး လီဗာပူးအားပေးသူအဖွဲ့တစ်ဖွဲ့က လီဗာပူးက Foodbanks နဲ့ ဒေသခံ ဖောင်ဒေးရှင်းတွေအတွက် လှူဒါန်းမှုတွေ ပုံမှန် ပြုလုပ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပရော်ဖက်ရှင်နယ် ပီသစွာ ဦးဆောင်ပေးနေတဲ့ မီလ်နာဟာ ယာဂင်ကလော့ပ်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်လာသင့်တယ်လို့ ထောက်ခံပြောဆိုမှုတွေ ရှိနေပါတယ်။

ပီအက်ဂျီကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ်ဘက်က ခေါ်ယူဖို့ ကြိုးစားမှုတွေ စတင်နေပြီလို့ စပိန်သတင်းတွေက ဖော်ပြသွားပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက နွေအပြောင်းအရွှေ့ နောက်ဆုံးရက်ကို စက်တင်ဘာလ ၁ ရက်နေ့အထိ ပြန်ထားဖို့ မဲပေးခဲ့ကြပြီး ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါပြီ။

ZAWGYI

လီဗာပူး ညာအစြန္လူေဟာင္း ကလင္းဂၽြန္ဆင္က လူးကပ္ေလဗာဟာ သူ႔နဲ႔ ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈေတြကို လီဗာပူးပရိသတ္ေတြထံက မရဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ လူးကပ္ဟာ လီဗာပူးသမုိင္းမွာ ပြဲထြက္အမ်ားဆံုး ဘရာဇီးသား ကစားသမားအျဖစ္ ကစားခဲ့ျပီး လာဇီယိုကို ေျပာင္းေရႊ႔သြားခဲ့တာပါ။

လီဗာပူးခံစစ္မွဴး ဗန္ဒန္ဘယ္ရာကို ေခၚယူဖို႔ ဘိုင္ယန္ကလည္း ေႏြတုန္းက ၾကိဳးစားခဲ့ေသးတာျဖစ္ပါတယ္။ နယ္သာလန္သား ဆယ္ေက်ာ္သက္ေလးက ကေလာ့ပ္ရဲ႕ လီဗာပူးမွာ အခြင့္အေရး ပိုရမယ္လို႔ ယံုၾကည္ျခင္းေၾကာင့္ ျငင္းဆန္ျပီး အဂၤလန္ကိုပဲ အေရာက္လာခဲ့ပါတယ္။

လီဗာပူးကစားသမားေဟာင္းၾကီး မက္မန္နာမန္းက ဘိုင္ယန္ကို အငွားထြက္ကစားေနတဲ့ ကြင္းလယ္လူ ေကာ္တင္ညိဳကို ျပန္ေခၚဖို႔ အသင္းေဟာင္းကို တိုက္တြန္းလိုက္ပါတယ္။ ဘာစီလိုနာဘက္က ေကာ္တင္ညိဳအတြက္ ေစ်းခ်ေပးမယ္လို႔ သတင္းထြက္ေနေပမယ့္ လီဗာပူးဘက္ကေတာ့ ေခၚယူဖို႔ ဆႏၵမရွိျဖစ္ေနတာပါ။

ထရန္႔နဲ႔ ဂ်ံဳးတို႔ရဲ႕ ေနရာရလာမႈက လီဗာပူးေဒသခံ ကစားသမားေတြကို ယံုၾကည္မႈေတြ ျမင့္တက္လာေစေၾကာင္း သိရပါတယ္။ အိုဝင္၊ စတီဗင္ဂ်ရတ္၊ ကာေရဂါတို႔ တစ္ျပိဳင္နက္ ေပၚထြက္လာတဲ့ေနာက္ပိုင္း ေဒသခံကစားသမား ပါဝင္ရမႈေတြ နည္းပါးေနခဲ့တာျဖစ္ပါတယ္။

ဂ်ပန္လူမ်ိဳး လီဗာပူးအားေပးသူအဖြဲ႔တစ္ဖြဲ႔က လီဗာပူးက Foodbanks နဲ႔ ေဒသခံ ေဖာင္ေဒးရွင္းေတြအတြက္ လွဴဒါန္းမႈေတြ ပံုမွန္ ျပဳလုပ္ေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ပေရာ္ဖက္ရွင္နယ္ ပီသစြာ ဦးေဆာင္ေပးေနတဲ့ မီလ္နာဟာ ယာဂင္ကေလာ့ပ္ရဲ႕ နည္းျပအဖြဲ႔ဝင္တစ္ဦးအျဖစ္ ဝင္ေရာက္လာသင့္တယ္လို႔ ေထာက္ခံေျပာဆိုမႈေတြ ရွိေနပါတယ္။

ပီအက္ဂ်ီကေန ထြက္ခြာမယ္လို႔ သတင္းၾကီးေနတဲ့ အမ္ဘာေပးကို ရီးရဲလ္မက္ဒရစ္ဘက္က ေခၚယူဖို႔ ၾကိဳးစားမႈေတြ စတင္ေနျပီလို႔ စပိန္သတင္းေတြက ေဖာ္ျပသြားပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြက ေႏြအေျပာင္းအေရႊ႔ ေနာက္ဆုံးရက္ကို စက္တင္ဘာလ ၁ ရက္ေန႔အထိ ျပန္ထားဖို႔ မဲေပးခဲ့ၾကျပီး ပရီးမီးယားလိဂ္တာဝန္ရွိသူေတြကို ေတာင္းဆိုလိုက္ပါျပီ။