လီဗာပူးရဲ့ ဒီရာသီ ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးဖြစ်သူ မာနေးကတော့ အရင်လက ရထားတဲ့ ဒဏ်ရာကနေ ပြန်သက်သာလာကြောင်း သတင်းပေးမှုကို မနေ့ကပဲ ပြုလုပ်သွားခဲ့ပါတယ်။

လီဗာပူးက ဝက်ဟမ်း၊ ဆောက်သမ်တန်အသင်းတွေကို အနိုင်ရတဲ့ပွဲတွေမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ဝုဗ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်တယ်။ ဒဏ်ရာက ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် နောက်ဆုံး နှစ်ပွဲကို မာနေး ပါဝင်ပေးနိုင်မှာ မဟုတ်ကြောင်းကို ကလော့ပ်က ကြိုတင် သတင်းပေးခဲ့သေးတာဖြစ်တယ်။

မန်နေဂျာကြီးက ” ဝက်ဟမ်းပွဲမှာကော ဆောက်သမ်တန်ပွဲမှာပါ ဆာဒီယို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲ့တာတွေပြီးရင် သူအဆင်ပြေမှာပါ။ ကြွက်သားမှာ အသေးစား ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။ သူကံကောင်းပါတယ် မစိုးရိမ်ရပါဘူး ” လို့ ဆိုထားခဲ့တာပါ။

ပရီးမီးယားလိဂ်အတွက် မာနေးရဲ့ အနေအထားကို စိတ်ပူစရာ မဟုတ်ပေမယ့် ချန်ပီယံရံှူးထွက်ပွဲတွေ ကစားရတော့မှာမို့ မာနေး ပြန်ပါလာနိုင်ပမလား စိတ်ပူနေကြရတာပါ။ ဒါပေမယ့် ဇန်နဝါရီနားရက် ပထမအပတ် ကုန်ခါနီးမှာပဲ မာနေးက သူအခြေအနေ ကောင်းနေတယ်ဆိုတာကို ထုတ်ပြလာခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းရဲ့ မဲဝုဒ် လေ့ကျင့်ရေးမှာ ခွင့်ကနေ ပြန်လာတဲ့ ကစားသမားအချို့ကို မြင်တွေ့နေရပြီး ဆာဒီယို၊ လိုဗရန်၊ ဆာလက်တို့လို ကစားသမားတွေ ပါဝင်လာခဲ့တာဖြစ်တယ်။ ဆာဒီယိုက အဝတ်လဲခန်းထဲမှာ မိုရဲ့ သူငယ်ချင်း လိုဗရန်နဲ့ ရှိနေကြောင်းကို ပုံတင်သွားခဲ့ပြီး သူ့ကို ပေါ့ပေါ့ပါးပါး အနေအထားနဲ့ တွေ့မြင်ရတာဖြစ်တယ်။

၁၄ ရက် အားလပ်ရက်မှာ လက်ကျန် ရာသီဝက်နဲ့ ချန်ပီယံလိဂ်ပွဲတွေအတွက် ပြင်ဆင်ချိန် ၉ ရက်လောက် ရှိနေသေးပြီး မာနေးရဲ့ ကြံ့ခိုင်မှုကို ပိုမို မြင်သာတဲ့ အနေအထားမျိုး မကြာခင်မှာ ထပ်သိလာရဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ဒီရာသီ ထိပ္တန္းဂိုးသြင္းရွင္ တစ္ဦးျဖစ္သူ မာေနးကေတာ့ အရင္လက ရထားတဲ့ ဒဏ္ရာကေန ျပန္သက္သာလာေၾကာင္း သတင္းေပးမႈကို မေန႔ကပဲ ျပဳလုပ္သြားခဲ့ပါတယ္။

လီဗာပူးက ဝက္ဟမ္း၊ ေဆာက္သမ္တန္အသင္းေတြကို အႏုိင္ရတဲ့ပြဲေတြမွာ ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ခဲ့တဲ့ အသက္ ၂၇ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဝုဗ္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ဒဏ္ရာရခဲ့တာျဖစ္တယ္။ ဒဏ္ရာက ျပင္းျပင္းထန္ထန္ မဟုတ္ေပမယ့္ ေနာက္ဆံုး ႏွစ္ပြဲကို မာေနး ပါဝင္ေပးႏုိင္မွာ မဟုတ္ေၾကာင္းကို ကေလာ့ပ္က ၾကိဳတင္ သတင္းေပးခဲ့ေသးတာျဖစ္တယ္။

မန္ေနဂ်ာၾကီးက ” ဝက္ဟမ္းပြဲမွာေကာ ေဆာက္သမ္တန္ပြဲမွာပါ ဆာဒီယို ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ အဲ့တာေတြျပီးရင္ သူအဆင္ေျပမွာပါ။ ၾကြက္သားမွာ အေသးစား ဒဏ္ရာရခဲ့ျခင္းျဖစ္ပါတယ္။ သူကံေကာင္းပါတယ္ မစိုးရိမ္ရပါဘူး ” လို႔ ဆိုထားခဲ့တာပါ။

ပရီးမီးယားလိဂ္အတြက္ မာေနးရဲ႕ အေနအထားကို စိတ္ပူစရာ မဟုတ္ေပမယ့္ ခ်န္ပီယံရံွဴးထြက္ပြဲေတြ ကစားရေတာ့မွာမို႔ မာေနး ျပန္ပါလာႏုိင္ပမလား စိတ္ပူေနၾကရတာပါ။ ဒါေပမယ့္ ဇန္နဝါရီနားရက္ ပထမအပတ္ ကုန္ခါနီးမွာပဲ မာေနးက သူအေျခအေန ေကာင္းေနတယ္ဆိုတာကို ထုတ္ျပလာခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းရဲ႕ မဲဝုဒ္ ေလ့က်င့္ေရးမွာ ခြင့္ကေန ျပန္လာတဲ့ ကစားသမားအခ်ိဳ႕ကို ျမင္ေတြ႔ေနရျပီး ဆာဒီယို၊ လိုဗရန္၊ ဆာလက္တို႔လို ကစားသမားေတြ ပါဝင္လာခဲ့တာျဖစ္တယ္။ ဆာဒီယိုက အဝတ္လဲခန္းထဲမွာ မိုရဲ႕ သူငယ္ခ်င္း လိုဗရန္နဲ႔ ရွိေနေၾကာင္းကို ပံုတင္သြားခဲ့ျပီး သူ႔ကို ေပါ့ေပါ့ပါးပါး အေနအထားနဲ႔ ေတြ႔ျမင္ရတာျဖစ္တယ္။

၁၄ ရက္ အားလပ္ရက္မွာ လက္က်န္ ရာသီဝက္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြအတြက္ ျပင္ဆင္ခ်ိန္ ၉ ရက္ေလာက္ ရွိေနေသးျပီး မာေနးရဲ႕ ၾကံ႕ခိုင္မႈကို ပိုမို ျမင္သာတဲ့ အေနအထားမ်ိဳး မၾကာခင္မွာ ထပ္သိလာရဖို႔ ရွိေနတာျဖစ္ပါတယ္။