ကမ္ဘာဘောလုံးစင်မြင့်ပေါ် အရှိန်နဲ့ တိုးတက်လာနေတဲ့ လီဗာပူးအသင်းဟာ မနှစ်ကရာသီ ကမ္ဘာတစ်လွှားက အသင်းဝဘ်ဆိုဒ် ဝင်ရောက် ဖတ်ရှုမှုနှုန်းမှာ ဒုတိယအမြင့်ဆုံး နေရာကို တက်လှမ်းလာခဲ့တယ်လို့ သိရပါတယ်။

မနှစ်ကရာသီမှာ လီဗာပူးအသင်းဝဘ်ဆိုဒ်ကို တစ်လ ပျှမ်းမျှကြည့်နှုန်းဟာ ၈၆၃၀၀၀ ရှိခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရံှူးပွဲ တစ်ပွဲပဲရှိတဲ့ လီဗာပူးအသင်းနဲ့ ပက်သက်လို့ ကလပ်အသင်းဘက်က သတင်းထုတ်ပြန်မှုကို စောင့်ကြည့် လေ့လာတဲ့ ပရိသတ်တွေက အရှိန်နဲ့ မြင့်တက်လာခဲ့တာပါ။

ကမ္ဘာပထမဆုံးနေရာမှာတော့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က တစ်လကို ပျှမ်းမျှဝင်ကြည့်နှုန်း ၂.၀၁ သန်းထိ ရှိထားတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် လီဗာပူးရဲ့နောက်မှာတော့ ဘာစီလိုနာ (၈၁၂၀၀၀)၊ ယူနိုက်တက် (၇၇၁၀၀၀) နဲ့ ကမ္ဘာကျော်တိုက်စစ်သမား ရော်နယ်ဒိုကို ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်က (၅၈၂၀၀၀) အဖြစ် အစဉ်လိုက် ရပ်တည်နေခဲ့တာဖြစ်တယ်။

ကမ္ဘာပေါ်မှာ ပရိသတ် ဝင်ရောက်ကြည့်ရှုမှု အမြင့်ဆုံး ဘောလုံးအသင်း ၁၀ သင်းစာရင်းထဲမှာ ပရီးမီးယားလိဂ်ကလပ် ၅ သင်း ဝင်ရောက်ခဲ့ပြီး ဒုတိယနေရာမှာ လီဗာပူး၊ နံပါတ် လေးနေရာမှာ ယူနိုက်တက်၊ နံပါတ် ၇ နေရာမှာ အာဆင်နယ် (၄၂၀၀၀၀)၊ နံပါတ် ၈ နေရာမှာ စပါး (၃၂၃၀၀၀) နဲ့ နံပါတ် ၁၀ နေရာမှာ မန်စီးတီး (၂၇၀၀၀၀) တို့ ရှိနေတာဖြစ်တယ်။

လီဗာပူးဟာ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုမှာ ပိုမိုမြင့်တက်လာနေတဲ့ အသင်းဖြစ်ပြီး ဘောလုံးကလပ်အသင်းတွေထဲ တတိယမြောက် ယူကျူဖန်း အတောင့်တင်းဆုံး၊ အင်စတာဂရမ်မှာ နံပါတ် ၆၊ တွစ်တာမှာ နံပါတ် ၆ နဲ့ ဖေ့ဘုတ်မှာ နံပါတ် ၁၀ နေရာတွေကို ရောက်ရှိနေတာဖြစ်တယ်။

ZAWGYI

ကမၻာေဘာလံုးစင္ျမင့္ေပၚ အရွိန္နဲ႔ တိုးတက္လာေနတဲ့ လီဗာပူးအသင္းဟာ မႏွစ္ကရာသီ ကမၻာတစ္လႊားက အသင္းဝဘ္ဆိုဒ္ ဝင္ေရာက္ ဖတ္ရႈမႈႏႈန္းမွာ ဒုတိယအျမင့္ဆံုး ေနရာကို တက္လွမ္းလာခဲ့တယ္လို႔ သိရပါတယ္။

မႏွစ္ကရာသီမွာ လီဗာပူးအသင္းဝဘ္ဆိုဒ္ကို တစ္လ ပွ်မ္းမွ်ၾကည့္ႏႈန္းဟာ ၈၆၃၀၀၀ ရွိခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့ျပီး ပရီးမီးယားလိဂ္မွာ ရံွဴးပြဲ တစ္ပြဲပဲရွိတဲ့ လီဗာပူးအသင္းနဲ႔ ပက္သက္လို႔ ကလပ္အသင္းဘက္က သတင္းထုတ္ျပန္မႈကို ေစာင့္ၾကည့္ ေလ့လာတဲ့ ပရိသတ္ေတြက အရွိန္နဲ႔ ျမင့္တက္လာခဲ့တာပါ။

ကမၻာပထမဆံုးေနရာမွာေတာ့ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က တစ္လကို ပွ်မ္းမွ်ဝင္ၾကည့္ႏႈန္း ၂.၀၁ သန္းထိ ရွိထားတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ လီဗာပူးရဲ႕ေနာက္မွာေတာ့ ဘာစီလိုနာ (၈၁၂၀၀၀)၊ ယူႏုိက္တက္ (၇၇၁၀၀၀) နဲ႔ ကမၻာေက်ာ္တိုက္စစ္သမား ေရာ္နယ္ဒိုကို ေခၚယူခဲ့တဲ့ ဂ်ဴဗင္တပ္က (၅၈၂၀၀၀) အျဖစ္ အစဥ္လိုက္ ရပ္တည္ေနခဲ့တာျဖစ္တယ္။

ကမၻာေပၚမွာ ပရိသတ္ ဝင္ေရာက္ၾကည့္ရႈမႈ အျမင့္ဆံုး ေဘာလံုးအသင္း ၁၀ သင္းစာရင္းထဲမွာ ပရီးမီးယားလိဂ္ကလပ္ ၅ သင္း ဝင္ေရာက္ခဲ့ျပီး ဒုတိယေနရာမွာ လီဗာပူး၊ နံပါတ္ ေလးေနရာမွာ ယူႏုိက္တက္၊ နံပါတ္ ၇ ေနရာမွာ အာဆင္နယ္ (၄၂၀၀၀၀)၊ နံပါတ္ ၈ ေနရာမွာ စပါး (၃၂၃၀၀၀) နဲ႔ နံပါတ္ ၁၀ ေနရာမွာ မန္စီးတီး (၂၇၀၀၀၀) တို႔ ရွိေနတာျဖစ္တယ္။

လီဗာပူးဟာ ကမၻာလံုးဆိုင္ရာ ေက်ာ္ၾကားမႈမွာ ပိုမုိျမင့္တက္လာေနတဲ့ အသင္းျဖစ္ျပီး ေဘာလံုးကလပ္အသင္းေတြထဲ တတိယေျမာက္ ယူက်ဴဖန္း အေတာင့္တင္းဆံုး၊ အင္စတာဂရမ္မွာ နံပါတ္ ၆၊ တြစ္တာမွာ နံပါတ္ ၆ နဲ႔ ေဖ့ဘုတ္မွာ နံပါတ္ ၁၀ ေနရာေတြကို ေရာက္ရွိေနတာျဖစ္တယ္။