ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံးထိချက် အများဆုံး ထိပ်ဆုံးစာရင်းမှာတော့ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ထရန့်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ကပဲ အစဉ်လိုက် ရပ်တည်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်နိုင်မယ်ဆိုရင် လီဗာပူးစီနီယာအသင်းဟာ ဆုကြေး ပေါင် ၄ သန်းကို အချိုးကျ ခွဲဝေရရှိမှာပါ။ မနှစ်တုန်းက ချန်ပီယံလိဂ် အောင်မြင်စဉ်က ပေါင် ၇ သန်းကိုလည်း ခွဲဝေရခဲ့ကြတာဖြစ်ပါတယ်။

တိုက်စစ်မှူးဆာလက်ဟာ အားလပ်ရက်ကနေ မဲဝုဒ်ကို ပြန်ရောက်လာခဲ့ပါပြီ။ မန်နေဂျာယာဂင်ကလော့ပ်က သူ့အသင်းသားတွေကို ယုံကြည်စွာနဲ့ နားရက်တွေ ပိုပေးထားပေမယ့် ဆာလက်ကတော့ ပုံစံကောင်းတွေကို ဆက်လက် ထိန်းသိမ်းဖို့ မဲဝုဒ်ကိုပဲ ပြန်လာခဲ့တာပါ။

ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူဖို့ လက်စတာ၊ စပါး၊ ဝက်ဟမ်း၊ အာဆင်နယ်တို့က ကြိုးစားနေပြီး လက်စတာက ခေါ်ယူနိုင်ဖို့ အားသာချက်ရှိနေတယ်လို့ သိရပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်က ရာသီဝက် အနားကာလမှာ မဲဝုဒ်ကို ပြန်မလာသေးပဲ ဘရာဇီးမှာပဲ အကိုဖြစ်သူနဲ့တကွ ဖလူမီနက် အသင်းမှာပဲ လေ့ကျင့်ရေး ဆင်းမယ်လို့ သိရပါတယ်။

လီဗာပူး ညာအစွန်လူ နီကိုးဝီလီယမ်ကို လက်ရွေးစင်အဆင့် ခေါ်ယူဖို့ အင်္ဂလန်နဲ့ ဝေးလ် လက်ရွေးစင်နှစ်သင်း အပြိုင် ကြိုးစားလိမ့်မယ်လို့ သိရပါတယ်။ သူဟာ သက်တမ်းအလိုက်မှာတော့ ဝေလ်းအသင်းကို ကိုယ်စားပြုထားပါတယ်။

လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ဟာဗေး အီလီယော့တို့ကို အင်္ဂလန် လူငယ်လက်ရွေးစင်အသင်းက ခေါ်ယူဖို့ စီစဉ်နေပါတယ်။

လီဗာပူးအသင်း ဥက္ကဌ တွမ်ဝါနာက ကလပ်အသင်းရဲ့ လက်ရှိ အနေအထားအပေါ် လက်သီးလက်မောင်းတန်းပြီး ကျေနပ်နေမိပေမယ့် ဒီရာသီမျာ အသင်းက ဘာတစ်ခုကိုမှ အောင်မြင်သေးတာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

အသလက်တီကို တိုက်စစ်သမား ဖီလစ်က “ လီဗာပူးက မယုံနိုင်လောက်တဲ့ အနေအထားနဲ့ အရမ်းကောင်းတဲ့ ပုံစံမှာ ရှိနေတယ်။ သူတို့က ချန်ပီယံလိဂ်ဖလား ကာကွယ်သူတွေဖြစ်ပြီး ချန်ပီယံလိဂ်ဆိုတာက ရင်ဆိုင်ကစားရတဲ့ပွဲတိုင်း ခက်ခဲပါတယ်။ ဒါပေမယ့် အရမ်းကောင်းနေတဲ့ လီဗာပူးလို အသင်းကို ရင်ဆိုင်ကစားရတာက ပိုပြီး ခက်ခဲပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ ပရီးမီးယားလိဂ္မွာ ေဘာလံုးထိခ်က္ အမ်ားဆံုး ထိပ္ဆံုးစာရင္းမွာေတာ့ လီဗာပူးအသင္းသားေတြျဖစ္တဲ့ ထရန္႔၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္တို႔ကပဲ အစဥ္လိုက္ ရပ္တည္ေနပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမာက္ႏုိင္မယ္ဆိုရင္ လီဗာပူးစီနီယာအသင္းဟာ ဆုေၾကး ေပါင္ ၄ သန္းကို အခ်ိဳးက် ခြဲေဝရရွိမွာပါ။ မႏွစ္တုန္းက ခ်န္ပီယံလိဂ္ ေအာင္ျမင္စဥ္က ေပါင္ ၇ သန္းကိုလည္း ခြဲေဝရခဲ့ၾကတာျဖစ္ပါတယ္။

တိုက္စစ္မွဴးဆာလက္ဟာ အားလပ္ရက္ကေန မဲဝုဒ္ကို ျပန္ေရာက္လာခဲ့ပါျပီ။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က သူ႔အသင္းသားေတြကို ယံုၾကည္စြာနဲ႔ နားရက္ေတြ ပိုေပးထားေပမယ့္ ဆာလက္ကေတာ့ ပံုစံေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းဖို႔ မဲဝုဒ္ကိုပဲ ျပန္လာခဲ့တာပါ။

ကြင္းလယ္လူ လယ္လာနာကို ေခၚယူဖို႔ လက္စတာ၊ စပါး၊ ဝက္ဟမ္း၊ အာဆင္နယ္တို႔က ၾကိဳးစားေနျပီး လက္စတာက ေခၚယူႏုိင္ဖို႔ အားသာခ်က္ရွိေနတယ္လို႔ သိရပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္က ရာသီဝက္ အနားကာလမွာ မဲဝုဒ္ကို ျပန္မလာေသးပဲ ဘရာဇီးမွာပဲ အကိုျဖစ္သူနဲ႔တကြ ဖလူမီနက္ အသင္းမွာပဲ ေလ့က်င့္ေရး ဆင္းမယ္လို႔ သိရပါတယ္။

လီဗာပူး ညာအစြန္လူ နီကိုးဝီလီယမ္ကို လက္ေရြးစင္အဆင့္ ေခၚယူဖို႔ အဂၤလန္နဲ႔ ေဝးလ္ လက္ေရြးစင္ႏွစ္သင္း အျပိဳင္ ၾကိဳးစားလိမ့္မယ္လို႔ သိရပါတယ္။ သူဟာ သက္တမ္းအလုိက္မွာေတာ့့ ေဝလ္းအသင္းကို ကိုယ္စားျပဳထားပါတယ္။

လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ကာတစ္ဂ်ံဳးနဲ႔ ဟာေဗး အီလီေယာ့တို႔ကို အဂၤလန္ လူငယ္လက္ေရြးစင္အသင္းက ေခၚယူဖို႔ စီစဥ္ေနပါတယ္။

လီဗာပူးအသင္း ဥကၠဌ တြမ္ဝါနာက ကလပ္အသင္းရဲ႕ လက္ရွိ အေနအထားအေပၚ လက္သီးလက္ေမာင္းတန္းျပီး ေက်နပ္ေနမိေပမယ့္ ဒီရာသီမ်ာ အသင္းက ဘာတစ္ခုကိုမွ ေအာင္ျမင္ေသးတာ မဟုတ္ဘူးလို႔ သတိေပးလိုက္ပါတယ္။

အသလက္တီကို တိုက္စစ္သမား ဖီလစ္က “ လီဗာပူးက မယံုႏုိင္ေလာက္တဲ့ အေနအထားနဲ႔ အရမ္းေကာင္းတဲ့ ပံုစံမွာ ရွိေနတယ္။ သူတို႔က ခ်န္ပီယံလိဂ္ဖလား ကာကြယ္သူေတြျဖစ္ျပီး ခ်န္ပီယံလိဂ္ဆိုတာက ရင္ဆုိင္ကစားရတဲ့ပြဲတိုင္း ခက္ခဲပါတယ္။ ဒါေပမယ့္ အရမ္းေကာင္းေနတဲ့ လီဗာပူးလို အသင္းကို ရင္ဆိုင္ကစားရတာက ပိုျပီး ခက္ခဲပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။