လီဗာပူးကစားသမားဟောင်းကြီး စတိဗ် မတ်မန်နာမန်း အသင်းဟောင်းအား ဘိုင်ယန်မြူးနစ်ထံ အငှားထွက်ကစားနေကာ အပြီးသတ် ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တဲ့ ကွင်းလယ်လူ ကော်တင်ညိုကို နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးကနေ ဘာစီလိနာကို ပေါင် ၁၄၂-၁၄၅ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူရဲ့ လက်ရှိ တန်ကြေးဟာ အတော်လေး ကျဆင်းနေတာဖြစ်ပြီး သူ့ကို ဘိုင်ယန်မြူးနစ်ဘက်ကလည်း အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိ ဖြစ်နေတာပါ။

ဘိုင်ယန်မြူးနစ်ဟာ ကော်တင်ညိုအတွက် တစ်နှစ်လုပ်ခ ပေါင် ၇.၂ သန်းကို ပေးချေပေးနေပေမယ့် ရာသီအကုန်မှာ ပေါင် ၁၀၂ သန်းနဲ့ ခေါ်ယူခွင့်ကို လက်မှတ် မထိုးလိုဘူးလို့ သိရတယ်။ ဒီအခြေအနေမှာပဲ ကက်တလန်ကလပ်က ကော်တင်ညိုအတွက် ပြောင်းရွှေ့ကြေးကို ပြတ်ပြတ်သားသား အရံှူးခံတဲ့ အနေနဲ့ ပေါင် ၆၈-၇၇ သန်း ရရင်ကို အသင်းပြောင်းခွင့်ပေးမယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားခဲ့ပါတယ်။

ဘွန်ဒက်လီဂါမှာ ဒီရာသီ ၂၆ ပွဲ ကစားပြီး သွင်းဂိုး ၇ ဂိုး ရထားတဲ့ ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ကို ဈေးကွက်မှာ ချိတ်ဆက်လိုတဲ့ အသင်း နည်းပါးခြင်းကြောင့် ဘာစီလိုနာက ဒီရာသီအကုန်မှာ ၎င်းတို့အသင်းထံ ပြန်ခေါ်ထားဖို့ ရှိနေပါတယ်။

မတ်မန်နာမန်းက ‘ ကော်တင်ညိုကို ပြန်ခေါ်စေချင်တယ်။ သူ ပြန်လာလို့လည်း ကျနော်ကတော့ ပြဿနာ မရှိပါဘူး။ သူက ကစားသမားကောင်းဖြစ်သလို ဈေးနှုန်းလည်း ကြီးကြီးမားမား ကျဆင်းနေတာပါ။ လီဗာပူးက ပုံမှန် ပွဲမကစားနိုင်တဲ့ အသင်းသား နှစ်ဦးလောက်ကို ရောင်းထုတ်ပြီး ကော်တင်ညိုကို ပြန်ခေါ်လို့ ရပါတယ်။ အဲ့တာက အလုပ်ဖြစ်နိုင်တယ်။

ရှာကွီရီက ရာသီကုန်မှာ ထွက်တော့မယ် ကြားတယ်။ အဒမ်လယ်လာနာကလည်း ပွဲထွက်ခွင့် ပိုရလိုပါလိမ့်မယ်။ နေရာတွေ လွတ်သွားရင် ကျနော်ကတော့ ကော်တင်ညိုကို ပြန်ခေါ်စေချင်တယ်။ သူက လီဗာပူးအတွက် ကစားသမားကောင်းပါ။ ပလန် အေ အလုပ်မဖြစ်ရင် သူက ပွဲကို အပြောင်းအလဲ ဖြစ်စေမယ့် ကစားသမားပါ ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္းၾကီး စတိဗ္ မတ္မန္နာမန္း အသင္းေဟာင္းအား ဘိုင္ယန္ျမဴးနစ္ထံ အငွားထြက္ကစားေနကာ အျပီးသတ္ ေျပာင္းေရႊ႔ဖို႔ မျဖစ္နုိင္တဲ့ ကြင္းလယ္လူ ေကာ္တင္ညိဳကို ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူဖို႔ တိုက္တြန္းထားပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လီဗာပူးကေန ဘာစီလိနာကို ေပါင္ ၁၄၂-၁၄၅ သန္း ဝန္းက်င္နဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ ကြင္းလယ္လူရဲ႕ လက္ရွိ တန္ေၾကးဟာ အေတာ္ေလး က်ဆင္းေနတာျဖစ္ျပီး သူ႔ကို ဘိုင္ယန္ျမဴးနစ္ဘက္ကလည္း အျပီးသတ္ ေခၚယူဖို႔ ဆႏၵမရွိ ျဖစ္ေနတာပါ။

ဘိုင္ယန္ျမဴးနစ္ဟာ ေကာ္တင္ညိဳအတြက္ တစ္ႏွစ္လုပ္ခ ေပါင္ ၇.၂ သန္းကို ေပးေခ်ေပးေနေပမယ့္ ရာသီအကုန္မွာ ေပါင္ ၁၀၂ သန္းနဲ႔ ေခၚယူခြင့္ကို လက္မွတ္ မထိုးလိုဘူးလို႔ သိရတယ္။ ဒီအေျခအေနမွာပဲ ကက္တလန္ကလပ္က ေကာ္တင္ညိဳအတြက္ ေျပာင္းေရႊ႔ေၾကးကို ျပတ္ျပတ္သားသား အရံွဴးခံတဲ့ အေနနဲ႔ ေပါင္ ၆၈-၇၇ သန္း ရရင္ကို အသင္းေျပာင္းခြင့္ေပးမယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားခဲ့ပါတယ္။

ဘြန္ဒက္လီဂါမွာ ဒီရာသီ ၂၆ ပြဲ ကစားျပီး သြင္းဂိုး ၇ ဂိုး ရထားတဲ့ ဘရာဇီး ကြင္းလယ္ဖန္တီးရွင္ကို ေစ်းကြက္မွာ ခ်ိတ္ဆက္လိုတဲ့ အသင္း နည္းပါးျခင္းေၾကာင့္ ဘာစီလိုနာက ဒီရာသီအကုန္မွာ ၄င္းတို႔အသင္းထံ ျပန္ေခၚထားဖို႔ ရွိေနပါတယ္။

မတ္မန္နာမန္းက ‘ ေကာ္တင္ညိဳကို ျပန္ေခၚေစခ်င္တယ္။ သူ ျပန္လာလို႔လည္း က်ေနာ္ကေတာ့ ျပႆနာ မရွိပါဘူး။ သူက ကစားသမားေကာင္းျဖစ္သလို ေစ်းႏႈန္းလည္း ၾကီးၾကီးမားမား က်ဆင္းေနတာပါ။ လီဗာပူးက ပံုမွန္ ပြဲမကစားႏုိင္တဲ့ အသင္းသား ႏွစ္ဦးေလာက္ကို ေရာင္းထုတ္ျပီး ေကာ္တင္ညိဳကို ျပန္ေခၚလို႔ ရပါတယ္။ အဲ့တာက အလုပ္ျဖစ္ႏုိင္တယ္။

ရွာကီြရီက ရာသီကုန္မွာ ထြက္ေတာ့မယ္ ၾကားတယ္။ အဒမ္လယ္လာနာကလည္း ပြဲထြက္ခြင့္ ပိုရလိုပါလိမ့္မယ္။ ေနရာေတြ လြတ္သြားရင္ က်ေနာ္ကေတာ့ ေကာ္တင္ညိဳကို ျပန္ေခၚေစခ်င္တယ္။ သူက လီဗာပူးအတြက္ ကစားသမားေကာင္းပါ။ ပလန္ ေအ အလုပ္မျဖစ္ရင္ သူက ပြဲကို အေျပာင္းအလဲ ျဖစ္ေစမယ့္ ကစားသမားပါ ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။