လီဗာပူးအသင်ဟာ လက်ကျန်ပွဲ ၁၃ ပွဲမှာ ၆ ပွဲ အနိုင်ရရင်ကို သချာၤနည်းအရ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှာဖြစ်ပါတယ်။

ပွဲစဉ် ၂၅ ပွဲအပြီးမှာပဲ ဒုတိယနေရာက မန်စီးတီးကို ရမှတ် ၂၂ မှတ် ဖြတ်ထားနိုင်တာကြောင့် ရာသီမသိမ်းခင် ချန်ပီယံဖြစ်ဖို့ ရာနှုန်း အမြင့်ဆုံးကို ရောက်နေတာပါ။ လီဗာပူးကို အထူးယုံကြည်တဲ့ ပရိသတ်တစ်ဦးဖြစ်သူ မက် ဂရေတန်က သူ့ရဲ့ ယုံကြည်မှု ထက်သန်လွန်းတာကြောင့် ချန်ပီယံတက်တူးကိုပါ ကြိုထိုးထားနှင့်ပါပြီ။

ဘဝတစ်လျှောက်လုံး လီဗာပူးကို အားပေးခဲ့တဲ့ အမာခံပရိသတ်ကြီး မက် ဂရေတန်ကတော့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် ကိုင်မြောက်တာ မြင်ရမှာကို အရမ်း စိတ်လှုပ်ရှားနေဟန်လည်း ရှိပါတယ်။ သူကပဲ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူး အနိုင်မရရင်ဆိုတဲ့ မေးခွန်းမေးတာကိုတောင် သိပ်မကြိုက်လှပါဘူး။

မက် ဂရေတန်က ” ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမယ်လို့ ငါ သိပ်ကို ယုံကြည်မှုရှိနေပြီကွာ။ ဒါကြောင့် ဒီတက်တူးကို ထိုးလိုက်တာပဲ။ အခုချိန်မှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမယ်ဆိုတာ သိပ်သေချာနေတယ်။ တစ်စက်ကလေးတောင် နောင်တမရဘူး။ ဒါကို ငါချစ်တယ်ကွာ။

ငါ့မိန်းမက လိဂ်က မေလမှ ပြီးမယ်ဆိုတာကို မသိဘူး။ သူမက ပြီးသွားပြီတောင် ထင်နေတယ်။ လူတွေက ငါ တက်တူးထိုးတာ သိပ်စောတယ်လို့ ပြောကြတယ်။ ထိုးထားပြီးမှ မရရင် ဘယ်လိုလုပ်မလဲ? တဲ့။

လီဗာပူးဖလားမရရင် ငါတောင်ပေါ်မှာ သွားပုန်းနေမိမယ်ထင်တယ်။ ဒါပေမယ့် လိဂ်က လုံးဝကို ပြီးသွားပြီလို့ ယုံကြည်တယ်။ အမှတ်ပေးဖလားရရင် ဘယ်လိုလုပ်မလဲဆိုတာက လီဗာပူးဖန်းတွေက အသင်းကို သိပ်လျော့တွက်လွန်းတာပဲ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္ဟာ လက္က်န္ပြဲ ၁၃ ပြဲမွာ ၆ ပြဲ အႏုိင္ရရင္ကို သခ်ာၤနည္းအရ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္မွာျဖစ္ပါတယ္။

ပြဲစဥ္ ၂၅ ပြဲအျပီးမွာပဲ ဒုတိယေနရာက မန္စီးတီးကို ရမွတ္ ၂၂ မွတ္ ျဖတ္ထားႏုိင္တာေၾကာင့္ ရာသီမသိမ္းခင္ ခ်န္ပီယံျဖစ္ဖို႔ ရာႏႈန္း အျမင့္ဆံုးကို ေရာက္ေနတာပါ။ လီဗာပူးကို အထူးယံုၾကည္တဲ့ ပရိသတ္တစ္ဦးျဖစ္သူ မက္ ဂေရတန္က သူ႔ရဲ႕ ယံုၾကည္မႈ ထက္သန္လြန္းတာေၾကာင့္ ခ်န္ပီယံတက္တူးကိုပါ ၾကိဳထိုးထားႏွင့္ပါျပီ။

ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အားေပးခဲ့တဲ့ အမာခံပရိသတ္ၾကီး မက္ ဂေရတန္ကေတာ့ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ဆိုင္းေနခဲ့ရတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ ကိုင္ေျမာက္တာ ျမင္ရမွာကို အရမ္း စိတ္လႈပ္ရွားေနဟန္လည္း ရွိပါတယ္။ သူကပဲ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို လီဗာပူး အႏုိင္မရရင္ဆိုတဲ့ ေမးခြန္းေမးတာကိုေတာင္ သိပ္မၾကိဳက္လွပါဘူး။

မက္ ဂေရတန္က ” ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရမယ္လုိ႔ ငါ သိပ္ကို ယံုၾကည္မႈရွိေနျပီကြာ။ ဒါေၾကာင့္ ဒီတက္တူးကို ထိုးလိုက္တာပဲ။ အခုခ်ိန္မွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရမယ္ဆိုတာ သိပ္ေသခ်ာေနတယ္။ တစ္စက္ကေလးေတာင္ ေနာင္တမရဘူး။ ဒါကို ငါခ်စ္တယ္ကြာ။

ငါ့မိန္းမက လိဂ္က ေမလမွ ျပီးမယ္ဆိုတာကို မသိဘူး။ သူမက ျပီးသြားျပီေတာင္ ထင္ေနတယ္။ လူေတြက ငါ တက္တူးထိုးတာ သိပ္ေစာတယ္လို႔ ေျပာၾကတယ္။ ထိုးထားျပီးမွ မရရင္ ဘယ္လိုလုပ္မလဲ? တဲ့။

လီဗာပူးဖလားမရရင္ ငါေတာင္ေပၚမွာ သြားပုန္းေနမိမယ္ထင္တယ္။ ဒါေပမယ့္ လိဂ္က လံုးဝကို ျပီးသြားျပီလို႔ ယံုၾကည္တယ္။ အမွတ္ေပးဖလားရရင္ ဘယ္လိုလုပ္မလဲဆိုတာက လီဗာပူးဖန္းေတြက အသင္းကို သိပ္ေလ်ာ့တြက္လြန္းတာပဲ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။