လီဗာပူး ဂိုးသမား အယ်လစ်ဆန်ကတော့ ဆောင်းရာသီ အားလပ်ရက်မှာ ကစားသမားတွေကို နားရက်ပေးထားတဲ့ ကာလအတွက် အနားယူ မနေဘဲ ၎င်း အစ်ကို ရှိရာ ဘရာဇီးကလပ်မှာ ထရိန်နင် သွားဆင်းနေတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းက စီနီယာအသင်းသားတွေကို နားရက် တစ်ပတ် ပေးထားပြီး ကျန်တစ်ပတ်ကိုမှ လေ့ကျင့်ရေး ပြန်လည် ပြုလုပ်မှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရာဇီးသားကတော့ အားလပ်ရက်မှာလည်း နှပ်မနေဘဲ အစ်ကို ဖြစ်သူ ရှိတဲ့ ဖလူမိနိစ်အသင်းမှာ သွားရောက်က အတူ ထရိန်နင် ဆင်းနေပါတယ်။

ဒါပေမယ့် ထရိန်နင်မှာ သူ့ဓာတ်ပုံ မရိုက်ဖို့တော့ တားမြစ်ထားပြီး လူသိများမခံလိုဘဲ လေ့ကျင့်ခဲ့ပါတယ်။ အယ်လစ်ဆန် ဖလူမိနိစ်အသင်းနဲ့ ထရိန်နင်ဆင်းနေတာက လေ့ကျင့်ခန်း ၃ ကြိမ် ပါဝင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အယ်လစ်ဆန်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့အစ်ကို မူရီရယ် ပါဝင်ကစားခဲ့တဲ့ ယူနီယံ လာကာလီရာအသင်း နဲ့ တစ်ဂိုးစီ သရေကျတဲ့ ပွဲမှာလည်း ပွဲကြည့်စင်ကနေ အားပေးနေခဲ့တာ တွေ့ရပါတယ်။

လီဗာပူး ကစားသမား အများစုဟာ အားလပ်ရက် အဖြစ် အပန်းဖြေထွက်နေကြပါတယ်။ ဂျိုးဂိုမက်ဇ်က ကယ်လီဖိုးနီးယားမှာ ရောက်ရှိနေပြီး အဒမ် လယ်လာနာကတော့ မီယာမီမှာပါ။ စီနီယာထဲမှာ ဂျိမ်းစ် မေနာကတော့ အပန်းဖြေထွက်နေတာ မတွေ့ရဘဲ လီဗာပူး U23 အသင်းရဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အားပေးနေခဲ့ပါတယ်။

အသင်းရဲ့ မဲလ်ဝုဒ် ထရိန်နင်ဆီကိုတော့ လီဗာပူးရဲ့ အီဂျစ်သား တိုက်စစ်မှူး မိုဟာမက် ဆာလက်က စောစောစီးစီး ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဆောင်းရာသီ နားရက် ပြီးချိန်မှာတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ နောဝစ်ချ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

Zawgyi – လီဗာပူး ဂိုးသမား အယ္လစ္ဆန္ကေတာ့ ေဆာင္းရာသီ အားလပ္ရက္မွာ ကစားသမားေတြကို နားရက္ေပးထားတဲ့ ကာလအတြက္ အနားယူ မေနဘဲ ၄င္း အစ္ကို ရွိရာ ဘရာဇီးကလပ္မွာ ထရိန္နင္ သြားဆင္းေနတယ္လို႔ သိရပါတယ္။ လီဗာပူးအသင္းက စီနီယာအသင္းသားေတြကို နားရက္ တစ္ပတ္ ေပးထားျပီး က်န္တစ္ပတ္ကိုမွ ေလ့က်င့္ေရး ျပန္လည္ ျပဳလုုပ္မွာ ျဖစ္ပါတယ္။

အသက္ ၂၇ နွစ္အရြယ္ ဘရာဇီးသားကေတာ့ အားလပ္ရက္မွာလည္း နွပ္မေနဘဲ အစ္ကို ျဖစ္သူ ရွိတဲ့ ဖလူမိနိစ္အသင္းမွာ သြားေရာက္က အတူ ထရိန္နင္ ဆင္းေနပါတယ္။ ဒါေပမယ့္ ထရိန္နင္မွာ သူ႔ဓာတ္ပံု မရိုက္ဖို႔ေတာ့ တားျမစ္ထားျပီး လူသိမ်ားမခံလိုဘဲ ေလ့က်င့္ခဲ့ပါတယ္။

အယ္လစ္ဆန္ ဖလူမိနိစ္အသင္းနဲ႕ ထရိန္နင္ဆင္းေနတာက ေလ့က်င့္ခန္း ၃ ၾကိမ္ ပါ၀င္ခဲ့ျပီး ျဖစ္တယ္လို႔ သိရပါတယ္။ အယ္လစ္ဆန္ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔က သူ႔အစ္ကို မူရီရယ္ ပါ၀င္ကစားခဲ့တဲ့ ယူနီယံ လာကာလီရာအသင္း နဲ႕ တစ္ဂိုးစီ သေရက်တဲ့ ပြဲမွာလည္း ပြဲၾကည့္စင္ကေန အားေပးေနခဲ့တာ ေတြ႔ရပါတယ္။

လီဗာပူး ကစားသမား အမ်ားစုဟာ အားလပ္ရက္ အျဖစ္ အပန္းေျဖထြက္ေနၾကပါတယ္။ ဂ်ိဳးဂိုမက္ဇ္က ကယ္လီဖိုးနီးယားမွာ ေရာက္ရွိေနျပီး အဒမ္ လယ္လာနာကေတာ့ မီယာမီမွာပါ။ စီနီယာထဲမွာ ဂ်ိမ္းစ္ ေမနာကေတာ့ အပန္းေျဖထြက္ေနတာ မေတြ႔ရဘဲ လီဗာပူး U23 အသင္းရဲ႕ အက္ဖ္ေအဖလား ပြဲစဥ္မွာ အားေပးေနခဲ့ပါတယ္။

အသင္းရဲ႕ မဲလ္၀ုဒ္ ထရိန္နင္ဆီကိုေတာ့ လီဗာပူးရဲ႕ အီဂ်စ္သား တိုက္စစ္မွဴး မိုဟာမက္ ဆာလက္က ေစာေစာစီးစီး ျပန္လည္ ေရာက္ရွိေနျပီ ျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ေဆာင္းရာသီ နားရက္ ျပီးခ်ိန္မွာေတာ့ ေဖေဖာ္၀ါရီ ၁၆ ရက္ေန႔မွာ ေနာ၀စ္ခ်္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာပါ။