ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး မန်နေဂျာဆုကိုတော့ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ကလော့ပ်ဟာ ဒီဆုကို ဒီရာသီအတွင်း ၅ ကြိမ်မြောက် သြဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ၅ လတိုင်တိုင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်လည်း ဖြစ်ပါတယ်။

ဘာစီလိုနာက ကော်တင်ညိုအတွက် ပြောင်းရွှေ့ကြေးကို ပြတ်ပြတ်သားသား အရံှူးခံတဲ့ အနေနဲ့ နွေမှာ ပေါင် ၆၈-၇၇ သန်း ရရင်ကို အသင်းပြောင်းခွင့်ပေးမယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားခဲ့ပါတယ်။

အင်္ဂလန်က အီးယူကနေ ခွဲထုတ်မှု နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ်ကလပ်တွေအပေါ် ရိုက်ခတ်လာနိုင်တဲ့ ကစားသမား ခေါ်ယူမှုကိစ္စတွေကို အဖြေရှာဖို့ လီဗာပူးပိုင်ရှင်တွေက ရှယ်ယာရှင်များ ညိနှိုင်းမှုထဲ ဦးဆောင်ပါဝင်နေပါတယ်။

ဘရိုက်တန်အသင်း ကွင်းလယ်လူ ပရိုပါက လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးဖြစ်ကာ သူ့လို ခံစစ်သမားကို ပိုင်ဆိုင်ထားတဲ့ နယ်သာလန် လက်ရွေးစင်အတွက်လည်း ကျေနပ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူး ကစားသမားသစ် မီနာမီနိုက ကလပ်အသင်းမှာ လက်တလောအားဖြင့် ဂျာမာန်စကား ပြောတတ်တဲ့ အသင်းဖော်တွေနဲ့ ပိုမို ထိတွေ့မှုရှိတယ်လို့ ဆိုပါတယ်။ ဂျပန်တိုက်စစ်သမားဟာ ဂျာမန်စကားကို ကောင်းကောင်းပြောတတ်ပြီး မာနေး၊ ကီတာလို ဂျာမာန်ဘာသာစကား ပြောနိုင်သူနဲ့ အဝတ်လဲခန်းအတွင်း ဆက်ဆံမှု ပိုများတာဖြစ်ပါတယ်။

NIKE ဟာ လီဗာပူးဂျာစီအတွက် ဒီဇိုင်းပေါင်းများစွာကို ဖန်တီးနေပေမယ့် လီဗာပူးလိုဂိုကို ရင်ဘတ်ကို ပြောင်းရွှေ့တပ်ဆင်မယ့် ဒီဇိုင်းတော့ ထုတ်လုပ်ဖွယ် မရှိဘူးလို့ သိရပါတယ်။

ကွင်းလယ်လူ ချိန်ဘာလိန်ဟာ အနားကာလမှာ ဗန်ဒိုက်နဲ့အတူ လိုက်ပါသွားပြီး သူတို့အတွက် ကြံ့ခိုင်မှု လေ့ကျင့်ပေးမယ့် နည်းပြလည်း ပါဝင်သွားခဲ့ကာ ရာနှုန်းပြည့် ကြံ့ခိုင်မှုနဲ့အတူ အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။

ZAWGYI

ဇန္နဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး မန္ေနဂ်ာဆုကိုေတာ့ လီဗာပူး မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ဒီဆုကို ဒီရာသီအတြင္း ၅ ႀကိမ္ေျမာက္ ၾသဂုတ္၊ စက္တင္ဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ ၅ လတိုင္တိုင္ အႏိုင္ရခဲ့ျခင္းျဖစ္ၿပီး ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာ စံခ်ိန္သစ္လည္း ျဖစ္ပါတယ္။

ဘာစီလိုနာက ေကာ္တင္ညိဳအတြက္ ေျပာင္းေရႊ႔ေၾကးကို ျပတ္ျပတ္သားသား အရံွဴးခံတဲ့ အေနနဲ႔ ေႏြမွာ ေပါင္ ၆၈-၇၇ သန္း ရရင္ကို အသင္းေျပာင္းခြင့္ေပးမယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားခဲ့ပါတယ္။

အဂၤလန္က အီးယူကေန ခြဲထုတ္မႈ ေနာက္ဆက္တြဲအျဖစ္ ပရီးမီးယားလိဂ္ကလပ္ေတြအေပၚ ရိုက္ခတ္လာႏုိင္တဲ့ ကစားသမား ေခၚယူမႈကိစၥေတြကို အေျဖရွာဖို႔ လီဗာပူးပိုင္ရွင္ေတြက ရွယ္ယာရွင္မ်ား ညိႏိႈင္းမႈထဲ ဦးေဆာင္ပါဝင္ေနပါတယ္။

ဘရိုက္တန္အသင္း ကြင္းလယ္လူ ပရိုပါက လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ကမၻာအေကာင္းဆံုး ခံစစ္မွဴးျဖစ္ကာ သူ႔လို ခံစစ္သမားကို ပိုင္ဆိုင္ထားတဲ့ နယ္သာလန္ လက္ေရြးစင္အတြက္လည္း ေက်နပ္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

လီဗာပူး ကစားသမားသစ္ မီနာမီႏိုက ကလပ္အသင္းမွာ လက္တေလာအားျဖင့္ ဂ်ာမာန္စကား ေျပာတတ္တဲ့ အသင္းေဖာ္ေတြနဲ႔ ပိုမို ထိေတြ႔မႈရွိတယ္လို႔ ဆိုပါတယ္။ ဂ်ပန္တိုက္စစ္သမားဟာ ဂ်ာမန္စကားကို ေကာင္းေကာင္းေျပာတတ္ျပီး မာေနး၊ ကီတာလို ဂ်ာမာန္ဘာသာစကား ေျပာႏုိင္သူနဲ႔ အဝတ္လဲခန္းအတြင္း ဆက္ဆံမႈ ပိုမ်ားတာျဖစ္ပါတယ္။

NIKE ဟာ လီဗာပူးဂ်ာစီအတြက္ ဒီဇိုင္းေပါင္းမ်ားစြာကို ဖန္တီးေနေပမယ့္ လီဗာပူးလိုဂိုကို ရင္ဘတ္ကို ေျပာင္းေရႊ႔တပ္ဆင္မယ့္ ဒီဇိုင္းေတာ့ ထုတ္လုပ္ဖြယ္ မရွိဘူးလို႔ သိရပါတယ္။

ကြင္းလယ္လူ ခ်ိန္ဘာလိန္ဟာ အနားကာလမွာ ဗန္ဒိုက္နဲ႔အတူ လုိက္ပါသြားျပီး သူတို႔အတြက္ ၾကံ႕ခိုင္မႈ ေလ့က်င့္ေပးမယ့္ နည္းျပလည္း ပါဝင္သြားခဲ့ကာ ရာႏႈန္းျပည့္ ၾကံ႕ခိုင္မႈနဲ႔အတူ အေျခအေန ေကာင္းေနတယ္လို႔ သိရပါတယ္။