လီဗာပူးအသင်းရဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန် အသင်း မန်နေဂျာ အန်ဆာလော့တီက ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လီဗာပူး စောစောစီးစီး ရရင် အောင်ပွဲခံမှာက သူတို့ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ် ဖြစ်မှာ မလိုလားကြောင်း ဖွင့်ဟလိုက်ပါတယ်။ ၎င်းက လီဗာပူး အောင်ပွဲခံနေတာကို ကြည့်မနေရဖို့ မျှော်လင့်ကြောင်း ဆိုခဲ့တာပါ။

လီဗာပူးအသင်းဟာ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၂၂ မှတ် ဖြတ် ဦးဆောင်ထားပြီး နှစ်ပေါင်း ၃၀ ကြာဝေးကွားနေတဲ့ အမှတ်ပေးဖလား ရယူဖို့ အနီးစပ်ဆုံး ဖြစ်နေပါပြီ။

ဒီရာသီ ရှုံးပွဲ မရှိသေးတဲ့ လီဗာပူးက နိုင်ပွဲတွေ ဆက်ယူနေပြီး စီးတီးနဲ့ လက်စတာသာ တစ်ပွဲစီလောက် အမှတ် လျော့မယ်ဆိုရင် လီဗာပူးက မတ်လ ၁၆ ရက်နေ့ ဂွတ်ဒီဆင်ပါ့ခ်မှာ ကန်မယ့် ပွဲမှာတင် ချန်ပီယံ ဖြစ်လာနိုင်ပြီ ဖြစ်ပါတယ်။

ဒီအနေအထားအပေါ် ဘယ်လို သဘောရလဲလို့ အဲဗာတန်နည်းပြ အန်ဆာလော့တီ ကို စကိုင်းစပေါ့မှာ မေးမြန်းဆွေးနွေးခဲ့ရာ ဂွတ်ဒီဆင် ပါ့ခ်မှာ မြို့ခံ ပြိုင်ဘက်အသင်း အောင်ပွဲ ခံနေတာ ထိုင်မကြည့်နေရဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” လီဗာပူးက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲကို စွဲတော့မှာပါ ဒါပေမယ့် ဂွတ်ဒီဆင်ပါ့ခ်မှာ မဖြစ်ဖို့တော့ မျှော်လင့်တယ်။ ကွင်းတွေ အများကြီး ရှိတယ်ဗျာ ဘာလို့ ဂွတ်ဒီပါ့ခ် ကွင်း မှလဲ။ လီဗာပူး ပရိသတ်တွေကတော့ အဲဒီလို ဖြစ်လာရင် အကြိုက်တွေ့မှာပေါ့ အဲဗာတန် ပရိသတ်တွေကတော့ ဒီလို သဘောထားနိုင်ပါ့မလား ကျနော် မသေချာဘူး။

မာဆေးဆိုဒ်က အသင်း တစ်သင်း ရသွားတာ ကောင်းပါတယ်။ ဒါပေမယ့် အန်းဖီးမှာ အောင်ပွဲခံပါစေဗျာ။ ဒါပေမယ့် ဂွတ်ဒီဆင်ပါ့ခ်မှာ ပွဲခံဖို့ ဖြစ်လာရင်လည်း လီဗာပူး ပရိသတ် တစ်ယောက်ကမှတော့ စိတ်တိုနေမှာ မဟုတ်ဘူး လို့ ကျနော် ထင်တယ်။

တစ်ခု သေချာတာက အဲဗာတန်ဟာ လီဗာပူး အဲဒီမှာ အောင်ပွဲ မခံနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။ ဒီတော့ ဒါဘီပွဲကတော့ သိပ်ကြည့် ကောင်းတဲ့ ပွဲ ဖြစ်လာဦးမှာပါ။ ” လို့ အန်ဆာလော့တီက ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ ပွဲတိုင်း အနိုင်ကန်နိုင်ရင် နောက်ထပ် ၆ ပွဲ အကြာ အန်းဖီးမှာ ကန်မယ့် ပဲလေ့စ်နဲ့ပွဲမှာ ချန်ပီယံ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြားထဲ မန်စီးတီးက တစ်ပွဲ ရှုံးပြီး လက်စတာပါ အမှတ်လျော့ရင် ထပ်စောင့်စရာ မလိုဘဲ တစ်ပွဲ စောကာ အဲဗာတန်နဲ့ ပွဲမှာတင် ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်မှာပါ။ မြို့ခံ ပရိသတ်တွေကတော့ ဒါကို ကြိုက်မှာ မဟုတ်ပါဘူး။

Zawgyi – လီဗာပူးအသင္းရဲ႕ ျမိဳ႕ခံ ျပိဳင္ဘက္ အဲဗာတန္ အသင္း မန္ေနဂ်ာ အန္ဆာေလာ့တီက ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို လီဗာပူး ေစာေစာစီးစီး ရရင္ ေအာင္ပြဲခံမွာက သူတို႔ အိမ္ကြင္း ဂြတ္ဒီဆင္ပါ့ခ္ ျဖစ္မွာ မလိုလားေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ ၄င္းက လီဗာပူး ေအာင္ပြဲခံေနတာကို ၾကည့္မေနရဖို႔ ေမွ်ာ္လင့္ေၾကာင္း ဆိုခဲ့တာပါ။

လီဗာပူးအသင္းဟာ လက္ရွိ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ၂၂ မွတ္ ျဖတ္ ဦးေဆာင္ထားျပီး နွစ္ေပါင္း ၃၀ ၾကာေ၀းကြားေနတဲ့ အမွတ္ေပးဖလား ရယူဖို႔ အနီးစပ္ဆံုး ျဖစ္ေနပါျပီ။ ဒီရာသီ ရွံဳးပြဲ မရွိေသးတဲ့ လီဗာပူးက နုိင္ပြဲေတြ ဆက္ယူေနျပီး စီးတီးနဲ႕ လက္စတာသာ တစ္ပြဲစီေလာက္ အမွတ္ ေလ်ာ့မယ္ဆိုရင္ လီဗာပူးက မတ္လ ၁၆ ရက္ေန႔ ဂြတ္ဒီဆင္ပါ့ခ္မွာ ကန္မယ့္ ပြဲမွာတင္ ခ်န္ပီယံ ျဖစ္လာနုိင္ျပီ ျဖစ္ပါတယ္။

ဒီအေနအထားအေပၚ ဘယ္လို သေဘာရလဲလို႔ အဲဗာတန္နည္းျပ အန္ဆာေလာ့တီ ကို စကိုင္းစေပါ့မွာ ေမးျမန္းေဆြးေႏြးခဲ့ရာ ဂြတ္ဒီဆင္ ပါ့ခ္မွာ ျမိဳ႕ခံ ျပိဳင္ဘက္အသင္း ေအာင္ပြဲ ခံေနတာ ထိုင္မၾကည့္ေနရဖို႔ ေမွ်ာ္လင့္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” လီဗာပူးက ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲကို စြဲေတာ့မွာပါ ဒါေပမယ့္ ဂြတ္ဒီဆင္ပါ့ခ္မွာ မျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္တယ္။ ကြင္းေတြ အမ်ားၾကီး ရွိတယ္ဗ်ာ ဘာလို႔ ဂြတ္ဒီပါ့ခ္ ကြင္း မွလဲ။ လီဗာပူး ပရိသတ္ေတြကေတာ့ အဲဒီလို ျဖစ္လာရင္ အၾကိဳက္ေတြ႔မွာေပါ့ အဲဗာတန္ ပရိသတ္ေတြကေတာ့ ဒီလို သေဘာထားနုိင္ပါ့မလား က်ေနာ္ မေသခ်ာဘူး။

မာေဆးဆိုဒ္က အသင္း တစ္သင္း ရသြားတာ ေကာင္းပါတယ္။ ဒါေပမယ့္ အန္းဖီးမွာ ေအာင္ပြဲခံပါေစဗ်ာ။ ဒါေပမယ့္ ဂြတ္ဒီဆင္ပါ့ခ္မွာ ပြဲခံဖို႔ ျဖစ္လာရင္လည္း လီဗာပူး ပရိသတ္ တစ္ေယာက္ကမွေတာ့ စိတ္တိုေနမွာ မဟုတ္ဘူး လို႔ က်ေနာ္ ထင္တယ္။

တစ္ခု ေသခ်ာတာက အဲဗာတန္ဟာ လီဗာပူး အဲဒီမွာ ေအာင္ပြဲ မခံနုိင္ေအာင္ ၾကိဳးစားသြားမွာ ျဖစ္တယ္။ ဒီေတာ့ ဒါဘီပြဲကေတာ့ သိပ္ၾကည့္ ေကာင္းတဲ့ ပြဲ ျဖစ္လာဦးမွာပါ။ ” လို႔ အန္ဆာေလာ့တီက ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာ ပြဲတိုင္း အနုိင္ကန္နိုင္ရင္ ေနာက္ထပ္ ၆ ပြဲ အၾကာ အန္းဖီးမွာ ကန္မယ့္ ပဲေလ့စ္နဲ႕ပြဲမွာ ခ်န္ပီယံ ျဖစ္နုိင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီၾကားထဲ မန္စီးတီးက တစ္ပြဲ ရွံဳးျပီး လက္စတာပါ အမွတ္ေလ်ာ့ရင္ ထပ္ေစာင့္စရာ မလိုဘဲ တစ္ပြဲ ေစာကာ အဲဗာတန္နဲ႕ ပြဲမွာတင္ ခ်န္ပီယံ အျဖစ္ ေအာင္ပြဲ ခံနုိင္မွာပါ။ ျမိဳ႔ခံ ပရိသတ္ေတြကေတာ့ ဒါကို ၾကိဳက္မွာ မဟုတ္ပါဘူး။