ဒီအပတ်အတွက် The Athletic သတင်းဌာနမှ လီဗာပူးသတင်းထောက်ကြီး ဂျိမ်းပီးယာ့စ်က အမေးအဖြေ ပြုလုပ်ပေးရာမှာ စီနီယာအသင်းသား နှစ်ဦးရဲ့ စာချုပ်သစ်ကိစ္စအတွက် စကားပြောမှုတွေ လုပ်သွားခဲ့ပါတယ်။

အီတလီဘက်က သတင်းတွေမှာ ဂျူဗင်တပ်ဟာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ ပါရှိတာပါ။ သူတို့က နယ်သာလန်သား ခံစစ်သမား ဒီလစ်နဲ့ တွဲဘက်ဖို့ ဗန်ဒိုက်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူမယ်လို့ ဖော်ပြခဲ့ပေမယ့် ပီးယာ့စ်က အဆိုပါ သတင်းတွေကို ငြင်းဆန်ပါတယ်။

ပီယာ့စ်ကတော့ ဗန်ဒိုက်က လီဗာပူးမှာပဲ ပျော်နေသလို ကလပ်ဘက်ကလည်း နယ်သာလန်သား ခံစစ်သမားကို သက်တမ်းတိုးလိုတာကြောင့် ဒီနွေမှာ စာချုပ်သစ်ကိစ္စ စကားပြောမှု လုပ်ဆောင်မယ်လို့ ဖော်ပြခဲ့တယ်။ အသက် ၂၈ နှစ်အရွယ် ခံစစ်သမားနဲ့ ညိနှိုင်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

နောက်ထပ် သတင်းကတော့ လီဗာပူးဟာ ကလပ်အသင်းနဲ့ စာချုပ် ၁၈ လပဲ ကျန်ရှိတော့တဲ့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကိုလည်း သက်တမ်းတိုးမှာဖြစ်တယ်လို့ သူကဆိုတယ်။ နှစ်ဘက် အဖွဲ့တွေက ညိနှိုင်းမှုတွေ အောင်မြင်သလောက် ရှိနေပြီး ဝိုက်နယ်ဒမ်ရဲ့ စာချုပ် အတည်ပြုကိစ္စကို သိရဖို့က အချိန်အနည်းငယ်ပဲ လိုတော့တယ်လို့ သူက ပြောခဲ့တာဖြစ်တယ်။

ကာတစ်ဂျုံး၊ ဝီလီယမ်တို့နဲ့ ပက်သက်ပြီးလည်း ” ဒီမေးခွန်းမေးတာအတွက် ကျေးဇူးတင်တယ်။ ဆုဖလားပြိုင်ပွဲတစ်ခုကို အဆုံးသတ်ပြီးခဲ့ရင်တော့ ချန်ပီယံလိဂ်ကိုပဲ မန်နေဂျာယာဂင်ကလော့ပ်က ဦးစားပေးသွားမှာပါ။ ပရီးမီးယားလိဂ်ပွဲတွေအတွက် သူတို့နှစ်ဦး အဆင်သင့် ဖြစ်နေပါပြီ။ ဝီလီယမ်က အကောင်းဆုံး လုပ်ထားပြီး ထရန့်ကို အနားပေးဖို့ လိုအပ်လာရင် သူ့ကို အမှတ်ပေးပွဲတွေမှာ ထည့်ကစားဖို့ ကလော့ပ် စီစဉ်ထားပါတယ် ” လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကတော့ လီဗာပူးဟာ လာမယ့် နွေမှာ လယ်လာနာကို ထွက်ခွာခွင့်ပြုရမှာဖြစ်ကာ ရှာကွီရီ၊ လိုဗရန်ကို ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ ပီယာ့စ်က ပြောပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္အတြက္ The Athletic သတင္းဌာနမွ လီဗာပူးသတင္းေထာက္ၾကီး ဂ်ိမ္းပီးယာ့စ္က အေမးအေျဖ ျပဳလုပ္ေပးရာမွာ စီနီယာအသင္းသား ႏွစ္ဦးရဲ႔ စာခ်ဳပ္သစ္ကိစၥအတြက္ စကားေျပာမႈေတြ လုပ္သြားခဲ့ပါတယ္။

အီတလီဘက္က သတင္းေတြမွာ ဂ်ဴဗင္တပ္ဟာ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ကို ေခၚယူဖို႔ ဆႏၵရွိေနတယ္လုိ႔ ပါရွိတာပါ။ သူတို႔က နယ္သာလန္သား ခံစစ္သမား ဒီလစ္နဲ႔ တြဲဘက္ဖို႔ ဗန္ဒိုက္ကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေပးျပီး ေခၚယူမယ္လို႔ ေဖာ္ျပခဲ့ေပမယ့္ ပီးယာ့စ္က အဆိုပါ သတင္းေတြကို ျငင္းဆန္ပါတယ္။

ပီယာ့စ္ကေတာ့ ဗန္ဒိုက္က လီဗာပူးမွာပဲ ေပ်ာ္ေနသလို ကလပ္ဘက္ကလည္း နယ္သာလန္သား ခံစစ္သမားကို သက္တမ္းတိုးလိုတာေၾကာင့္ ဒီေႏြမွာ စာခ်ဳပ္သစ္ကိစၥ စကားေျပာမႈ လုပ္ေဆာင္မယ္လုိ႔ ေဖာ္ျပခဲ့တယ္။ အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္သမားနဲ႔ ညိႏိႈင္းမႈေတြကိုလည္း ဆက္လက္ လုပ္ေဆာင္မယ္လုိ႔ ဆိုပါတယ္။

ေနာက္ထပ္ သတင္းကေတာ့ လီဗာပူးဟာ ကလပ္အသင္းနဲ႔ စာခ်ဳပ္ ၁၈ လပဲ က်န္ရွိေတာ့တဲ့ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကိုလည္း သက္တမ္းတိုးမွာျဖစ္တယ္လို႔ သူကဆိုတယ္။ ႏွစ္ဘက္ အဖြဲ႔ေတြက ညိႏိႈင္းမႈေတြ ေအာင္ျမင္သေလာက္ ရွိေနျပီး ဝိုက္နယ္ဒမ္ရဲ႕ စာခ်ဳပ္ အတည္ျပဳကိစၥကို သိရဖို႔က အခ်ိန္အနည္းငယ္ပဲ လိုေတာ့တယ္လို႔ သူက ေျပာခဲ့တာျဖစ္တယ္။

ကာတစ္ဂ်ံုး၊ ဝီလီယမ္တုိ႔နဲ႔ ပက္သက္ျပီးလည္း ” ဒီေမးခြန္းေမးတာအတြက္ ေက်းဇူးတင္တယ္။ ဆုဖလားျပိဳင္ပြဲတစ္ခုကို အဆံုးသတ္ျပီးခဲ့ရင္ေတာ့ ခ်န္ပီယံလိဂ္ကိုပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဦးစားေပးသြားမွာပါ။ ပရီးမီးယားလိဂ္ပြဲေတြအတြက္ သူတို႔ႏွစ္ဦး အဆင္သင့္ ျဖစ္ေနပါျပီ။ ဝီလီယမ္က အေကာင္းဆံုး လုပ္ထားျပီး ထရန္႔ကို အနားေပးဖို႔ လိုအပ္လာရင္ သူ႔ကို အမွတ္ေပးပြဲေတြမွာ ထည့္ကစားဖို႔ ကေလာ့ပ္ စီစဥ္ထားပါတယ္ ” လို႔ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

စိတ္ဝင္စားစရာကေတာ့ လီဗာပူးဟာ လာမယ့္ ေႏြမွာ လယ္လာနာကို ထြက္ခြာခြင့္ျပဳရမွာျဖစ္ကာ ရွာကီြရီ၊ လိုဗရန္ကို ေရာင္းထုတ္သြားဖို႔ ရွိေနတယ္လုိ႔ ပီယာ့စ္က ေျပာျပခဲ့တာျဖစ္ပါတယ္။