လီဗာပူးသမိုင်းမှာ အခါးသီးဆုံး အပြောင်းအရွှေ့ကိစ္စ တစ်ခုကို ပြောပါဆိုရင် ၂၀၀၉ ခုနှစ်မှာ နယူးကာဆယ်ကနေ ယူနိုက်တက်ကို ပြောင်းဖို့ အိုဝင် ဆုံးဖြတ်ခဲ့ခြင်းကလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်မန်နေဂျာဟောင်း ဆာအဲလက်စ်ရဲ့ ခေါ်ယူမှုနဲ့ လီဗာပူး အကယ်ဒမီထွက် တိုက်စစ်သမားဟောင်း အိုဝင်တစ်ယောက် မဟာပြိုင်ဘက်အသင်းထံ ပြောင်းခဲ့တာက လီဗာပူးပရိသတ်တွေကို ခါးသီးစေခဲ့တယ်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ လီဗာပူးဘက်ကလည်း အားနည်းမှုတွေ ရှိခဲ့ပြီး ဒီအချိန်ထိ အိုဝင်ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်၊ မှားတယ်ဆိုတဲ့ ငြင်းခုံမှုတွေကြားမှာ လီဗာပူးသားကြီးကတော့ သိုးမဲတစ်ယောက်အဖြစ်ပဲ ဆက်ရှိနေခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်လောက်က လီဗာပူးကို ပုခုံးထမ်းပေးခဲ့တဲ့ အိုဝင်ဟာ ကာရေဂါနဲ့ တစ်ခေတ်ထဲဖြစ်သလို သူဟာ စတီဗင်ဂျရတ်ထက်တောင် ပိုမို ဝါကြီးခဲ့သူပါ။ အဲ့ခေတ်မှာတော့ လီဗာပူးပရိသတ်တွေကြားမှာ စတီဗင်ဂျရတ်ထက် မိုင်ကယ်အိုဝင်ကို ချစ်ခင်သူတွေ များခဲ့ပြီး အိုဝင်ဟာ သရဖူမဆောင်းတဲ့ လီဗာပူးရဲ့ အိမ်ရှေ့စံဖြစ်ခဲ့ပါတယ်။

အိုဝင်ဟာ သူအတောက်ပဆုံး ကာလမှာ ဧရိယာထဲက အကောင်းဆုံး အဆုံးသတ်သူဖြစ်ပြီး အသက် ၁၈ နှစ်နဲ့တင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရအောင် ခြေစွမ်းကောင်းခဲ့သူဖြစ်တယ်။ လီဗာပူးကစားသမားဘဝ ၇ ရာသီအတွင်း တစ်ရာသီကလွဲလို့ ပျှမ်းမျှ ဂိုး ၂၀ အထက်ကို သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

ကြိုးကြာနီလို့ နာမည်ပြောင်ရခဲ့တဲ့ လီဗာပူးအသင်းကို အားပေးသူ ပရိသတ်တွေက အိုဝင်ကို ငှက်မြန်လေးလို့ ခေါ်ခဲ့ကြပြီး ၂၀၀၀-၂၀၀၁ ခုနှစ် ဆုဖလား ငါးလုံး အောင်မြင်မှုရဲ့ အဓိက ကစားသမားဖြစ်ခဲ့တယ်။ ဂျရတ်ဟူလီယာ အနားယူမှုဟာ လီဗာပူးနဲ့ အိုဝင် ဇာတ်လမ်းတွေကို တစ်ခန်းရပ်ဖို့ ဖြစ်လာခဲ့ပြီး အိုဝင်အထွက် တောရက်စ် အဝင်ဆိုတဲ့ ကိစ္စတွေဖြစ်လာခဲ့ကာ အင်္ဂလန်ရဲ့ အကောင်းဆုံး တိုက်စစ်သမားလည်း ကျဆုံးချိန်တွေ ရောက်ခဲ့တော့တာပါပဲ။

မန်နေဂျာဘင်နီတက်စ်က စာချုပ်တစ်နှစ်ပဲကျန်တဲ့ အိုဝင်ကို တန်ဖိုးထားမှု နည်းခဲ့ပြီး ရောင်းထုတ်ဖို့ပဲ အာရုံစိုက်ခြင်းမှာ မာနထိခိုက်ခဲ့တဲ့ အိုဝင်ဟာ ရီးရဲလ်မက်ဒရစ်ကို ခေါင်းမော့ပြီး ထွက်ခွာခဲ့တယ်။ အဲ့နောက် တစ်ရာသီအကြာ လီဗာပူးကို ပြန်လာလိုပေမယ့် စပိန်ကလပ်က ခေါ်ယူစဉ်ကထက် ၂ ဆ တောင်းဆိုတာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ နယူးကာဆယ်ကို ရောက်ခဲ့ပြီး ဒဏ်ရာနဲ့ ရုန်းကန်နေခဲ့ရကာ နောက်ဆုံး ကြိုးစားမှုအဖြစ် လီဗာပူးက ခေါ်ယူပေးဖို့ အိုဝင်က သူ့အဆက်အသွယ် အားလုံးကို သုံးခဲ့ပေမယ့် ဘဏ္ဍာရေး မတောင့်တင်းတဲ့ လီဗာပူးက မခေါ်ယူခဲ့ပဲ မြို့ခံပြိုင်ဘက်ကို ရောက်ရှိခဲ့ပါတယ်။ အိုဝင်ကတော့ သူ့ဆုံးဖြတ်ချက်ကို မှန်တယ်လို့ ယုံကြည်ပေမယ့် လီဗာပူးပရိသတ်တွေကတော့ အချစ်ကြီးပြီး အမျက်ကြီးခဲ့ကာ အိုဝင်ကို အခုချိန်ထိ ခါးခါးသီးသီး ဖြစ်နေကြတာ ဖြစ်ပါတယ်။

အိုဝင်ကို ပြန်ခေါ်ဖို့ ဘင်နီတက်စ်ကို တောင်းဆိုပေးခဲ့ကြောင်းကို ကာရေဂါက ပြောပြရာမှာ “ မင်း (အိုဝင်ကို) ယူနိုက်တက်ကို ပြောင်းမယ်ဆိုတဲ့ သတင်းကြားတော့ ငါတစ်ကယ်ကို တုန်လပ်သွားတယ်။ မင်းကိုတောင်ဖုန်းဆက်တော့ မင်းက နှစ်ရက်ကြာရင် လက်မှတ်ထိုးတော့မယ်လို့ ပြောခဲ့တယ်လေ။

ငါ ရာဖာထံသွားပြီး ပြောခဲ့တယ်။ ‘မန်နေဂျာကြီး ဒီတစ်ခုကို နားထောင်ပေးပါ။ အိုဝင်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ နောက် နှစ်ရက်ဆို ယူနိုက်တက်ကို ပြောင်းတော့မယ်။ ခင်းဗျား သူ့ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်ဘူးဖြစ်စေ ယူနိုက်တက်ကိုတော့ ပြောင်းမှာကိုတော့ ခွင့်မပြုပါနဲ့။ ‘ လို့ ပြောခဲ့တယ်။

အဲ့တုန်းက အိုဝင်က အရန်ခုံထိုင်ရရင်တောင် ပျော်နေမှာပါ။ လီဗာပူးမှာဆို ကြိုက်သလို ထား သူလက်ခံမယ်လို့ ထင်တယ်။ အဲ့တုန်းက အသင်းက အန်းဂေါ့ကိုပဲ လက်မှတ်ထိုးထားခဲ့တော့ တော်ပါပြီ အိုဝင်ကို မခေါ်တော့ပါဘူး။ သွားပါစေတော့ ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကာရေဂါရဲ့ စကားအပြီးမှာ အိုဝင်ကပဲ ပြန်လာနိုင်ဖို့ ငါ အမြဲတမ်း ကြိုးစားခဲ့ပါတယ်ကွာ လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

အသက်ငယ်ငယ် အရွယ်မှာတင် ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားဖြစ်ခဲ့ပြီး ဘလွန်းဒီအော့ဆုကိုတောင် အနိုင်ရခဲ့တဲ့ အိုဝင်ဟာ ကစားသမားဘဝကို အကောင်းဆုံး စတင်လာခဲ့ပြီး လီဗာပူးအတွက် ဒဏ်ရာကြားထဲကတင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရတဲ့ထိ ခြေစွမ်းပြခဲ့သူပါ။ သူ့ရဲ့ ကစားသမားဘဝ နောင်းပိုင်းကတော့ ဗီလိန်တစ်ဦးအဖြစ် အဆုံးသတ်ခဲ့ရပေမယ့် အိုဝင်နဲ့ပက်သက်လို့ အမြင်တွေကတော့ အခုချိန်ထိ အငြင်းပွားနေကြရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးသမိုင္းမွာ အခါးသီးဆံုး အေျပာင္းအေရႊ႔ကိစၥ တစ္ခုကို ေျပာပါဆိုရင္ ၂၀၀၉ ခုႏွစ္မွာ နယူးကာဆယ္ကေန ယူႏုိက္တက္ကို ေျပာင္းဖို႔ အိုဝင္ ဆံုးျဖတ္ခဲ့ျခင္းကလည္း အပါအဝင္ ျဖစ္ခဲ့ပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္ရဲ႕ ေခၚယူမႈနဲ႔ လီဗာပူး အကယ္ဒမီထြက္ တိုက္စစ္သမားေဟာင္း အိုဝင္တစ္ေယာက္ မဟာျပိဳင္ဘက္အသင္းထံ ေျပာင္းခဲ့တာက လီဗာပူးပရိသတ္ေတြကို ခါးသီးေစခဲ့တယ္။ ဒီကိစၥရဲ႕ ေနာက္ကြယ္မွာ လီဗာပူးဘက္ကလည္း အားနည္းမႈေတြ ရွိခဲ့ျပီး ဒီအခ်ိန္ထိ အိုဝင္ရဲ႕ ဆံုးျဖတ္ခ်က္က မွန္တယ္၊ မွားတယ္ဆိုတဲ့ ျငင္းခံုမႈေတြၾကားမွာ လီဗာပူးသားၾကီးကေတာ့ သိုးမဲတစ္ေယာက္အျဖစ္ပဲ ဆက္ရွိေနခဲ့ပါတယ္။

၂၀၀၀ ျပည့္ႏွစ္ေလာက္က လီဗာပူးကို ပုခံုးထမ္းေပးခဲ့တဲ့ အိုဝင္ဟာ ကာေရဂါနဲ႔ တစ္ေခတ္ထဲျဖစ္သလို သူဟာ စတီဗင္ဂ်ရတ္ထက္ေတာင္ ပိုမို ဝါၾကီးခဲ့သူပါ။ အဲ့ေခတ္မွာေတာ့ လီဗာပူးပရိသတ္ေတြၾကားမွာ စတီဗင္ဂ်ရတ္ထက္ မုိင္ကယ္အိုဝင္ကို ခ်စ္ခင္သူေတြ မ်ားခဲ့ျပီး အိုဝင္ဟာ သရဖူမေဆာင္းတဲ့ လီဗာပူးရဲ႕ အိမ္ေရွ႔စံျဖစ္ခဲ့ပါတယ္။

အိုဝင္ဟာ သူအေတာက္ပဆံုး ကာလမွာ ဧရိယာထဲက အေကာင္းဆံုး အဆံုးသတ္သူျဖစ္ျပီး အသက္ ၁၈ ႏွစ္နဲ႔တင္ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုရေအာင္ ေျခစြမ္းေကာင္းခဲ့သူျဖစ္တယ္။ လီဗာပူးကစားသမားဘဝ ၇ ရာသီအတြင္း တစ္ရာသီကလြဲလို႔ ပွ်မ္းမွ် ဂိုး ၂၀ အထက္ကို သြင္းႏုိင္ခဲ့သူျဖစ္ပါတယ္။

ၾကိဳးၾကာနီလို႔ နာမည္ေျပာင္ရခဲ့တဲ့ လီဗာပူးအသင္းကို အားေပးသူ ပရိသတ္ေတြက အိုဝင္ကို ငွက္ျမန္ေလးလို႔ ေခၚခဲ့ၾကျပီး ၂၀၀၀-၂၀၀၁ ခုႏွစ္ ဆုဖလား ငါးလံုး ေအာင္ျမင္မႈရဲ႕ အဓိက ကစားသမားျဖစ္ခဲ့တယ္။ ဂ်ရတ္ဟူလီယာ အနားယူမႈဟာ လီဗာပူးနဲ႔ အိုဝင္ ဇာတ္လမ္းေတြကို တစ္ခန္းရပ္ဖို႔ ျဖစ္လာခဲ့ျပီး အိုဝင္အထြက္ ေတာရက္စ္ အဝင္ဆိုတဲ့ ကိစၥေတြျဖစ္လာခဲ့ကာ အဂၤလန္ရဲ႕ အေကာင္းဆံုး တိုက္စစ္သမားလည္း က်ဆံုးခ်ိန္ေတြ ေရာက္ခဲ့ေတာ့တာပါပဲ။

မန္ေနဂ်ာဘင္နီတက္စ္က စာခ်ဳပ္တစ္ႏွစ္ပဲက်န္တဲ့ အိုဝင္ကို တန္ဖိုးထားမႈ နည္းခဲ့ျပီး ေရာင္းထုတ္ဖို႔ပဲ အာရံုစိုက္ျခင္းမွာ မာနထိခိုက္ခဲ့တဲ့ အိုဝင္ဟာ ရီးရဲလ္မက္ဒရစ္ကို ေခါင္းေမာ့ျပီး ထြက္ခြာခဲ့တယ္။ အဲ့ေနာက္ တစ္ရာသီအၾကာ လီဗာပူးကို ျပန္လာလိုေပမယ့္ စပိန္ကလပ္က ေခၚယူစဥ္ကထက္ ၂ ဆ ေတာင္းဆိုတာေၾကာင့္ အေျပာင္းအေရႊ႔ ပ်က္ခဲ့ရပါတယ္။

ေနာက္ပိုင္းမွာ နယူးကာဆယ္ကို ေရာက္ခဲ့ျပီး ဒဏ္ရာနဲ႔ ရုန္းကန္ေနခဲ့ရကာ ေနာက္ဆံုး ၾကိဳးစားမႈအျဖစ္ လီဗာပူးက ေခၚယူေပးဖို႔ အိုဝင္က သူ႔အဆက္အသြယ္ အားလံုးကို သံုးခဲ့ေပမယ့္ ဘ႑ာေရး မေတာင့္တင္းတဲ့ လီဗာပူးက မေခၚယူခဲ့ပဲ ျမိဳ႕ခံျပိဳင္ဘက္ကို ေရာက္ရွိခဲ့ပါတယ္။ အိုဝင္ကေတာ့ သူ႔ဆံုးျဖတ္ခ်က္ကို မွန္တယ္လို႔ ယံုၾကည္ေပမယ့္ လီဗာပူးပရိသတ္ေတြကေတာ့ အခ်စ္ၾကီးျပီး အမ်က္ၾကီးခဲ့ကာ အိုဝင္ကို အခုခ်ိန္ထိ ခါးခါးသီးသီး ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

အိုဝင္ကို ျပန္ေခၚဖို႔ ဘင္နီတက္စ္ကို ေတာင္းဆိုေပးခဲ့ေၾကာင္းကို ကာေရဂါက ေျပာျပရာမွာ “ မင္း (အိုဝင္ကို) ယူႏုိက္တက္ကို ေျပာင္းမယ္ဆိုတဲ့ သတင္းၾကားေတာ့ ငါတစ္ကယ္ကို တုန္လပ္သြားတယ္။ မင္းကိုေတာင္ဖုန္းဆက္ေတာ့ မင္းက ႏွစ္ရက္ၾကာရင္ လက္မွတ္ထိုးေတာ့မယ္လို႔ ေျပာခဲ့တယ္ေလ။

ငါ ရာဖာထံသြားျပီး ေျပာခဲ့တယ္။ ‘မန္ေနဂ်ာၾကီး ဒီတစ္ခုကို နားေထာင္ေပးပါ။ အိုဝင္က အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေနာက္ ႏွစ္ရက္ဆို ယူႏုိက္တက္ကို ေျပာင္းေတာ့မယ္။ ခင္းဗ်ား သူ႔ကို ၾကိဳက္သည္ျဖစ္ေစ၊ မၾကိဳက္ဘူးျဖစ္ေစ ယူႏုိက္တက္ကိုေတာ့ ေျပာင္းမွာကိုေတာ့ ခြင့္မျပဳပါနဲ႔။ ‘ လို႔ ေျပာခဲ့တယ္။

အဲ့တုန္းက အိုဝင္က အရန္ခံုထိုင္ရရင္ေတာင္ ေပ်ာ္ေနမွာပါ။ လီဗာပူးမွာဆို ၾကိဳက္သလို ထား သူလက္ခံမယ္လို႔ ထင္တယ္။ အဲ့တုန္းက အသင္းက အန္းေဂါ့ကိုပဲ လက္မွတ္ထိုးထားခဲ့ေတာ့ ေတာ္ပါျပီ အိုဝင္ကို မေခၚေတာ့ပါဘူး။ သြားပါေစေတာ့ ဆိုျပီး ဆံုးျဖတ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ကာေရဂါရဲ႕ စကားအျပီးမွာ အိုဝင္ကပဲ ျပန္လာႏုိင္ဖို႔ ငါ အျမဲတမ္း ၾကိဳးစားခဲ့ပါတယ္ကြာ လို႔ ျပန္ေျဖခဲ့တာျဖစ္ပါတယ္။

အသက္ငယ္ငယ္ အရြယ္မွာတင္ ကမၻာအေကာင္းဆံုး တိုက္စစ္သမားျဖစ္ခဲ့ျပီး ဘလြန္းဒီေအာ့ဆုကိုေတာင္ အႏုိင္ရခဲ့တဲ့ အိုဝင္ဟာ ကစားသမားဘဝကို အေကာင္းဆံုး စတင္လာခဲ့ျပီး လီဗာပူးအတြက္ ဒဏ္ရာၾကားထဲကတင္ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုရတဲ့ထိ ေျခစြမ္းျပခဲ့သူပါ။ သူ႕ရဲ႕ ကစားသမားဘဝ ေနာင္းပိုင္းကေတာ့ ဗီလိန္တစ္ဦးအျဖစ္ အဆံုးသတ္ခဲ့ရေပမယ့္ အိုဝင္နဲ႔ပက္သက္လို႔ အျမင္ေတြကေတာ့ အခုခ်ိန္ထိ အျငင္းပြားေနၾကရတာျဖစ္ပါတယ္။