LFC Foundation အတွက် ရည်ရွယ်ပြီး မတ်လအတွင်း အန်ဖီးကွင်းမှာတော့ ဘာစီလိုနာ ဂန္တဝင်အသင်းနဲ့ လီဗာပူးဂန္တဝင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲမှာတော့ လီဗာပူးဘက်က ကာရေဂါ၊ ဟစ်ပီယာ၊ အဂ္ဂါ၊ အော်ရယ်လီယို၊ ကလင်းဂျွန်ဆင်၊ အန်းနရစ်၊ မက်အတီယာ၊ ဖီးဘပ်၊ Tore Kvarme တို့လို ခံစစ်သမားတွေက ဒူးဒက်၊ ဆန်ဒါ တို့နဲ့အတူ ခံစစ်ပိုင်းကို တာဝန်ယူမှာဖြစ်ပြိး ကလပ်အသင်း လေ့ကျင့်ရေးဂျာစီ ပါတနာဖြစ်တဲ့ AXA ကို ဝတ်ဆင်သွားမှာပါ။

ဆာကင်နီနဲ့ အီရန်ရှပ်တို့လို အဓိပတိတွေက မန်နေဂျာတွေအဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒီပွဲမှာ LFC Foundation ရန်ပုံငွေရဖို့ဖြစ်ပြီး ဘာစီလိုနာဘက်ကိုလည်း ညီမျှတဲ့ ခွဲဝေပေးမှုကို ပြုလုပ်သွားမှာဖြစ်ကာ မတ်လ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လီဗာပူးအတွက် ကစားပေးမယ့် သူတွေထဲမှာတော့ ဖာနန်ဒိုတောရက်စ်နဲ့ လူးဝစ် ဂါစီယာတို့လို ကစားသမားတွေအပြင် အတ်ဂါ ဒေးဗစ်၊ ပက်ထရစ် ကလူးဗတ်၊ ဂျူလီယာနို ဘယ်လတ်တီ၊ ဂျေဗီယာ ဆာဗယ်ရိုလာ တို့ကလည်း ဘာစီလိုနာဘက်ကနေ ပါဝင်သွားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂန္တဝင်ကြီးတွေနဲ့အတူ နှစ်တိုင်းမှာ ရန်ပုံငွေရှာဖွေဖို့ ပွဲတစ်ပွဲ ကစားလေ့ရှိကာ ဒီတစ်ကြိမ်မှာတော့ မန်နေဂျာတွေအဖြစ် လုပ်ကိုင်နေတဲ့ စတီဗင်ဂျရတ်၊ ရော်ဘီဖောင်လာတို့ ပါဝင်ဖို့ မသေချာတာဖြစ်တယ်။ ဒီပွဲတွေကိုတော့ လီဗာပူးတီဗီကနေ တိုက်ရိုက် ထုတ်လွှင့်ပေးလေ့ရှိတာဖြစ်ပါတယ်။

တချိန်က ကျော်ကြားလှတဲ့ အနီရောင် ကစားသမားဟောင်းကြီးတွေကို တစုတဝေးတည်း မြင်တွေ့ရတဲ့ ပွဲတွေဖြစ်လို့ အင်္ဂလန်ပြင်ပ ပရိသတ်တွေ အွန်လိုင်းကနေ ကြည့်ရှုအားပေးနှုန်း မြင့်မားတဲ့ ပွဲစဉ်ဖြစ်ပြီး မနှစ်က အေစီမီလန် ဂန္တဝင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကာ ဒီနှစ်မှာတော့ ဘာစီလိုနာ ဂန္တဝင်အသင်းနဲ့ ယှဉ်ပြိုင်ကစားတာဖြစ်ပါတယ်။

ZAWGYI

LFC Foundation အတြက္ ရည္ရြယ္ျပီး မတ္လအတြင္း အန္ဖီးကြင္းမွာေတာ့ ဘာစီလိုနာ ဂႏၱဝင္အသင္းနဲ႔ လီဗာပူးဂႏၱဝင္အသင္းတို႔ ယွဥ္ျပိဳင္ကစားသြားၾကမွာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲမွာေတာ့ လီဗာပူးဘက္က ကာေရဂါ၊ ဟစ္ပီယာ၊ အဂၢါ၊ ေအာ္ရယ္လီယို၊ ကလင္းဂၽြန္ဆင္၊ အန္းနရစ္၊ မက္အတီယာ၊ ဖီးဘပ္၊ Tore Kvarme တို႔လို ခံစစ္သမားေတြက ဒူးဒက္၊ ဆန္ဒါ တို႔နဲ႔အတူ ခံစစ္ပိုင္းကို တာဝန္ယူမွာျဖစ္ျပိး ကလပ္အသင္း ေလ့က်င့္ေရးဂ်ာစီ ပါတနာျဖစ္တဲ့ AXA ကို ဝတ္ဆင္သြားမွာပါ။

ဆာကင္နီနဲ႔ အီရန္ရွပ္တို႔လို အဓိပတိေတြက မန္ေနဂ်ာေတြအျဖစ္ တာဝန္ယူမွာျဖစ္ျပီး ဒီပြဲမွာ LFC Foundation ရန္ပံုေငြရဖို႔ျဖစ္ျပီး ဘာစီလိုနာဘက္ကိုလည္း ညီမွ်တဲ့ ခြဲေဝေပးမႈကို ျပဳလုပ္သြားမွာျဖစ္ကာ မတ္လ ၂၈ ရက္ေန႔မွာ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။

လီဗာပူးအတြက္ ကစားေပးမယ့္ သူေတြထဲမွာေတာ့ ဖာနန္ဒိုေတာရက္စ္နဲ႔ လူးဝစ္ ဂါစီယာတို႔လို ကစားသမားေတြအျပင္ အတ္ဂါ ေဒးဗစ္၊ ပက္ထရစ္ ကလူးဗတ္၊ ဂ်ဴလီယာႏို ဘယ္လတ္တီ၊ ေဂ်ဗီယာ ဆာဗယ္ရိုလာ တို႔ကလည္း ဘာစီလိုနာဘက္ကေန ပါဝင္သြားမွာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဂႏၱဝင္ၾကီးေတြနဲ႔အတူ ႏွစ္တိုင္းမွာ ရန္ပံုေငြရွာေဖြဖို႔ ပြဲတစ္ပြဲ ကစားေလ့ရွိကာ ဒီတစ္ၾကိမ္မွာေတာ့ မန္ေနဂ်ာေတြအျဖစ္ လုပ္ကိုင္ေနတဲ့ စတီဗင္ဂ်ရတ္၊ ေရာ္ဘီေဖာင္လာတို႔ ပါဝင္ဖို႔ မေသခ်ာတာျဖစ္တယ္။ ဒီပြဲေတြကိုေတာ့ လီဗာပူးတီဗီကေန တိုက္ရိုက္ ထုတ္လႊင့္ေပးေလ့ရွိတာျဖစ္ပါတယ္။

တခ်ိန္က ေက်ာ္ၾကားလွတဲ့ အနီေရာင္ ကစားသမားေဟာင္းၾကီးေတြကို တစုတေဝးတည္း ျမင္ေတြ႔ရတဲ့ ပြဲေတြျဖစ္လို႔ အဂၤလန္ျပင္ပ ပရိသတ္ေတြ အြန္လိုင္းကေန ၾကည့္ရႈအားေပးႏႈန္း ျမင့္မားတဲ့ ပြဲစဥ္ျဖစ္ျပီး မႏွစ္က ေအစီမီလန္ ဂႏၱဝင္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့ကာ ဒီႏွစ္မွာေတာ့ ဘာစီလိုနာ ဂႏၱဝင္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားတာျဖစ္ပါတယ္။