နာပိုလီ အသင်းခေါင်းဆောင် လိုရန်ဇို အင်ဇိုင်းက ကုန်ခဲ့တဲ့ ဘောလုံးရာသီ အနည်းငယ်မှာ နာပိုလီဟာ လီဗာပူးအသင်းကို အမြဲတမ်း ရှေ့တစ်ကွက်ကျောနေတဲ့ အသင်းဖြစ်တယ်လို့ ဂုဏ်ယူစွာ ထုတ်ပြောသွားပါတယ်။
အီတလီအင်အားကြီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဒီရာသီ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲသရေရလဒ် ရယူနိုင်ခဲ့တယ်။ မနှစ်တုန်းကလည်း တစ်ပွဲနိုင် တစ်ပွဲရံှူးရလဒ် ရယူနိုင်ခဲ့သေးတာဖြစ်တယ်။ အီတလီအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခါတွေမှာတော့ လီဗာပူးရဲ့ ဖိအားပေး ကစားဟန်က အနည်းငယ် ရုန်းကန်မှုတွေ ရှိနေခဲ့ရပါတယ်။
မနှစ်က ချန်ပီယံလိဂ်မှာ လီဗာပူးက နာပိုလီကို အုပ်စုအဆင့်ကနေ ဖြုတ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ လီဗာပူးက အုပ်စုဗိုလ်၊ နာပိုလီက အုပ်စုဒုတိယအဖြစ် ရံှူးထွက်အဆင့်ကို တက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
အင်ဇိုင်းက “ လီဗာပူးနဲ့ ရင်ဆိုင်တဲ့ အချိန်တိုင်း ကျနေ်ာတို့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ်။ သူတို့နဲ့ ရင်ဆိုင်ချိန်မှာ ကျနေ်ာတို့က အရမ်းကို မြင့်မားတဲ့ စွမ်းဆောင်ရည်မျိုးကို ထုတ်ပြခဲ့ပြီး ကျနေ်ာတို့က သူတို့ကို နှားတစ်ဖျားသာနေတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။
ဒီရာသီ နှစ်ကျော့ ရင်ဆိုင်ကစားရာမှာလည်း လေးမှတ်ထိ ကျနေ်ာတို့ ရခဲ့တယ်။ ဒါတွေက ကျနေ်ာတို့ကို ကြီးကြီးမားမား အားရကျေနပ်မှု ရှိစေပါတယ်။ ကျနေ်ာတို့မှာ အတိမ်းအစောင်းခံနိုင်တဲ့ နောက်ထပ် ပွဲတစ်ပွဲ ရှိသေးတာတောင်မှ အန်ဖီးကွင်းကနေ သရေရလဒ်ရယူပြီး ကျနေ်ာတို့ ထွက်ခွာလာနိုင်ခဲ့တာပါ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
မနှစ်က ချန်ပီယံလိဂ်မှာ လီဗာပူးက နာပိုလီကို အုပ်စုအဆင့်ကနေ ဖြုတ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ လီဗာပူးက အုပ်စုဗိုလ်၊ နာပိုလီက အုပ်စုဒုတိယအဖြစ် ရှူံးထွက်အဆင့်ကို တက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
အင်ဇိုင်းက “ လီဗာပူးနဲ့ ရင်ဆိုင်တဲ့ အချိန်တိုင်း ကျနော်တို့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ်။ သူတို့နဲ့ ရင်ဆိုင်ချိန်မှာ ကျနော်တို့က အရမ်းကို မြင့်မားတဲ့ စွမ်းဆောင်ရည်မျိုးကို ထုတ်ပြခဲ့ပြီး ကျနော်တို့က သူတို့ကို နှားတစ်ဖျားသာနေတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။