ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက်ဖြစ်သူ ဂျိမ်း ပီယာ့စ်က လီဗာပူးရဲ့ နွေအစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပြီး ရာသီကုန်မှာ ဖြစ်လာနိုင်မယ့် ကိစ္စတွေအတွက် ကလပ်ဘက်က ကြိုတင်စီစဉ်နေတယ်လို့ သိရပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ တိုက်စစ်ပိုင်းကို ဦးစားပေးဖို့ ပြင်ဆင်ထားပြီး ဈေးကွက်ထဲမှာ ထွက်ပေါ်နေတဲ့ ပေါက်ဈေးမျိုးနဲ့ဆိုရင်တော့ ခေါင်းခါမှုတွေ လုပ်မှာဖြစ်တယ်။ သူဟာ အသင်း စီနီယာအချို့ကိုလည်း ထွက်ခွာခွင့်တွေ ပေးမှာဖြစ်ကာ သူတို့နေရာ လူငယ်တွေကို အစားဝင်လို့ အဆင်ပြေမလားနဲ့ လူသစ် ခေါ်မှပဲ အဆင်ပြေမလားဆိုတာကိုလည်း လေ့လာနေတယ်လို့ သိရပါတယ်။

အထူးသဖြင့် လီဗာပူးက နွေအပြောင်းအရွှေ့မှာ ပေါင် ၅၀ သန်းထက် ပိုတဲ့ ဘယ်ကစားသမားကိုမှ ခေါ်ယူဖို့ အစီအစဉ် မရှိဘူးဆိုတဲ့ သတင်းတွေကိုတော့ ပီယာစ့်က ငြင်းဆန်ခဲ့ပါတယ်။

ဂျိမ်း ပီယာ့စ်က ” ပြောင်းရွှေ့ကြေး ဘယ်လောက်တန်တဲ့ ကစားသမားကိုပဲ ခေါ်ယူမယ်လို့တော့ လုပ်ထားတာ ရှိတယ် မကြားပါဘူး။ အပြောင်းအရွှေ့ကို ဘယ်လောက်နဲ့ အပြီးသတ်နိုင်မလဲအပေါ် မူတည်တာပေါ့။ ဒီကနေ နွေအထိ အများကြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ သေချာတာကတော့ လီဗာပူးက ဟာဗက်ကို သိပ်ပြီး ပမာဏများများ ဈေမသက်မှတ်ထားပါဘူး။ သတင်းထွက်နေသလို ပေါင် ၈၀ တွေ ဘာတွေထိ ဈေးပေးမှာ မဟုတ်ဘူး။

လီဗာပူးက တိုက်စစ်သမားသုံးဦးထဲက တစ်နေရာကို ကစားစေဖို့ ကစားသမားတစ်ဦးကို ပေါင် ၁၀၀ သန်းလောက် ပေးဖို့လည်း အစီအစဉ်မရှိပါဘူး။ ကစားသမားအချို့နေရာ ပြန်အစားထိုးဖို့တော့ လုပ်ပါလိမ့်မယ်။ လယ်လာနာနဲ့ ရှာကွိရီက ထွက်ခွာဖို့များပြီး လိုဗရန်လည်း ထွက်ခွာဖို့ များပါတယ်။

လာမယ့်ရာသီမှာ အာဖရိကဖလားလည်းရှိတော့ တိုက်စစ်သမားတစ်ဦး ခေါ်ယူရေးက လီဗာပူရဲ့ ထိပ်တန်း ဦးစားပေးပါ။ ဝါနာက ဆန်ချိုထက် ဈေးသက်သာမှာ သေချာပါတယ်။ ဂျုန်း၊ ဝီလီယမ်၊ အီလီယော့တို့လို ကစားသမားတွေအတွက်လည်း နေရာပေးဖို့ ကလော့ပ်က စီစဉ်ရဦးမှာပါ။ သူနောက်ထပ် ထပ်ခေါ်မယ့် နေရာကတော့ ရော်ဘတ်ဆန်နေရာ အရန်ထားဖို့ဖြစ်ပါတယ်။

အခြားနေရာတွေအတွက် ခေါ်ယူဖို့ဆိုတာက ကစားသမားတွေ ထွက်ခွာမှုနဲ့ လူငယ်တွေကို နေရာပေးဖို့ လုံလောက်အောင် ကောင်းမယ့်အပေါ် မူတည်နေပပါတယ်။ လယ်လာနာနဲ့ ရှာကွီရီ ထွက်သွားဖို့ မျှော်လင့်နိုင်ပေမယ့် ဂျုန်းနဲ့ အီလီယော့က သူတို့နေရာ ဖြည့်နိုင်းမလား? ဒါမျိုးပေါ့လေ။

ခံစစ်အတွက်လည်း အတူတူပါပဲ။ လိုဗရန် ထွက်သွားဖို့ ဆုံးဖြတ်မလား။ ဒါဆိုရင် စိတ်ဝင်စားစရာ ကောင်းသွားပါပြီ။ ဆန်ချိုနဲ့ ဟားဗက်ကို လီဗာပူးက စိတ်ဝင်စားပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးအတွက် ထွက်ပေါ်နေတဲ့ ပြောင်းရွှေ့ကြေးက မတန်တဆဖြစ်လွန်းအားကြီးနေပါတယ်။ ” လို့ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဂုဏ္သိကၡာရွိ လီဗာပူးသတင္းေထာက္ျဖစ္သူ ဂ်ိမ္း ပီယာ့စ္က လီဗာပူးရဲ႕ ေႏြအစီအစဥ္ကို ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့ျပီး ရာသီကုန္မွာ ျဖစ္လာႏုိင္မယ့္ ကိစၥေတြအတြက္ ကလပ္ဘက္က ၾကိဳတင္စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ တိုက္စစ္ပိုင္းကို ဦးစားေပးဖို႔ ျပင္ဆင္ထားျပီး ေစ်းကြက္ထဲမွာ ထြက္ေပၚေနတဲ့ ေပါက္ေစ်းမ်ိဳးနဲ႔ဆိုရင္ေတာ့ ေခါင္းခါမႈေတြ လုပ္မွာျဖစ္တယ္။ သူဟာ အသင္း စီနီယာအခ်ိဳ႕ကိုလည္း ထြက္ခြာခြင့္ေတြ ေပးမွာျဖစ္ကာ သူတို႔ေနရာ လူငယ္ေတြကို အစားဝင္လို႔ အဆင္ေျပမလားနဲ႔ လူသစ္ ေခၚမွပဲ အဆင္ေျပမလားဆိုတာကိုလည္း ေလ့လာေနတယ္လို႔ သိရပါတယ္။

အထူးသျဖင့္ လီဗာပူးက ေႏြအေျပာင္းအေရႊ႔မွာ ေပါင္ ၅၀ သန္းထက္ ပိုတဲ့ ဘယ္ကစားသမားကိုမွ ေခၚယူဖို႔ အစီအစဥ္ မရွိဘူးဆိုတဲ့ သတင္းေတြကိုေတာ့ ပီယာစ့္က ျငင္းဆန္ခဲ့ပါတယ္။

ဂ်ိမ္း ပီယာ့စ္က ” ေျပာင္းေရႊ႔ေၾကး ဘယ္ေလာက္တန္တဲ့ ကစားသမားကိုပဲ ေခၚယူမယ္လို႔ေတာ့ လုပ္ထားတာ ရွိတယ္ မၾကားပါဘူး။ အေျပာင္းအေရႊ႔ကို ဘယ္ေလာက္နဲ႔ အျပီးသတ္ႏုိင္မလဲအေပၚ မူတည္တာေပါ့။ ဒီကေန ေႏြအထိ အမ်ားၾကီး အေျပာင္းအလဲ ရွိႏုိင္ပါတယ္။ ေသခ်ာတာကေတာ့ လီဗာပူးက ဟာဗက္ကို သိပ္ျပီး ပမာဏမ်ားမ်ား ေစ်မသက္မွတ္ထားပါဘူး။ သတင္းထြက္ေနသလို ေပါင္ ၈၀ ေတြ ဘာေတြထိ ေစ်းေပးမွာ မဟုတ္ဘူး။

လီဗာပူးက တိုက္စစ္သမားသံုးဦးထဲက တစ္ေနရာကို ကစားေစဖို႔ ကစားသမားတစ္ဦးကို ေပါင္ ၁၀၀ သန္းေလာက္ ေပးဖို႔လည္း အစီအစဥ္မရွိပါဘူး။ ကစားသမားအခ်ိဳ႕ေနရာ ျပန္အစားထိုးဖို႔ေတာ့ လုပ္ပါလိမ့္မယ္။ လယ္လာနာနဲ႔ ရွာကိြရီက ထြက္ခြာဖို႔မ်ားျပီး လိုဗရန္လည္း ထြက္ခြာဖို႔ မ်ားပါတယ္။

လာမယ့္ရာသီမွာ အာဖရိကဖလားလည္းရွိေတာ့ တိုက္စစ္သမားတစ္ဦး ေခၚယူေရးက လီဗာပူရဲ႕ ထိပ္တန္း ဦးစားေပးပါ။ ဝါနာက ဆန္ခ်ိဳထက္ ေစ်းသက္သာမွာ ေသခ်ာပါတယ္။ ဂ်ဳန္း၊ ဝီလီယမ္၊ အီလီေယာ့တို႔လို ကစားသမားေတြအတြက္လည္း ေနရာေပးဖို႔ ကေလာ့ပ္က စီစဥ္ရဦးမွာပါ။ သူေနာက္ထပ္ ထပ္ေခၚမယ့္ ေနရာကေတာ့ ေရာ္ဘတ္ဆန္ေနရာ အရန္ထားဖို႔ျဖစ္ပါတယ္။

အျခားေနရာေတြအတြက္ ေခၚယူဖို႔ဆိုတာက ကစားသမားေတြ ထြက္ခြာမႈနဲ႔ လူငယ္ေတြကို ေနရာေပးဖို႔ လံုေလာက္ေအာင္ ေကာင္းမယ့္အေပၚ မူတည္ေနပပါတယ္။ လယ္လာနာနဲ႔ ရွာကီြရီ ထြက္သြားဖို႔ ေမွ်ာ္လင့္ႏုိင္ေပမယ့္ ဂ်ဳန္းနဲ႔ အီလီေယာ့က သူတို႔ေနရာ ျဖည့္ႏုိင္းမလား? ဒါမ်ိဳးေပါ့ေလ။

ခံစစ္အတြက္လည္း အတူတူပါပဲ။ လိုဗရန္ ထြက္သြားဖို႔ ဆံုးျဖတ္မလား။ ဒါဆိုရင္ စိတ္ဝင္စားစရာ ေကာင္းသြားပါျပီ။ ဆန္ခ်ိဳနဲ႔ ဟားဗက္ကို လီဗာပူးက စိတ္ဝင္စားပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ဦးအတြက္ ထြက္ေပၚေနတဲ့ ေျပာင္းေရႊ႔ေၾကးက မတန္တဆျဖစ္လြန္းအားၾကီးေနပါတယ္။ ” လို႔ ထုတ္ေဖာ္ခဲ့့တာျဖစ္ပါတယ္။