ချယ်ဆီးအိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမယ့် အက်ဖ်အေ ပဉ္စမအဆင့်အတွက် အတည်ပြုရက်စွဲက မတ်လ ၃ ရက်နေ့ (မြန်မာစံတော်ချိန် ၄ ရက်နေ့ မနက် ၂း၁၅) မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ ဝတ်ဖိုဒ့်နဲ့ အဝေးကွင်း၊ ဘုန်းမောက်ကို အိမ်ကွင်းတွေမှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲ နှစ်ပွဲကြားထဲကို ဝင်ရောက်လာမှာဖြစ်တယ်။ မတ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် အသလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလား တတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေကို လူငယ်တွေ အဓိကထားပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် ပဉ္စမအဆင့်ကိုတော့ စီနီယာအသင်းသားတွေ ထုတ်သုံးမယ်လို့ လီဗာပူးဘက်က ယူ-၂၃ မန်နေဂျာ နေးခရစ်ချ်လေကပဲ သတင်းပေးမှု လုပ်ထားသေးတာဖြစ်တယ်။ ဒီပွဲဟာ မတ်လအတွင်း ပွဲကြပ်တွေ ဆက်တိုက်ယှဉ်ပြိုင်ရစေဖို့ ဖြစ်လာစေတော့မှာပါ။

လီဗာပူးဟာ အမှတ်ပေးပွဲ လက်ကျန် ၁၃ ပွဲမှာ ၆ ပွဲနိုင်ရင်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တာမို့ ဒီပွဲကြပ်တွေမှာ စီနီယာတွေကို လူစုံမထုတ်တာမျိုး လုပ်ဖို့တော့ အခွင့်အရေး ရှိထားပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် နောက်ပိုင်းလတွေမှာ အသင်းကောင်းတွေနဲ့ ထိပ်တိုက်တွေ့ရမယ့် ပွဲတွေ ရှိနေသေးတာပါ။

ဖေဖော်ဝါရီနဲ့ မတ်လအတွင်း လီဗာပူး ပြိုင်ဘက်တွေထဲမှာ မြို့ခံပြိုင်ဘက် အဲဗာတန်ကလွဲလို့ ကျန်အသင်းတွေက တန်းဆင်းဇုန် ရုန်းကန်နေရတဲ့ အသင်းတွေဖြစ်ပါတယ်။ နောက်ပိုင်း ယှဉ်ပြိုင်ရမယ့် အသင်းတွေထဲမှာ အသင်းကြီးတွေ ပါနေတာဖြစ်လို့ ချန်ပီယံလိဂ်ကို အာရုံစိုက်လိုရင် အမှတ်ပေးလိဂ်ကို ခပ်စောစော ဖြတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Chelsea (A) – FA Cup – March 4
Bournemouth (H) – Premier League – March 7
Atletico Madrid (H) – Champions League – March 11
Everton (A) – Premier League – March 16
Crystal Palace (H) – Premier League – March 21

ZAWGYI

ခ်ယ္ဆီးအိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမယ့္ အက္ဖ္ေအ ပဥၥမအဆင့္အတြက္ အတည္ျပဳရက္စြဲက မတ္လ ၃ ရက္ေန႔ (ျမန္မာစံေတာ္ခ်ိန္ ၄ ရက္ေန႔ မနက္ ၂း၁၅) မွာ ယွဥ္ျပိဳင္မွာျဖစ္ပါတယ္။

ဒီပြဲစဥ္ဟာ ဝတ္ဖိုဒ့္နဲ႔ အေဝးကြင္း၊ ဘုန္းေမာက္ကို အိမ္ကြင္းေတြမွာ ယွဥ္ျပိဳင္ရမယ့္ အမွတ္ေပးပြဲ ႏွစ္ပြဲၾကားထဲကို ဝင္ေရာက္လာမွာျဖစ္တယ္။ မတ္အတြင္း ယွဥ္ျပိဳင္ကစားရမယ့္ အသလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ မတိုင္ခင္ တစ္ပတ္အလိုမွာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

အက္ဖ္ေအဖလား တတိယအဆင့္နဲ႔ စတုတၳအဆင့္ေတြကို လူငယ္ေတြ အဓိကထားျပီး ယွဥ္ျပိဳင္ခဲ့ေပမယ့္ ပဥၥမအဆင့္ကိုေတာ့ စီနီယာအသင္းသားေတြ ထုတ္သံုးမယ္လို႔ လီဗာပူးဘက္က ယူ-၂၃ မန္ေနဂ်ာ ေနးခရစ္ခ်္ေလကပဲ သတင္းေပးမႈ လုပ္ထားေသးတာျဖစ္တယ္။ ဒီပြဲဟာ မတ္လအတြင္း ပြဲၾကပ္ေတြ ဆက္တိုက္ယွဥ္ျပိဳင္ရေစဖို႔ ျဖစ္လာေစေတာ့မွာပါ။

လီဗာပူးဟာ အမွတ္ေပးပြဲ လက္က်န္ ၁၃ ပြဲမွာ ၆ ပြဲႏုိင္ရင္ကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏုိင္တာမို႔ ဒီပြဲၾကပ္ေတြမွာ စီနီယာေတြကို လူစံုမထုတ္တာမ်ိဳး လုပ္ဖို႔ေတာ့ အခြင့္အေရး ရွိထားပါတယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ကို တက္လွမ္းႏုိင္ခဲ့ရင္ ေနာက္ပိုင္းလေတြမွာ အသင္းေကာင္းေတြနဲ႔ ထိပ္တုိက္ေတြ႔ရမယ့္ ပြဲေတြ ရွိေနေသးတာပါ။

ေဖေဖာ္ဝါရီနဲ႔ မတ္လအတြင္း လီဗာပူး ျပိဳင္ဘက္ေတြထဲမွာ ျမိဳ႕ခံျပိဳင္ဘက္ အဲဗာတန္ကလြဲလို႔ က်န္အသင္းေတြက တန္းဆင္းဇုန္ ရုန္းကန္ေနရတဲ့ အသင္းေတြျဖစ္ပါတယ္။ ေနာက္ပိုင္း ယွဥ္ျပိဳင္ရမယ့္ အသင္းေတြထဲမွာ အသင္းၾကီးေတြ ပါေနတာျဖစ္လို႔ ခ်န္ပီယံလိဂ္ကို အာရံုစိုက္လိုရင္ အမွတ္ေပးလိဂ္ကို ခပ္ေစာေစာ ျဖတ္ထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

Chelsea (A) – FA Cup – March 4
Bournemouth (H) – Premier League – March 7
Atletico Madrid (H) – Champions League – March 11
Everton (A) – Premier League – March 16
Crystal Palace (H) – Premier League – March 21