ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်က အတိတ်တုန်းက ယူနိုက်တက်ကို ပြိုင်ဘက်တိုင်းက အနိုင်ယူချင်ကြသလိုပဲ ဒီကနေ့မှာ လီဗာပူးကို ပြိုင်ဘက်တိုင်းက အနိုင်ကစားလိုနေကြပါပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မိုးယက်စ်က ” လူတိုင်းက လီဗာပူးကို အနိုင်ရဖို့ ကြိုးစားလာကြတယ်။ ဒါက ဘောလုံးမှာ ဖြစ်နေတာပါပဲ။ ယူနိုက်တက်မှာ ကျနော်ရှိနေတုန်းက အဲ့လိုမျိုး ဖြစ်ခဲ့ပါတယ်။ လူတိုင်းက မန်ချက်စတာယူနိုက်တက် ဆိုတာနဲ့ အနိုင်ယူဖို ကြိုးစားလိုကြပြီး အသင်းတွေ တိုးတက်လာကြတယ်။

အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ရတိုင်းမှာ အသင်းတွေက ဘယ်လို အနိုင်ယူမလဲဆိုတာကို အဖြေထုတ်လိုကြတယ်။ မန်နေဂျာတွေက ဘယ်လို စနစ်နဲ့ဆိုရင်၊ ဘယ်လို ကစားသမားနဲ့ဆိုရင် သူတို့ကို အနိုင်ရမလဲဆိုတာကို စဉ်းစားလာကြတယ် လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးက မန်စီးတီးကို ၂၂ မှတ် အသာရထားကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မိုးယက်စ်ကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ မန်စီးတီးက အတော်လေး ကြောက်စရာ ကောင်းခဲ့ပေမယ့် လီဗာပူးကလည်း အဆိုပါ အနေအထားကို ရောက်လာခဲ့ပြီလို့ ဆိုပါတယ်။

” ဒီနှစ်တွေမှာ မန်စီးတီးက မယုံနိုင်လောက်တဲ့ ပုံစံကောင်းတွေ ရနေတာဖြစ်တယ်။ လီဗာပူးကလည်း တူညီတဲ့ အနေအထား ရှိလာတာကို မြင်နေရတယ်။ ကျနော် ပြောနိုင်တာက အသင်းတိုင်းက လိဂ်မှာ နှစ်ကျော့ကစားရတာပါ။ ကျနော် ရောက်လာတဲ့ ကာလတိုအတွင်းမှာ လီဗာပူးနဲ့ နှစ်ကြိမ် နောက်ပြီး မန်စီးတီးနဲ့ ကစားရပါမယ်။

သူတို့တွေက ခက်ခဲတယ်ဆိုတာ ကျနော် သိတယ်။ ကြိုးစားပြီး ရလဒ်တွေ ရယူနိုင်အောင် လုပ်ရမှာပါပဲ။ ဥရောပမှာ သူတို့လို အသင်းအနည်းငယ်ကို ရင်ဆိုင်ရတာကိုပဲ ခက်ခဲတဲ့ ပွဲတွေလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အဲ့တာက စိန်ခေါ်မှုပါပဲ။

မန်စီးတီးက မျှော်လင့်ချက် မြင့်မြင့်မားမားနဲ့ အောင်မြင်ခဲ့တာကို မြင်ခဲ့ရတယ်။ လီဗာပူးကလည်း မန်စီးတီးကို ပိုကောင်းတဲ့ ကစားသမားတွေနဲ့ အနိုင်ယူစရာ နည်းလမ်းကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ပွဲတွေ အားလုံးကို ရလဒ်ကောင်းရဖို့အတွက် ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားသွားရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းမန္ေနဂ်ာ မိုးယက္စ္က အတိတ္တုန္းက ယူႏုိက္တက္ကို ျပိဳင္ဘက္တိုင္းက အႏုိင္ယူခ်င္ၾကသလိုပဲ ဒီကေန႔မွာ လီဗာပူးကို ျပိဳင္ဘက္တိုင္းက အႏုိင္ကစားလိုေနၾကပါျပီလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

မိုးယက္စ္က ” လူတိုင္းက လီဗာပူးကို အႏုိင္ရဖို႔ ၾကိဳးစားလာၾကတယ္။ ဒါက ေဘာလံုးမွာ ျဖစ္ေနတာပါပဲ။ ယူႏုိက္တက္မွာ က်ေနာ္ရွိေနတုန္းက အဲ့လိုမ်ိဳး ျဖစ္ခဲ့ပါတယ္။ လူတိုင္းက မန္ခ်က္စတာယူႏုိက္တက္ ဆိုတာနဲ႔ အႏုိင္ယူဖို ၾကိဳးစားလိုၾကျပီး အသင္းေတြ တိုးတက္လာၾကတယ္။

အေကာင္းဆံုးအသင္းနဲ႔ ယွဥ္ျပိဳင္ရတိုင္းမွာ အသင္းေတြက ဘယ္လို အႏုိင္ယူမလဲဆိုတာကို အေျဖထုတ္လိုၾကတယ္။ မန္ေနဂ်ာေတြက ဘယ္လို စနစ္နဲ႔ဆိုရင္၊ ဘယ္လို ကစားသမားနဲ႔ဆိုရင္ သူတို႔ကို အႏုိင္ရမလဲဆိုတာကို စဥ္းစားလာၾကတယ္ လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးက မန္စီးတီးကို ၂၂ မွတ္ အသာရထားကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီး မိုးယက္စ္ကေတာ့ ျပီးခဲ့တဲ့ႏွစ္ေတြမွာ မန္စီးတီးက အေတာ္ေလး ေၾကာက္စရာ ေကာင္းခဲ့ေပမယ့္ လီဗာပူးကလည္း အဆိုပါ အေနအထားကို ေရာက္လာခဲ့ျပီလုိ႔ ဆိုပါတယ္။

” ဒီႏွစ္ေတြမွာ မန္စီးတီးက မယံုႏုိင္ေလာက္တဲ့ ပံုစံေကာင္းေတြ ရေနတာျဖစ္တယ္။ လီဗာပူးကလည္း တူညီတဲ့ အေနအထား ရွိလာတာကို ျမင္ေနရတယ္။ က်ေနာ္ ေျပာႏိုင္တာက အသင္းတိုင္းက လိဂ္မွာ ႏွစ္ေက်ာ့ကစားရတာပါ။ က်ေနာ္ ေရာက္လာတဲ့ ကာလတိုအတြင္းမွာ လီဗာပူးနဲ႔ ႏွစ္ၾကိမ္ ေနာက္ျပီး မန္စီးတီးနဲ႔ ကစားရပါမယ္။

သူတို႔ေတြက ခက္ခဲတယ္ဆိုတာ က်ေနာ္ သိတယ္။ ၾကိဳးစားျပီး ရလဒ္ေတြ ရယူႏုိင္ေအာင္ လုပ္ရမွာပါပဲ။ ဥေရာပမွာ သူတို႔လို အသင္းအနည္းငယ္ကို ရင္ဆိုင္ရတာကိုပဲ ခက္ခဲတဲ့ ပြဲေတြလို႔ ေျပာလို႔ ရပါတယ္။ ဒါေပမယ့္ အဲ့တာက စိန္ေခၚမႈပါပဲ။

မန္စီးတီးက ေမွ်ာ္လင့္ခ်က္ ျမင့္ျမင့္မားမားနဲ႔ ေအာင္ျမင္ခဲ့တာကို ျမင္ခဲ့ရတယ္။ လီဗာပူးကလည္း မန္စီးတီးကို ပိုေကာင္းတဲ့ ကစားသမားေတြနဲ႔ အႏုိင္ယူစရာ နည္းလမ္းကို ရွာေဖြေတြ႔ခဲ့တယ္။ အဲ့ပြဲေတြ အားလံုးကို ရလဒ္ေကာင္းရဖို႔အတြက္ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားသြားရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။