လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ လာမယ့်ရာသီတွေမှာလည်း အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပဲ စာချုပ်သစ်ကိစ္စကိုပဲ ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီးယာ့စ်ရဲ့ ထုတ်ဖော်မှုအရ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ဟာ ကလပ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ စကားပြောနေပြီး ညိနှိုင်းမှု အဆင်ပြေတာကြောင့် မကြာခင်မှာ တရားဝင် စာချုပ်ချုပ်နိုင်တော့မှာဖြစ်ပါတယ်။

လီဗာပူးဟာ ကိုင်းဟာဗက်၊ ဆန်ချိုနဲ့ ဝါနာတို့တွေကို စောင့်ကြည့်နေရာမှာ ဟာဗက်နဲ့ ဆန်ချိုတို့ကို ခေါ်ယူဖို့ ကိစ္စအား သွေးအေးသွားခဲ့ခြင်းက ဝါနာကို ပိုမိုသက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရနိုင်လို့ သုံးဦးထဲမှာ တိုက်စစ်မှူးကိုပဲ ဦးစားပေး ခေါ်ယူဖို့အတွက် ဆုံးဖြတ်လာတာလို့ သိရပါတယ်။

ဒီအပတ်မှာ ပရီးမီးယားလိဂ်ပွဲ မရှိတာက အရမ်းကို စိတ်ပျက်မိကြောင်းကို သူ့ရဲ့ ပုံတစ်ပုံနဲ့တွဲပြီး အတ်ဒရီယန်က ခံစားချက်ကို ဖော်ညွှန်းသွားပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ တိုက်စစ်သမား ဆာလက်တို့ရဲ့ ဇနီးတွေဟာ ဒီကနေ့မှာ ရင်သွေးတွေ အသီးသီး မွေးဖွားခဲ့ကြပါတယ်။

ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ထံ အငှားချထားတဲ့ ၎င်းတို့ရဲ့ ကွင်းလယ်လူ ကော်တင်ညိုကို နွေတုန်းက သတင်းထွက်ထားတဲ့ ပေါင် ၁၀၂ သန်းအစား ပေါင် ၆၇ သန်းထိ ဈေးချပေးမယ်ဆိုတဲ့ သတင်းတွေ ပိုမို ကျယ်ပြန့်လာခဲ့ပါပြီ။

လီဗာပူးအသင်း ဥက္ကဌဖြစ်ပြီး လီဗာပူးပရိသတ်လည်းဖြစ်တဲ့ တွမ်ဝါနာက အပတ်တိုင်းမှာ အောင်ပွဲတွေ ရယူနေတဲ့ အသင်းရဲ့ အနေအထားကို ကြည့်ပြီး ပျော်ရွှင်နေကြဖို့ အသင်းပရိသတ်တွေကို တိုက်တွန်းမှု လုပ်သွားခဲ့ပါတယ်။

ဘဝတစ်လျှောက်လုံး လီဗာပူးကို အားပေးခဲ့တဲ့ အမာခံပရိသတ်ကြီး မက် ဂရေတန်ကတော့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် ကိုင်မြောက်နိုင်မယ်လို့ ယုံကြည်မှု ထက်သန်လွန်းတာကြောင့် ချန်ပီယံတက်တူးကိုပါ ကြိုထိုးထားနှင့်ပါပြီ။

လီဗာပူးဂန္တဝင်ကြီး ကာရေဂါက ကားတစ်ဂျုံးနဲ့ နီကိုး ဝီလီယမ်တို့ရဲ့ တောက်ပလာမှုကြောင့် မန်နေဂျာ ယာဂင်ကလော့ပ် နွေအစီအစဉ်မှာ ညာအစွန်နဲ့ ကွင်းလယ်တစ်နေရာကို ခေါ်ယူမှု မလုပ်ဖို့ ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ လာမယ့္ရာသီေတြမွာလည္း အသင္းကေန ထြက္ခြာသြားမွာ မဟုတ္ပဲ စာခ်ဳပ္သစ္ကိစၥကိုပဲ ေရွ႔ဆက္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီးယာ့စ္ရဲ႕ ထုတ္ေဖာ္မႈအရ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ဟာ ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥ စကားေျပာေနျပီး ညိႏိႈင္းမႈ အဆင္ေျပတာေၾကာင့္ မၾကာခင္မွာ တရားဝင္ စာခ်ဳပ္ခ်ဳပ္ႏုိင္ေတာ့မွာျဖစ္ပါတယ္။

လီဗာပူးဟာ ကိုင္းဟာဗက္၊ ဆန္ခ်ိဳနဲ႔ ဝါနာတို႔ေတြကို ေစာင့္ၾကည့္ေနရာမွာ ဟာဗက္နဲ႔ ဆန္ခ်ိဳတို႔ကို ေခၚယူဖို႔ ကိစၥအား ေသြးေအးသြားခဲ့ျခင္းက ဝါနာကို ပိုမိုသက္သာတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ရႏုိင္လုိ႔ သံုးဦးထဲမွာ တိုက္စစ္မွဴးကိုပဲ ဦးစားေပး ေခၚယူဖို႔အတြက္ ဆံုးျဖတ္လာတာလို႔ သိရပါတယ္။

ဒီအပတ္မွာ ပရီးမီးယားလိဂ္ပြဲ မရွိတာက အရမ္းကို စိတ္ပ်က္မိေၾကာင္းကို သူ႔ရဲ႕ ပုံတစ္ပံုနဲ႔တြဲျပီး အတ္ဒရီယန္က ခံစားခ်က္ကို ေဖာ္ညႊန္းသြားပါတယ္။

ဘာစီလိုနာဟာ ဘိုင္ယန္ျမဴးနစ္ထံ အငွားခ်ထားတဲ့ ၄င္းတို႔ရဲ႕ ကြင္းလယ္လူ ေကာ္တင္ညိဳကို ေႏြတုန္းက သတင္းထြက္ထားတဲ့ ေပါင္ ၁၀၂ သန္းအစား ေပါင္ ၆၇ သန္းထိ ေစ်းခ်ေပးမယ္ဆိုတဲ့ သတင္းေတြ ပိုမို က်ယ္ျပန္႔လာခဲ့ပါျပီ။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ တိုက္စစ္သမား ဆာလက္တို႔ရဲ႕ ဇနီးေတြဟာ ဒီကေန႔မွာ ရင္ေသြးေတြ အသီးသီး ေမြးဖြားခဲ့ၾကပါတယ္။

လီဗာပူးအသင္း ဥကၠဌျဖစ္ျပီး လီဗာပူးပရိသတ္လည္းျဖစ္တဲ့ တြမ္ဝါနာက အပတ္တိုင္းမွာ ေအာင္ပြဲေတြ ရယူေနတဲ့ အသင္းရဲ႕ အေနအထားကို ၾကည့္ျပီး ေပ်ာ္ရႊင္ေနၾကဖို႔ အသင္းပရိသတ္ေတြကို တိုက္တြန္းမႈ လုပ္သြားခဲ့ပါတယ္။

ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အားေပးခဲ့တဲ့ အမာခံပရိသတ္ၾကီး မက္ ဂေရတန္ကေတာ့ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ဆိုင္းေနခဲ့ရတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ ကိုင္ေျမာက္ႏိုင္မယ္လို႔ ယံုၾကည္မႈ ထက္သန္လြန္းတာေၾကာင့္ ခ်န္ပီယံတက္တူးကိုပါ ၾကိဳထိုးထားႏွင့္ပါျပီ။

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက ကားတစ္ဂ်ံဳးနဲ႔ နီကိုး ဝီလီယမ္တုိ႔ရဲ႔ ေတာက္ပလာမႈေၾကာင့္ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ေႏြအစီအစဥ္မွာ ညာအစြန္နဲ႔ ကြင္းလယ္တစ္ေနရာကို ေခၚယူမႈ မလုပ္ဖို႔ ဆံုးျဖတ္ႏုိင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။