အက်ဖ်အေ တာဝန်ရှိသူတွေက မန်စီးတီးရဲ့ လူငယ် ကင်းထောက်မှုဆိုင်ရာ စနစ်ကို လီဗာပူးဘက်က ဟက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှု လုပ်ဖို့အား ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အက်ဖ်အေဘက်က တာဝန်ရှိသူက ” ဒီကိစ္စရပ်နဲ့ ပတ်သတ်ပြီး အက်ဖ်အေက လက်ခံရရှိထားတဲ့ သက်သေ အထောက်အထားတွေကို သေချာစွာ လေ့လာ သုံးသပ်ခဲ့ပါတယ်။ အချက်အလက်တွေထဲမှာ နှစ်ဘက် ကလပ်အသင်းတွေက ပေးပို့ထားတဲ့ အချက်တွေ ပါဝင်ပေမယ့် စုံစမ်းစစ်ဆေးမှု ဆက်လက် မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီဆုံးဖြတ်ချက်က အချက်အလက်တွေ အများကြီးပေါ်မှာ အခြေခံပြီး ထွက်ပေါ်လာတာပါ။ ကလပ်နှစ်သင်းလုံးကလည်း လက်ခံခဲ့ပြီး ဖြစ်တယ်။ ဒါပေမယ့် စည်းမျဉ်းတွေအရ ထပ်တိုး သက်သေတွေ ထပ်မံ တင်ပြလာရင်တော့ ဒီကိစ္စ မစုံစမ်းဘူးဆိုတဲ့ ဆုံးဖြတ်ချက် အပေါ် ပြန်လည် သုံးသပ်ကောင်း သုံးသပ်ဦးမှာ ဖြစ်ပါတယ်။ ” လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်တယ်။

မန်စီးတီးဟာ ၎င်းတို့ရဲ့ ကစာသမား ကင်းထောက်မှုစနစ်ကို လီဗာပူးဘက်က ဝင်ရောက် ချိုးဖောက်ပြီး နည်းနာယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြုလုပ်ထားတာပါ။ ဒီကိစ္စကို The Times ရဲ့ ဖော်ထုတ်မှုအရ စက်တင်ဘာတုန်းက သိရတာဖြစ်ပြီး လီဗာပူးဘက်က မန်စီးတီးကို ပေါင် ၁ သန်း ပေးဖို့ သဘောတူညီခဲ့တယ်လို့ သိရတယ်။

Scout7 လို့ခေါ်တဲ့ အဆိုပါစနစ်ကို လီဗာပူးက ချိုးဖောက်ခဲ့တာဟာ ၂၀၁၃ ခုနှစ်ကလို့ သိရပြီး ဒီကိစ္စ နောက်ကွယ်က ပါဝင်သူတွေထဲမှ မန်စီးတီး ဝန်ထမ်းဟောင်းတွေဟာ လက်ရှိမှာ လီဗာပူးအသင်း ဝန်ထမ်းတွေဖြစ်ကြကာ တစ်ဦးကတော့ လီဗာပူးရဲ့ လူသစ်ခေါ်ယူမှုဆိုင်ရာ အကြီးအကဲ ဒေ့ဖော်လိုးပဲ ဖြစ်ပါတယ်။

အားကစားဒါရိုက်တာ မိုင်ကယ် အဒ်ဝတ်က Scout7 စနစ်ကို အကြိမ် ရာနဲ့ချီ ကြည့်ရှုခဲ့တယ်လို့ မန်စီးတီးက စွပ်စွဲခဲ့ပြီး ဒီကိစ္စကို အရေးယူပေးဖို့ အက်ဖ်အေထံ တိုင်ကြားထားခဲ့တာဖြစ်တယ်။ ၂၀၁၁ ခုနှစ်မှာ စပါးအသင်းရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူအဖြစ်ကနေ လီဗာပူးကို ပြောင်းလာတဲ့ အဒ်ဝတ်ဟာ အစောပိုင်းမှာ တူညီတဲ့ ရာထူးကိုပဲ ရယူခဲ့ပေမယ့် နည်းစနစ်ပိုင်း စွမ်းဆောင်ရည် ဒါရိုက်တာ၊ နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာ ရာထူးတွေကို တိုးတက်ရရှိခဲ့သူဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအ တာဝန္ရွိသူေတြက မန္စီးတီးရဲ႕ လူငယ္ ကင္းေထာက္မႈဆိုင္ရာ စနစ္ကို လီဗာပူးဘက္က ဟက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကို စံုစမ္းစစ္ေဆးမႈ လုပ္ဖို႔အား ပိတ္သိမ္းလိုက္ျပီျဖစ္ပါတယ္။

အက္ဖ္ေအဘက္က တာဝန္ရွိသူက ” ဒီကိစၥရပ္နဲ႕ ပတ္သတ္ျပီး အက္ဖ္ေအက လက္ခံရရွိထားတဲ့ သက္ေသ အေထာက္အထားေတြကို ေသခ်ာစြာ ေလ့လာ သံုးသပ္ခဲ့ပါတယ္။ အခ်က္အလက္ေတြထဲမွာ နွစ္ဘက္ ကလပ္အသင္းေတြက ေပးပို႔ထားတဲ့ အခ်က္ေတြ ပါ၀င္ေပမယ့္ စံုစမ္းစစ္ေဆးမႈ ဆက္လက္ မျပဳလုပ္ဖို႔ ဆံုးျဖတ္လိုက္ပါျပီ။

ဒီဆံုးျဖတ္ခ်က္က အခ်က္အလက္ေတြ အမ်ားၾကီးေပၚမွာ အေျခခံျပီး ထြက္ေပၚလာတာပါ။ ကလပ္နွစ္သင္းလံုးကလည္း လက္ခံခဲ့ျပီး ျဖစ္တယ္။ ဒါေပမယ့္ စည္းမ်ဥ္းေတြအရ ထပ္တိုး သက္ေသေတြ ထပ္မံ တင္ျပလာရင္ေတာ့ ဒီကိစၥ မစံုစမ္းဘူးဆိုတဲ့ ဆံုးျဖတ္ခ်က္ အေပၚ ျပန္လည္ သံုးသပ္ေကာင္း သံုးသပ္ဦးမွာ ျဖစ္ပါတယ္။ ” လို႔ သတင္းထုတ္ျပန္ခဲ့တာျဖစ္တယ္။

မန္စီးတီးဟာ ၄င္းတို႔ရဲ႕ ကစာသမား ကင္းေထာက္မႈစနစ္ကို လီဗာပူးဘက္က ဝင္ေရာက္ ခ်ိဳးေဖာက္ျပီး နည္းနာယူခဲ့့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ျပဳလုပ္ထားတာပါ။ ဒီကိစၥကို The Times ရဲ႕ ေဖာ္ထုတ္မႈအရ စက္တင္ဘာတုန္းက သိရတာျဖစ္ျပီး လီဗာပူးဘက္က မန္စီးတီးကို ေပါင္ ၁ သန္း ေပးဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရတယ္။

Scout7 လို႔ေခၚတဲ့ အဆိုပါစနစ္ကို လီဗာပူးက ခ်ိဳးေဖာက္ခဲ့တာဟာ ၂၀၁၃ ခုႏွစ္ကလို႔ သိရျပီး ဒီကိစၥ ေနာက္ကြယ္က ပါဝင္သူေတြထဲမွ မန္စီးတီး ဝန္ထမ္းေဟာင္းေတြဟာ လက္ရွိမွာ လီဗာပူးအသင္း ဝန္ထမ္းေတြျဖစ္ၾကကာ တစ္ဦးကေတာ့ လီဗာပူးရဲ႕ လူသစ္ေခၚယူမႈဆုိင္ရာ အၾကီးအကဲ ေဒ့ေဖာ္လိုးပဲ ျဖစ္ပါတယ္။

အားကစားဒါရိုက္တာ မိုင္ကယ္ အဒ္ဝတ္က Scout7 စနစ္ကို အၾကိမ္ ရာနဲ႔ခ်ီ ၾကည့္ရႈခဲ့တယ္လို႔ မန္စီးတီးက စြပ္စြဲခဲ့ျပီး ဒီကိစၥကို အေရးယူေပးဖို႔ အက္ဖ္ေအထံ တိုင္ၾကားထားခဲ့့တာျဖစ္တယ္။ ၂၀၁၁ ခုႏွစ္မွာ စပါးအသင္းရဲ႕ စြမ္းေဆာင္ရည္ဆုိင္ရာ ခြဲျခမ္းစိတ္ျဖာသူအျဖစ္ကေန လီဗာပူးကို ေျပာင္းလာတဲ့ အဒ္ဝတ္ဟာ အေစာပိုင္းမွာ တူညီတဲ့ ရာထူးကိုပဲ ရယူခဲ့ေပမယ့္ နည္းစနစ္ပိုင္း စြမ္းေဆာင္ရည္ ဒါရိုက္တာ၊ နည္းစနစ္ဒါရိုက္တာ၊ အားကစားဒါရိုက္တာ ရာထူးေတြကို တိုးတက္ရရွိခဲ့သူျဖစ္ပါတယ္။