ရာသီကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား လယ်လာနာကို ပရီးမီးယားလိဂ် ကလပ်တွေထဲက လေးသင်း အပြိုင် စိတ်ဝင်စားနေပါတယ်။ လယ်လာနာရဲ့ စာချုပ်မှာ သက်တမ်း ထပ်တိုးခွင့် တစ်နှစ် ပါရှိပေမယ့် အင်္ဂလန်သားဟာ နောက်ရာသီမှာ လီဗာပူးအသင်းနဲ့ ဆက်ရှိဖို့ အခွင့်အရေး နည်းနေပြီ ဖြစ်ပါတယ်။

တယ်လီဂရပ်ဖ် သတင်း အဆိုအရ လယ်လယ်နာကို အာဆင်နယ်၊ လက်စတာ၊ စပါးနဲ့ ဝက်စ်ဟမ်း အသင်းတို့ အပြိုင် ခေါ်ယူလိုနေတာ ဖြစ်ပြီး ဇွန်မှာ စာချုပ် ကုန်တော့မယ့် လယ်လာနာ အတွက် ရွေးချယ်စရာတွေ ရှိနေပါတယ်။

လောလောဆယ် အခြေအတွေ အရ လယ်လာနာကို ခေါ်ဖို့ အဖြစ်နိုင်ဆုံးကတော့ လက်စတာ အသင်းပဲ ဖြစ်ပြီး နည်းပြ ဘရန်ဒန် ရော်ဂျာနဲ့လည်း လယ်လာနာက လက်တွဲဖူးသူပါ။ ဒါကြောင့် လက်စတာကတော့ လယ်လာနာကို ခေါ်ဖို့ အရေး အသာဆုံး ဖြစ်နေပါတယ်။

ရာသီကုန်ရင် စာချုပ်ကုန်မှာ ဖြစ်လို့ လယ်လာနာက အင်္ဂလန်က အသင်းတွေနဲ့ မဟုတ်ရင် အကြို သဘောတူညီ စာချုပ် ချုပ်ဆိုခွင့် ရှိနေပါတယ်။ ဒါပေမယ့် လယ်လာနာက ပရီးမီးယားလိဂ်မှာ ဆက်နေလိုတာကြောင့် ပြည်ပကလပ်တွေနဲ့ ဆွေးနွေးခြင်း မရှိသေးပါဘူး။

လယ်လာနာဟာ ဝါရင့်ကွင်းလယ် တစ်ဦး ဖြစ်လာပေမယ့် အသင်းမှာ ပွဲကစားခွင့်တော့ နည်းပါးနေပြီး အရန် အဖြစ်သာ လိုအပ်ချိန်မှာ ပါဝင် ကစားခွင့် ရနေပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ လယ်လာနာက အသင်းအတွက် ပါဝင်ကစားခွင့် ရဖို့သာ အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်မှာ ရွေ့လျားကစားနိုင်တဲ့ တိုက်စစ်သမား လယ်လာနာဟာ ဒီရာသီ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲကစားချိန် ၃၃၉ မိနစ်သာ ရှိထားပါတယ်။ လီဗာပူး ကစားထားတဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲမှာ ၈ ပွဲ ပါဝင်ခွင့် ရထားပြီး အောက်တိုဘာလတုန်းက ယူနိုက်တက်ကို သရေကျတဲ့ ပွဲမှာ အရေးပါတဲ့ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

Zawgyi – ရာသီကုန္ရင္ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ကြင္းလယ္ကစားသမား လယ္လာနာကို ပရီးမီးယားလိဂ္ ကလပ္ေတြထဲက ေလးသင္း အျပိဳင္ စိတ္၀င္စားေနပါတယ္။ လယ္လာနာရဲ႕ စာခ်ဳပ္မွာ သက္တမ္း ထပ္တိုးခြင့္ တစ္နွစ္ ပါရွိေပမယ့္ အဂၤလန္သားဟာ ေနာက္ရာသီမွာ လီဗာပူးအသင္းနဲ႕ ဆက္ရွိဖို႔ အခြင့္အေရး နည္းေနျပီ ျဖစ္ပါတယ္။

တယ္လီဂရပ္ဖ္ သတင္း အဆိုအရ လယ္လယ္နာကို အာဆင္နယ္၊ လက္စတာ၊ စပါးနဲ႕ ၀က္စ္ဟမ္း အသင္းတို႔ အျပိဳင္ ေခၚယူလိုေနတာ ျဖစ္ျပီး ဇြန္မွာ စာခ်ဳပ္ ကုန္ေတာ့မယ့္ လယ္လာနာ အတြက္ ေရြးခ်ယ္စရာေတြ ရွိေနပါတယ္။

ေလာေလာဆယ္ အေျခအေတြ အရ လယ္လာနာကို ေခၚဖို႔ အျဖစ္နုိင္ဆံုးကေတာ့ လက္စတာ အသင္းပဲ ျဖစ္ျပီး နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာနဲ႕လည္း လယ္လာနာက လက္တြဲဖူးသူပါ။ ဒါေၾကာင့္ လက္စတာကေတာ့ လယ္လာနာကို ေခၚဖို႔ အေရး အသာဆံုး ျဖစ္ေနပါတယ္။

ရာသီကုန္ရင္ စာခ်ဳပ္ကုန္မွာ ျဖစ္လို႔ လယ္လာနာက အဂၤလန္က အသင္းေတြနဲ႕ မဟုတ္ရင္ အၾကိဳ သေဘာတူညီ စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ ရွိေနပါတယ္။ ဒါေပမယ့္ လယ္လာနာက ပရီးမီးယားလိဂ္မွာ ဆက္ေနလိုတာေၾကာင့္ ျပည္ပကလပ္ေတြနဲ႕ ေဆြးေႏြးျခင္း မရွိေသးပါဘူး။

လယ္လာနာဟာ ၀ါရင့္ကြင္းလယ္ တစ္ဦး ျဖစ္လာေပမယ့္ အသင္းမွာ ပြဲကစားခြင့္ေတာ့ နည္းပါးေနျပီး အရန္ အျဖစ္သာ လိုအပ္ခ်ိန္မွာ ပါ၀င္ ကစားခြင့္ ရေနပါတယ္။ ျပီးခဲ့တဲ့ လတုန္းကေတာ့ လယ္လာနာက အသင္းအတြက္ ပါ၀င္ကစားခြင့္ ရဖို႕သာ အာရံုစိုက္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္မွာ ေရြ႕လ်ားကစားနုိုင္တဲ့ တိုက္စစ္သမား လယ္လာနာဟာ ဒီရာသီ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲကစားခ်ိန္ ၃၃၉ မိနစ္သာ ရွိထားပါတယ္။ လီဗာပူး ကစားထားတဲ့ ေနာက္ဆံုး ပရီးမီးယားလိဂ္ပြဲ ၁၂ ပြဲမွာ ၈ ပြဲ ပါ၀င္ခြင့္ ရထားျပီး ေအာက္တိုဘာလတုန္းက ယူနိုက္တက္ကို သေရက်တဲ့ ပြဲမွာ အေရးပါတဲ့ ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။