နွေအပြောင်းအရွှေ့မှာ မန်စီးတီးနဲ့ ချယ်ဆီးတို့ဟာ ပေါင် ၂၅၀ သန်းနဲ့ ပေါင် ၁၅၀ သန်း ဝန်းကျင်သုံးပြီး အကြီးစားခေါ်ယူမှုတွေ ပြုလုပ်မယ်လို့ သတင်းကြီးနေပြီး ပြိုင်ဘက်တွေနဲ့ ခြေလှမ်း မကျဲစေဖို့ လီဗာပူးဘက်ကလည်း ခေါ်ယူမှုတွေကို သေချာပေါက် စိစစ်ပြုလုပ်သွားမယ်လို့ အသံထွက်နေပါတယ်။

အီတလီဘောလုံး ကျွမ်းကျင်သူ ဆိုလာနိုက သူဟာ လီဗာပုးဂိုးသမား အယ်လီဆန်လို တည်ငြိမ်လွန်းပြီး အရည်အချင်းရှိတဲ့ ဂိုးသမားမျိုး မမြင်ဖူးသလောက်အောင်ပါပဲလို့ ချီးကျူး ပြောဆိုပါတယ်။

နာပိုလီတိုက်စစ်သမား လော်ရန်ဇိုက ချန်ပီယံလိဂ်မှာ သူတို့ရဲ့ အသင်းဟာ အမြဲတမ်း လီဗာပူးကို နှားတစ်ဖျား အသာရလေ့ရှိတယ်လို့ ယုံကြည်ပါကြောင်း ထုတ်ပြောလိုက်ပါတယ်။

မီနာမီနိုဟာ ကွင်းထဲမှာ ဖိအားပေးမှုပိုင်းအတွက် လိုအင်ဆန္ဒပြင်းပြသူတစ်ဦးဖြစ်ပြီး သူ့လို ကစားသမားကို ခေါ်ယူခွင့်ရခဲ့တာဟာ အသင်းအတွက် ကောင်းကျိုးတွေ ဖြစ်လာလိမ့်မယ်လို့ အသင်းဖော် ဂိုးမက်စ်က ပြောဆိုပါတယ်။

ကလော့ပ်ရဲ့ အသင်းသားတွေကို အမြဲတမ်း တိုက်တွန်းလေ့ရှိတဲ့ စကားတစ်ခွန်းက ငါတို့က ရာသီဝက်ကို ကျော်ဖြတ်နေတာ ရာသီသိမ်းဖို့ အဝေးကြီး ကျန်သေးတယ်လို့ ဖြစ်ကြောင်း ထရန့်က ဖွင့်ဟသွားပါတယ်။

တစ်ရာသီ ဆုဖလား သုံးလုံးတွေရတာမျိုးက ကောင်းမွန်ပေမယ့် လက်ရှိ လီဗာပူးအသင်းသားတွေကို ပရီးမီးယားလိဂ်ဖလားကို အာရုံစိုက်ဖို့ ဂန္တဝင်ကြီး အီရန်ရှပ်က တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနှစ်လို အနေအထားကို ရောက်လာဖို့ နှစ်ကာလချီ ကြိုးစားခဲ့ရပြီး လီဗာပူးရဲတိုက်ရဲ့ အုပ်ချပ်တိုင်းကို ကလော့ပ်က ကိုယ်တိုင်လက်နဲ့ စီပြီး ဆောက်လုပ်တည်ဆောက်ခဲ့တာပါလို့ အသင်းသားဟောင်း ဒက်ကွတ်ချ်က ဖွင့်ဟသွားပါတယ်။

အာဆင်နယ်ရဲ့ အလားအလာအရှိဆုံး တိုက်စစ်မှူး မာတင်နယ်လီက သူ့ကို ရာစုနှစ်ရဲ့ ပါရမီအရှိဆုံး ကစားသမားလို့ ကလော့ပ်ထံက ချီးကျူးမှုရခြင်းကို အရမ်း ဂုဏ်ယူတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔မွာ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ဟာ ေပါင္ ၂၅၀ သန္းနဲ႔ ေပါင္ ၁၅၀ သန္း ဝန္းက်င္သံုးျပီး အၾကီးစားေခၚယူမႈေတြ ျပဳလုပ္မယ္လို႔ သတင္းၾကီးေနျပီး ျပိဳင္ဘက္ေတြနဲ႔ ေျခလွမ္း မက်ဲေစဖို႔ လီဗာပူးဘက္ကလည္း ေခၚယူမႈေတြကို ေသခ်ာေပါက္ စိစစ္ျပဳလုပ္သြားမယ္လို႔ အသံထြက္ေနပါတယ္။

အီတလီေဘာလံုး ကၽြမ္းက်င္သူ ဆိုလာႏိုက သူဟာ လီဗာပုးဂိုးသမား အယ္လီဆန္လို တည္ျငိမ္လြန္းျပီး အရည္အခ်င္းရွိတဲ့ ဂိုးသမားမ်ိဳး မျမင္ဖူးသေလာက္ေအာင္ပါပဲလို႔ ခ်ီးက်ဴး ေျပာဆိုပါတယ္။

နာပိုလီတိုက္စစ္သမား ေလာ္ရန္ဇိုက ခ်န္ပီယံလိဂ္မွာ သူတို႔ရဲ႕ အသင္းဟာ အျမဲတမ္း လီဗာပူးကို ႏွားတစ္ဖ်ား အသာရေလ့ရွိတယ္လို႔ ယံုၾကည္ပါေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

မီနာမီႏိုဟာ ကြင္းထဲမွာ ဖိအားေပးမႈပိုင္းအတြက္ လိုအင္ဆႏၵျပင္းျပသူတစ္ဦးျဖစ္ျပီး သူ႔လို ကစားသမားကို ေခၚယူခြင့္ရခဲ့တာဟာ အသင္းအတြက္ ေကာင္းက်ိဳးေတြ ျဖစ္လာလိမ့္မယ္လို႔ အသင္းေဖာ္ ဂိုးမက္စ္က ေျပာဆိုပါတယ္။

ကေလာ့ပ္ရဲ႕ အသင္းသားေတြကို အျမဲတမ္း တိုက္တြန္းေလ့ရွိတဲ့ စကားတစ္ခြန္းက ငါတုိ႔က ရာသီဝက္ကို ေက်ာ္ျဖတ္ေနတာ ရာသီသိမ္းဖို႔ အေဝးၾကီး က်န္ေသးတယ္လို႔ ျဖစ္ေၾကာင္း ထရန္႔က ဖြင့့္ဟသြားပါတယ္။

တစ္ရာသီ ဆုဖလား သံုးလံုးေတြရတာမ်ိဳးက ေကာင္းမြန္ေပမယ့္ လက္ရွိ လီဗာပူးအသင္းသားေတြကို ပရီးမီးယားလိဂ္ဖလားကို အာရံုစိုက္ဖို႔ ဂႏၱဝင္ၾကီး အီရန္ရွပ္က တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ဒီႏွစ္လို အေနအထားကို ေရာက္လာဖို႔ ႏွစ္ကာလခ်ီ ၾကိဳးစားခဲ့ရျပီး လီဗာပူးရဲတိုက္ရဲ႕ အုပ္ခ်ပ္တိုင္းကို ကေလာ့ပ္က ကိုယ္တိုင္လက္နဲ႔ စီျပီး ေဆာက္လုပ္တည္ေဆာက္ခဲ့တာပါလို႔ အသင္းသားေဟာင္း ဒက္ကြတ္ခ်္က ဖြင့္ဟသြားပါတယ္။

အာဆင္နယ္ရဲ႕ အလားအလာအရွိဆံုး တိုက္စစ္မွဴး မာတင္နယ္လီက သူ႔ကို ရာစုႏွစ္ရဲ႕ ပါရမီအရွိဆံုး ကစားသမားလို႔ ကေလာ့ပ္ထံက ခ်ီးက်ဴးမႈရျခင္းကို အရမ္း ဂုဏ္ယူတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။