လီဗာပူးအသင်း ဥက္ကဌဖြစ်ပြီး လီဗာပူးပရိသတ်လည်းဖြစ်တဲ့ တွမ်ဝါနာက အပတ်တိုင်းမှာ အောင်ပွဲတွေ ရယူနေတဲ့ အသင်းရဲ့ အနေအထားကို ကြည့်ပြီး ပျော်ရွှင်နေကြဖို့ အသင်းပရိသတ်တွေကို တိုက်တွန်းမှု လုပ်သွားခဲ့ပါတယ်။

တွမ်ဝါနာက အရမ်းကို ရှည်ကြာတဲ့ ခရီးကို ကျော်ဖြတ်လာပြီးမှ ဒီလို အောင်မြင်မှုတွေနဲ့ နီးစပ်တဲ့ အနေအထားကို ရောက်လာချိန်မှာ အပျော်တွေကို မစောပဲ အပတ်တိုင်း အသင်းကို အားပေးနေကြဖို့နဲ့ ရာသီကုန်ကျမှ အတိုးချ အောင်ပွဲခံရအောင် သိမ်းထားကြဖို့လည်း ပရိသတ်တွေကို သတိပေးခဲ့သေးတာပါ။

ဝါနာက “ ပရိသတ်တစ်ယောက်အနေနဲ့ တကယ်ကို ရှည်လျားတဲ့ အိပ်မက်ပါပဲဗျာ။ သီတင်းပတ်တိုင်းမှာ ခြားနားတဲ့ ချီးကျူးမှုတွေကို ကျနေ်ာတို့ မြင်နေရတယ်။ ယာဂင်ကေတော့ အလုပ် မပြီးသေးကြောင်းနဲ့ ရာသီကုန်မှပဲ ပိုပြီး ပျော်ရွှင်စွာ အောင်ပွဲခံကြမယ်လို့ အမြဲ ပြောပါတယ်။

လီဗာပူးပရိသတ်တွေ အပါအဝင် အားလုံးကို ကျနော် အမြဲပြောနေတာက ဒီအနေအထားကို ပျော်ရွှင်နေကြဖို့ပါ။ ကျနေ်ာတို့ ရလာတဲ့ စံချိန်တွေဟာ အချိန်တိုအတွင်း ရလာတာလည်း မဟုတ်ပါဘူး။ ဒီအတွေ့အကြုံတွေအတွက် ပျော်ရွှင်ကြရမှာဖြစ်ပြီး နောက်ပွဲတွေကိုလည်း ဆက်လက် ကြိုးစားသွားရမှာပါ။

ကျနော်အတွက်ကတော့ အပတ်တိုင်းမှာ အမြင့်ဆုံး အဆင့်နဲ့ ကစားနိုင်တဲ့ အရည်အချင်းရှိ ကစားသမားတွေ အများကြီးကို မြင်နေရတာက တကယ်ကို ကျေနပ်ဖို့ ကောင်းလှပါတယ်။ ပြိုင်ဆိုင်မှုက အရမ်းကောင်းနေပြီး ကျနေ်ာတို့ အားလပ်ရက်တွေ ရနေပေမယ့် ဒီပြိုင်ပွဲက မပြီးသေးပါဘူး။

သီတင်းပတ်ကုန်တိုင်းကို ကျနော် အရမ်းပျော်မိတယ်။ အရမ်းကောင်းတဲ့ ဘောလုံးကို ကစားနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီအသင်းဟာ ကွင်းထဲမှာကော ကွင်းပြင်မှာပါ အရမ်းကောင်းတဲ့ အရည်အသွေးတွေ ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ဥကၠဌျဖစ္ျပီး လီဗာပူးပရိသတ္လည္းျဖစ္တဲ့ တြမ္ဝါနာက အပတ္တိုင္းမွာ ေအာင္ပြဲေတြ ရယူေနတဲ့ အသင္းရဲ႕ အေနအထားကို ၾကည့္ျပီး ေပ်ာ္ရႊင္ေနၾကဖို႔ အသင္းပရိသတ္ေတြကို တိုက္တြန္းမႈ လုပ္သြားခဲ့ပါတယ္။

တြမ္ဝါနာက အရမ္းကို ရွည္ၾကာတဲ့ ခရီးကို ေက်ာ္ျဖတ္လာျပီးမွ ဒီလို ေအာင္ျမင္မႈေတြနဲ႔ နီးစပ္တဲ့ အေနအထားကို ေရာက္လာခ်ိန္မွာ အေပ်ာ္ေတြကို မေစာပဲ အပတ္တိုင္း အသင္းကို အားေပးေနၾကဖို႔နဲ႔ ရာသီကုန္က်မွ အတိုးခ် ေအာင္ပြဲခံရေအာင္ သိမ္းထားၾကဖို႔လည္း ပရိသတ္ေတြကို သတိေပးခဲ့ေသးတာပါ။

ဝါနာက “ ပရိသတ္တစ္ေယာက္အေနနဲ႔ တကယ္ကို ရွည္လ်ားတဲ့ အိပ္မက္ပါပဲဗ်ာ။ သီတင္းပတ္တိုင္းမွာ ျခားနားတဲ့ ခ်ီးက်ဴးမႈေတြကို က်ေန္ာတုိ႔ ျမင္ေနရတယ္။ ယာဂင္ကေေတာ့ အလုပ္ မျပီးေသးေၾကာင္းနဲ႔ ရာသီကုန္မွပဲ ပိုျပီး ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံၾကမယ္လို႔ အျမဲ ေျပာပါတယ္။

လီဗာပူးပရိသတ္ေတြ အပါအဝင္ အားလံုးကို က်ေနာ္ အျမဲေျပာေနတာက ဒီအေနအထားကို ေပ်ာ္ရႊင္ေနၾကဖို႔ပါ။ က်ေန္ာတို႔ ရလာတဲ့ စံခ်ိန္ေတြဟာ အခ်ိန္တိုအတြင္း ရလာတာလည္း မဟုတ္ပါဘူး။ ဒီအေတြ႔အၾကံဳေတြအတြက္ ေပ်ာ္ရႊင္ၾကရမွာျဖစ္ျပီး ေနာက္ပြဲေတြကိုလည္း ဆက္လက္ ၾကိဳးစားသြားရမွာပါ။

က်ေနာ္အတြက္ကေတာ့ အပတ္တိုင္းမွာ အျမင့္ဆံုး အဆင့္နဲ႔ ကစားႏုိင္တဲ့ အရည္အခ်င္းရွိ ကစားသမားေတြ အမ်ားၾကီးကို ျမင္ေနရတာက တကယ္ကို ေက်နပ္ဖို႔ ေကာင္းလွပါတယ္။ ျပိဳင္ဆိုင္မႈက အရမ္းေကာင္းေနျပီး က်ေန္ာတို႔ အားလပ္ရက္ေတြ ရေနေပမယ့္ ဒီျပိဳင္ပြဲက မျပီးေသးပါဘူး။

သီတင္းပတ္ကုန္တိုင္းကို က်ေနာ္ အရမ္းေပ်ာ္မိတယ္။ အရမ္းေကာင္းတဲ့ ေဘာလံုးကို ကစားေနတဲ့ အသင္းတစ္သင္းျဖစ္ျပီး ဒီအသင္းဟာ ကြင္းထဲမွာေကာ ကြင္းျပင္မွာပါ အရမ္းေကာင္းတဲ့ အရည္အေသြးေတြ ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။