ဝတ်ဖိုဒ်အသင်း တိုက်စစ်သမား ဆာက သူဟာ လီဗာပူးတိုက်စစ်သမား မာနေးကို အကိုကြီးလို ယုံကြည်ကိုးစားသူဖြစ်ပြီး မာနေးခြေရာ လိုက်နိုင်ဖို့ ကြိုးစားလိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ရောက်လာဖို့ စတင်ခဲ့တဲ့ ခြေလှမ်းအကြောင်း ပြောပြရာမှာ ဆာက “ ရီးနက်စ်နဲ့ ဘာစီလိုနာတို့ထံက ကမ်းလှမ်းမှုနှစ်ခုကို ရရှိခဲ့တယ်။ ပွဲကစားခွင့်ရမယ့် ကလပ်ကို ပြောင်းလိုတာကြောင့် ရီးနက်စ်ကို ပြောင်းခဲ့တယ်။ ဘာစီလိုနာမှာဆိုရင် စီနီယာပွဲထွက်ခွင့် ရဖို့ မလွယ်ဘူးလို့ ကျနော် တွေးမိခဲ့တယ်။

အခြား ကစားသမားတွေဆိုရင် ဘာစီလိုနာကိုပဲ ရွေးကြမှာပါ။ ကျနော်ကတော့ ကိုယ်ရဲ့ ကစားသမားဘဝကို အလေးအနက် စဉ်းစားပြီး ဖြစ်ချင်တယ်။ ပွဲကစားခွင့်နဲ့ တိုးတက်လာလိုတယ်။ အသင်းကြီးတွေကို သွားတာက အန္တရာယ်များတယ်လေ အဲ့လို အဖြစ် မခံနိုင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရီးနက်စ်ကနေ ပရီးမီးယားလိဂ် ဝတ်ဖိုဒ့်အသင်းကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားက မာနေးကို အကိုကြီးတစ်ဦးလို ယုံကြည်ကိုးစားပါကြောင်းနဲ့ သူ့လို ဖြစ်လာဖို့ ကြိုးစားလိုတယ်လို့ ပြောပြခဲ့သေးတယ်။ မာနေးနဲ့ ဆာဟာ ဆီနီဂေါ လက်ရွေးစင်အသင်းသားတွေဖြစ်ပြီး မာနေးဟာ သူ့ရဲ့ ကောင်လေးကို ဂရုစိုက်ပေးဖို့ ဝတ်ဖိုဒ့် အသင်းခေါင်းဆောင်ကို မေတ္တာရပ်ခံထားသေးတာဖြစ်တယ်။

“ သူက အမြဲတမ်း စာပို့တယ်၊ ကျနော်ကို စကားပြောတယ်၊ အမြဲတမ်း အကြံပေးပါတယ်။ သူက အကောင်းဆုံးပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတင်မကပဲ နေရာတိုင်းမှာ အကောင်းဆုံး ကစားနိုင်မယ့်သူပါ။ ဆီနီဂေါတစ်နိုင်ငံလုံး သူ့ကို ကြည့်ကြပြီး သူ့လို ဖြစ်လိုကြတယ်။ ကျနော်ရဲ့ နိုင်ငံက သူ့လို ကျနော်ကို အားပေးတာမျိုး ဖြစ်လိုတယ်။ ဒါပေမယ့် တစ်ရက်မှာ အဲ့လိုဖြစ်မယ်လို့ ယုံကြည်ပါတယ် ” ဆိုပြီး ဆာက ပြောဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ဝတ္ဖိုဒ္အသင္း တိုက္စစ္သမား ဆာက သူဟာ လီဗာပူးတိုက္စစ္သမား မာေနးကို အကိုၾကီးလို ယံုၾကည္ကိုးစားသူျဖစ္ျပီး မာေနးေျခရာ လိုက္ႏုိင္ဖို႔ ၾကိဳးစားလိုတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ေရာက္လာဖို႔ စတင္ခဲ့တဲ့ ေျခလွမ္းအေၾကာင္း ေျပာျပရာမွာ ဆာက “ ရီးနက္စ္နဲ႔ ဘာစီလိုနာတို႔ထံက ကမ္းလွမ္းမႈႏွစ္ခုကို ရရွိခဲ့တယ္။ ပြဲကစားခြင့္ရမယ့္ ကလပ္ကို ေျပာင္းလိုတာေၾကာင့္ ရီးနက္စ္ကို ေျပာင္းခဲ့တယ္။ ဘာစီလိုနာမွာဆိုရင္ စီနီယာပြဲထြက္ခြင့္ ရဖို႔ မလြယ္ဘူးလို႔ က်ေနာ္ ေတြးမိခဲ့တယ္။

အျခား ကစားသမားေတြဆိုရင္ ဘာစီလိုနာကိုပဲ ေရြးၾကမွာပါ။ က်ေနာ္ကေတာ့ ကိုယ္ရဲ႕ ကစားသမားဘဝကို အေလးအနက္ စဥ္းစားျပီး ျဖစ္ခ်င္တယ္။ ပြဲကစားခြင့္နဲ႔ တိုးတက္လာလိုတယ္။ အသင္းၾကီးေတြကို သြားတာက အႏၱရာယ္မ်ားတယ္ေလ အဲ့လို အျဖစ္ မခံႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရီးနက္စ္ကေန ပရီးမီးယားလိဂ္ ဝတ္ဖိုဒ့္အသင္းကို ေပါင္ ၃၁ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္သမားက မာေနးကို အကိုၾကီးတစ္ဦးလို ယံုၾကည္ကိုးစားပါေၾကာင္းနဲ႔ သူ႔လို ျဖစ္လာဖို႔ ၾကိဳးစားလိုတယ္လို႔ ေျပာျပခဲ့ေသးတယ္။ မာေနးနဲ႔ ဆာဟာ ဆီနီေဂါ လက္ေရြးစင္အသင္းသားေတြျဖစ္ျပီး မာေနးဟာ သူ႔ရဲ႕ ေကာင္ေလးကို ဂရုစိုက္ေပးဖို႔ ဝတ္ဖိုဒ့္ အသင္းေခါင္းေဆာင္ကို ေမတၱာရပ္ခံထားေသးတာျဖစ္တယ္။

“ သူက အျမဲတမ္း စာပို႔တယ္၊ က်ေနာ္ကို စကားေျပာတယ္၊ အျမဲတမ္း အၾကံေပးပါတယ္။ သူက အေကာင္းဆံုးပါ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးတင္မကပဲ ေနရာတိုင္းမွာ အေကာင္းဆံုး ကစားႏုိင္မယ့္သူပါ။ ဆီနီေဂါတစ္ႏုိင္ငံလံုး သူ႔ကို ၾကည့္ၾကျပီး သူ႔လို ျဖစ္လိုၾကတယ္။ က်ေနာ္ရဲ႕ ႏုိင္ငံက သူ႔လို က်ေနာ္ကို အားေပးတာမ်ိဳး ျဖစ္လိုတယ္။ ဒါေပမယ့္ တစ္ရက္မွာ အဲ့လိုျဖစ္မယ္လို႔ ယံုၾကည္ပါတယ္ ” ဆိုျပီး ဆာက ေျပာဆိုခဲ့တာျဖစ္တယ္။