လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ နီကိုး ဝီလီယမ်တို့ကို လက်ကျန် ရာသီဝက်မှာ နေရာပေးဖို့ ဆုံးဖြတ်မှုလုပ်လာတဲ့နောက် နွေမှာ ဟယ်ရီဝဲလ်ဆန်ကို ရောင်းထုတ်ဖို့ပါ စီစဉ်ထားတယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါပြီ။

လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဝဲလ်ဆန်ဟာ ဒီရာသီ ဘုန်းမောက်အသင်းကို အငှားထွက်ကစားနေတာဖြစ်ပြီး ၂၁ ပွဲ ကစားကာ ပရီးမီးယားလိဂ်ဂိုး ၇ ဂိုးထိ သွင်းယူထားပါတယ်။ ဘုန်းမောက်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားတွေထဲ ပါဝင်တဲ့ ဝဲလ်ဆန်က ရာသီကုန်ရင် လီဗာပူးကိုပဲ ပြန်လာမှာဖြစ်ပေမယ့် ကလော့ပ်မှာ အစီအစဉ်တွေ လုပ်ဖို့ ရှိနေတယ်လို့ သိထားရတယ်။

အသက် ၂၃ နှစ်အရွယ် ဝေလ်းလက်ရွေးစင်ကို ဒီနွေတုန်းက စီနီယာလူစာရင်းထဲ ထည့်သွင်းမှပဲ အသင်းမှာ ဆက်ထိန်းနိုင်မယ့် အနေအထားကြောင့် ကလပ်ဘက်က ရောင်းထုတ်ဖို့ သတင်းလွင့်ခဲ့ပါတယ်။ ဒါပေမယ့်လို့ စိတ်ကြိုက် ဈေးမရချိန်မှာ ဘုန်းမောက်ကိုပဲ ပုံမှန်ပွဲထွက်ခွင်နဲ့ အငှားထွက်ဖို့ စေလွှတ်ထားတာဖြစ်တယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်က ယာဂင်ကလော့ပ်က ဒေသခံဟီးရိုးတစ်ဦးဖြစ်တဲ့ ကာတစ်ဂျုံးကို အသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်လာခဲ့ကာ ကွင်းလယ်ပိုင်း ရှင်းထုတ်မှု အနည်းငယ်ကိုပါ ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။ လာမယ့် နွေမှာတော့ ရှာကွီရီ၊ လယ်လာနာ၊ ဝဲလ်ဆန်တို့ဟာ အထွက်စာရင်းထဲ ပါဝင်သွားဖို့ များနေပြီး ကာတစ်ဂျူံးကို နေရာပေးမှုနဲ့အတူ လူစာရင်း အင်အားဖြည့်မှုတွေ ပါဝင်လာပါမယ်။

လီဗာပူးဘက်က ဝဲလ်ဆန်ကို ပေါင် ၃၀ သန်း ပမာဏရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်မှာဖြစ်ပြီး တိုက်စစ်သမားတစ်ဦး၊ ဘယ်အစွန်တစ်ဦးနဲ့ လိုအပ်လာရင် ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူမယ်လို့ သိလာရတာဖြစ်တယ်။ အထူးသဖြင့် လက်ကျန် ရာသီဝက်မှာ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ သေချာချိန်မှာ ကာတစ်ဂျူံးနဲ့ နီကိုး ဝီလီယမ်တို့ကို ပွဲထွက်ခွင့်တွေ ပိုပေးသွားဖို့ စီစဉ်ထားပါတယ်။

အကယ်ဒမီမှာ ယုံကြည်ချက် ပြင်းထန်လွန်းသူလို့ ထင်ရှားတဲ့ လူငယ်အသင်းခေါင်းဆောင် ကားတစ်ဂျုံးဟာ ထရန့်ခြေရာနင်းမယ့် မာဆေးဆိုဒ်သားအဖြစ် ထင်ရှားလာသူဖြစ်ပြီး သူ့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ဇန်နဝါရီတုန်းက ပုံမှန်ပွဲထွက်ခွင့်နဲ့ ကမ်းလှမ်းမှုကိုတောင် လီဗာပူးဘက်က ငြင်းဆန်ထားပါသေးတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ကာတစ္ဂ်ံဳးနဲ႔ နီကိုး ဝီလီယမ္တို႔ကို လက္က်န္ ရာသီဝက္မွာ ေနရာေပးဖို႔ ဆံုးျဖတ္မႈလုပ္လာတဲ့ေနာက္ ေႏြမွာ ဟယ္ရီဝဲလ္ဆန္ကို ေရာင္းထုတ္ဖို႔ပါ စီစဥ္ထားတယ္ဆိုတဲ့သတင္း ထြက္လာခဲ့ပါျပီ။

လီဗာပူးအကယ္ဒမီကေန ေပၚထြက္လာတဲ့ ဝဲလ္ဆန္ဟာ ဒီရာသီ ဘုန္းေမာက္အသင္းကို အငွားထြက္ကစားေနတာျဖစ္ျပီး ၂၁ ပြဲ ကစားကာ ပရီးမီးယားလိဂ္ဂိုး ၇ ဂိုးထိ သြင္းယူထားပါတယ္။ ဘုန္းေမာက္ရဲ႕ သြင္းဂိုးအမ်ားဆံုး ကစားသမားေတြထဲ ပါဝင္တဲ့ ဝဲလ္ဆန္က ရာသီကုန္ရင္ လီဗာပူးကိုပဲ ျပန္လာမွာျဖစ္ေပမယ့္ ကေလာ့ပ္မွာ အစီအစဥ္ေတြ လုပ္ဖို႔ ရွိေနတယ္လို႔ သိထားရတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေဝလ္းလက္ေရြးစင္ကို ဒီေႏြတုန္းက စီနီယာလူစာရင္းထဲ ထည့္သြင္းမွပဲ အသင္းမွာ ဆက္ထိန္းႏုိင္မယ့္ အေနအထားေၾကာင့္ ကလပ္ဘက္က ေရာင္းထုတ္ဖို႔ သတင္းလြင့္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ စိတ္ၾကိဳက္ ေစ်းမရခ်ိန္မွာ ဘုန္းေမာက္ကိုပဲ ပံုမွန္ပြဲထြက္ခြင္နဲ႔ အငွားထြက္ဖို႔ ေစလႊတ္ထားတာျဖစ္တယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာ့စ္က ယာဂင္ကေလာ့ပ္က ေဒသခံဟီးရိုးတစ္ဦးျဖစ္တဲ့ ကာတစ္ဂ်ံဳးကို အသင္းမွာ ေနရာေပးဖို႔ ဆံုးျဖတ္လာခဲ့ကာ ကြင္းလယ္ပိုင္း ရွင္းထုတ္မႈ အနည္းငယ္ကိုပါ ျပဳလုပ္သြားမယ္လို႔ ဆိုထားပါတယ္။ လာမယ့္ ေႏြမွာေတာ့ ရွာကီြရီ၊ လယ္လာနာ၊ ဝဲလ္ဆန္တို႔ဟာ အထြက္စာရင္းထဲ ပါဝင္သြားဖို႔ မ်ားေနျပီး ကာတစ္ဂ်ံဴးကို ေနရာေပးမႈနဲ႔အတူ လူစာရင္း အင္အားျဖည့္မႈေတြ ပါဝင္လာပါမယ္။

လီဗာပူးဘက္က ဝဲလ္ဆန္ကို ေပါင္ ၃၀ သန္း ပမာဏရွိတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာင္းထုတ္မွာျဖစ္ျပီး တိုက္စစ္သမားတစ္ဦး၊ ဘယ္အစြန္တစ္ဦးနဲ႔ လိုအပ္လာရင္ ဗဟိုခံစစ္မွဴးတစ္ဦးကို ေခၚယူမယ္လို႔ သိလာရတာျဖစ္တယ္။ အထူးသျဖင့္ လက္က်န္ ရာသီဝက္မွာ ပရီးမီးယားလိဂ္ဖလား အႏုိင္ရဖို႔ ေသခ်ာခ်ိန္မွာ ကာတစ္ဂ်ံဴးနဲ႔ နီကိုး ဝီလီယမ္တို႔ကို ပြဲထြက္ခြင့္ေတြ ပိုေပးသြားဖို႔ စီစဥ္ထားပါတယ္။

အကယ္ဒမီမွာ ယံုၾကည္ခ်က္ ျပင္းထန္လြန္းသူလို႔ ထင္ရွားတဲ့ လူငယ္အသင္းေခါင္းေဆာင္ ကားတစ္ဂ်ံဳးဟာ ထရန္႔ေျခရာနင္းမယ့္ မာေဆးဆိုဒ္သားအျဖစ္ ထင္ရွားလာသူျဖစ္ျပီး သူ႔ကို အသင္းမွာ ဆက္ထိန္းထားႏုိင္ဖို႔ ဇန္နဝါရီတုန္းက ပံုမွန္ပြဲထြက္ခြင့္နဲ႔ ကမ္းလွမ္းမႈကိုေတာင္ လီဗာပူးဘက္က ျငင္းဆန္ထားပါေသးတယ္။