လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ရင် စီနီယာအသင်းသားတွေကို ဆုကြေး ပေါင် ၄ သန်း ပေးသွားမယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန်အနိုင်ရဖို့ ရေပန်းစားနေတဲ့ လီဗာပူးဟာ အမှတ်ပေးဇယားကို ရမှတ် ၂၂ မှတ်ထိ ဖြတ်ထားနိုင်တာဖြစ်တယ်။ အမှတ်ပေးပွဲ ၂၅ ပွဲ ကစားပြီး ၁၃ ပွဲ ကျန်ရှိနေသေးပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ရနိုင်တဲ့ ရမှတ်ထက် ၂ မှတ်ပဲ လျော့နည်းထားပါတယ်။

လက်ကျန်ပွဲတွေထဲက ၆ ပွဲ အနိုင်ရရင်ကို အမှတ်ပေးဖလား အနိုင်မှာဖြစ်တဲ့ လီဗာပူးဟာ ၁၉ ကြိမ်မြောက် အမှတ်ပေးဖလားကို အနိုင်ယူပေးတာအတွက် စီနီယာတွေကို ဆုကေး စီစဉ်ပေးထားပြီး ခွဲဝေယူရမှာဖြစ်တယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်ကစားရတဲ့သူတိုင်းက ဆုကြေး ၄ သန်းကို အချိုးကျ ခွဲဝေရမယ်လို့ သိရတယ်။

ပွဲထွက်ကစားမှုအပေါ် မူတည်ပြီး ဆုကြေး ကွာခြားနိုင်တယ်လို့ သိရကာ ပုံမှန် ပွဲထွက်လူစာရင်းမှာ ပါဝင်နေတဲ့ စီနီယာတွေက တစ်ဦးကို ပေါင် တစ်သိန်းခွဲလောက် ရဖွယ်ရှိပါတယ်။ ဒါဟာ အသင်းကို ဆုကြေး ချီးမြင့်ခြင်းဖြစ်ပြီး ကစားသမားတွေနဲ့ ကလပ်တွေကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ စာချုပ်တွေမှာ သီးသန့် ဆုကြေးတွေ ထပ်ရှိနေမယ်လို့ ယူဆရတယ်။

လီဗာပူးအသင်းဟာ ကလပ်အသင်းအတွက် ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ယူပေးခဲ့တဲ့ စီနီယာအသင်းကို မနှစ်က ဆုကြေး ပေါင် ၇ သန်း ချီးမြင့်ခဲ့ဖူးပါတယ်။ ကလပ်ဘက်ကပဲ ဒီရာသီ ပရီးမီးယားလိဂ် အနိုင်ရတဲ့အခါ လီဗာပူးမြို့ကို ပတ်ပြီး အောင်ပွဲခံဖို့ လမ်းကြောင်းအားလည်း မြို့တော်ဝန်ထံ တင်ပြပြီး အတည်ပြုချက် ရယူထားခဲ့ပြီးဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့ရင္ စီနီယာအသင္းသားေတြကို ဆုေၾကး ေပါင္ ၄ သန္း ေပးသြားမယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္အႏုိင္ရဖို႔ ေရပန္းစားေနတဲ့ လီဗာပူးဟာ အမွတ္ေပးဇယားကို ရမွတ္ ၂၂ မွတ္ထိ ျဖတ္ထားႏိုင္တာျဖစ္တယ္။ အမွတ္ေပးပြဲ ၂၅ ပြဲ ကစားျပီး ၁၃ ပြဲ က်န္ရွိေနေသးေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ရႏုိင္တဲ့ ရမွတ္ထက္ ၂ မွတ္ပဲ ေလ်ာ့နည္းထားပါတယ္။

လက္က်န္ပြဲေတြထဲက ၆ ပြဲ အႏုိင္ရရင္ကို အမွတ္ေပးဖလား အႏုိင္မွာျဖစ္တဲ့ လီဗာပူးဟာ ၁၉ ၾကိမ္ေျမာက္ အမွတ္ေပးဖလားကို အႏုိင္ယူေပးတာအတြက္ စီနီယာေတြကို ဆုေကး စီစဥ္ေပးထားျပီး ခြဲေဝယူရမွာျဖစ္တယ္။ ဒီရာသီ ပရီးမီးယားလိဂ္ပြဲေတြမွာ ပါဝင္ကစားရတဲ့သူတိုင္းက ဆုေၾကး ၄ သန္းကို အခ်ိဳးက် ခြဲေဝရမယ္လို႔ သိရတယ္။

ပြဲထြက္ကစားမႈအေပၚ မူတည္ျပီး ဆုေၾကး ကြာျခားႏုိင္တယ္လို႔ သိရကာ ပံုမွန္ ပြဲထြက္လူစာရင္းမွာ ပါဝင္ေနတဲ့ စီနီယာေတြက တစ္ဦးကို ေပါင္ တစ္သိန္းခြဲေလာက္ ရဖြယ္ရွိပါတယ္။ ဒါဟာ အသင္းကို ဆုေၾကး ခ်ီးျမင့္ျခင္းျဖစ္ျပီး ကစားသမားေတြနဲ႔ ကလပ္ေတြၾကား ပုဂၢိဳလ္ေရးဆိုင္ရာ စာခ်ဳပ္ေတြမွာ သီးသန္႔ ဆုေၾကးေတြ ထပ္ရွိေနမယ္လို႔ ယူဆရတယ္။

လီဗာပူးအသင္းဟာ ကလပ္အသင္းအတြက္ ေျခာက္ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ယူေပးခဲ့တဲ့ စီနီယာအသင္းကို မႏွစ္က ဆုေၾကး ေပါင္ ၇ သန္း ခ်ီးျမင့္ခဲ့ဖူးပါတယ္။ ကလပ္ဘက္ကပဲ ဒီရာသီ ပရီးမီးယားလိဂ္ အႏုိင္ရတဲ့အခါ လီဗာပူးျမိဳ႕ကို ပတ္ျပီး ေအာင္ပြဲခံဖို႔ လမ္းေၾကာင္းအားလည္း ျမိဳ႕ေတာ္ဝန္ထံ တင္ျပျပီး အတည္ျပဳခ်က္ ရယူထားခဲ့ျပီးျဖစ္ပါတယ္။