လီဗာပူးဂန္တဝင်ကြီး ကာရေဂါက စကိုင်းစပေါ့မှ သူ့ရဲ့တွဲဘက်ဖြစ်သူ ယူနိုက်တက်ဂန္တဝင်ကြီး ဂယ်ရီနဗီးလ်ဟာ လီဗာပူး အမှတ်ပေးဖလား အနိုင်ရရင် အင်္ဂလန်ပြင်ပကို ထွက်ပြီး သွားနေဖို့ စီစဉ်ထားတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

စကိုင်းစပေါ့မှာ အားကစားသုံးသပ်သူဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ဂယ်ရီ နဗီးလ်ကိုယ်တိုင်က ခါးသီးပြိုင်ဘက် အသင်း ဖြစ်တဲ့ လီဗာပူးအသင်း ပရီးမီးယားလိဂ် ဖလားယူတဲ့ ပွဲစဉ်ကျရင် အားကစားအစီအစဉ်တွေမှာ မပါဝင်လိုကြောင်း ၎င်း ဆန္ဒကို ထုတ်ဖော်ထားခဲ့တာပါ။

နဗီးလ်ဟာ စကိုင်းစပေါ့ အစီအစဉ်တွေမှာ တွဲဖက် တင်ဆက်ရတဲ့ လီဗာပူး ကစားသမားဟောင်း ဂျင်မီ ကာရေဂါနဲ့ ကလပ်အသင်းချင်း အမြဲလို အငြင်းအခုန် ဖြစ်လေ့ ရှိသူပါ။ ဒီနှစ်တွေမှာ လီဗာပူးအသင်းက တိုးတက်လာပြီး ယူနိုက်တက်က ကျဆင်းလာတဲ့နောက် နဗီးလ်ဟာ ကာရေဂါရဲ့ ရိထေ့မှုတွေကို ခေါင်းမဖော်နိုင်ဖြစ်နေရပါတယ်။

နဗီးလ်က ပြိုင်ဘက်ကြီးတွေ အောင်ပွဲခံနိုင်မှာကို မမြင်လိုတာကြောင့် အဆိုပါ နေ့ရက်မှာ စကိုင်းစပေါ့ အစီအစဉ်ကနေ ရပ်နားခွင့်ကို ရယူလိုနေတာဖြစ်တယ်။ ကာရေဂါကတော့ နောက်ပြောင်ခြင်းလား အတည်ပြုခြင်းလားလို့ မသဲကွဲတဲ့ စကားတစ်ခွန်းကို ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

ကာရေဂါက ” သူက Papua New Guinea ကို သွားဖို့ စီစဉ်နေတယ်။ လီဗာပူးက ဘယ်အချိန်မှာ အမှတ်ပေးဖလားကို အနိုင်ရမယ်ဆိုတာ သူသေချာမသိတော့ အခုချိန်ထိတော့ လေယာဉ်လက်မှတ် မဖြတ်ရသေးပါဘူး။ ” လို့ ပြောပြခဲ့တာပါ။

လီဗာပူးသားကြီးက ဆက်လက်ပြီး ပြောရာမှာ ” သူကတော့ အင်္ဂလန်ပြင်ပကို ထွက်မှာပါ။ အဲ့လေယာဉ်က အဲဗာတန်သားတွေနဲ့ ပြည့်နှက်နေမှာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ မင်္ဂလာယူရမယ့် နေ့မျိုးမှာ စကိုင်းစပေါ့ကနေ ဂယ်ရီနဗီးလ်ကို မမြင်ရလေ ကောင်းလေပဲလို့ မှတ်ချက်တွေ ပေးထားကြပြီး ပျော်ရွှင်ရမယ့် နေ့ရက်ရောက်လာခဲ့ရင် ပြိုင်ဘက်ဟောင်းကြောင့် ဒေါသထွက်ရမှာမျိုး မဖြစ်လိုဘူးလို့ တုန့်ပြန်ထားကြပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက စကိုင္းစေပါ့မွ သူ႔ရဲ႕တြဲဘက္ျဖစ္သူ ယူႏုိက္တက္ဂႏၱဝင္ၾကီး ဂယ္ရီနဗီးလ္ဟာ လီဗာပူး အမွတ္ေပးဖလား အႏုိင္ရရင္ အဂၤလန္ျပင္ပကို ထြက္ျပီး သြားေနဖို႔ စီစဥ္ထားတယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။

စကိုင္းစေပါ့မွာ အားကစားသံုးသပ္သူျဖစ္တဲ့ မန္ခ်က္စတာယူနုိက္တက္ ဂႏၱ၀င္ကစားသမား ဂယ္ရီ နဗီးလ္ကိုယ္တိုင္က ခါးသီးျပိဳင္ဘက္ အသင္း ျဖစ္တဲ့ လီဗာပူးအသင္း ပရီးမီးယားလိဂ္ ဖလားယူတဲ့ ပြဲစဥ္က်ရင္ အားကစားအစီအစဥ္ေတြမွာ မပါ၀င္လိုေၾကာင္း ၄င္း ဆႏၵကို ထုတ္ေဖာ္ထားခဲ့တာပါ။

နဗီးလ္ဟာ စကိုင္းစေပါ့ အစီအစဥ္ေတြမွာ တြဲဖက္ တင္ဆက္ရတဲ့ လီဗာပူး ကစားသမားေဟာင္း ဂ်င္မီ ကာေရဂါနဲ႕ ကလပ္အသင္းခ်င္း အျမဲလို အျငင္းအခုန္ ျဖစ္ေလ့ ရွိသူပါ။ ဒီႏွစ္ေတြမွာ လီဗာပူးအသင္းက တိုးတက္လာျပီး ယူႏုိက္တက္က က်ဆင္းလာတဲ့ေနာက္ နဗီးလ္ဟာ ကာေရဂါရဲ႕ ရိေထ့မႈေတြကို ေခါင္းမေဖာ္နုိင္ျဖစ္ေနရပါတယ္။

နဗီးလ္က ျပိဳင္ဘက္ၾကီးေတြ ေအာင္ပြဲခံႏုိင္မွာကို မျမင္လိုတာေၾကာင့္ အဆိုပါ ေန႔ရက္မွာ စကိုင္းစေပါ့ အစီအစဥ္ကေန ရပ္နားခြင့္ကို ရယူလိုေနတာျဖစ္တယ္။ ကာေရဂါကေတာ့ ေနာက္ေျပာင္ျခင္းလား အတည္ျပဳျခင္းလားလို႔ မသဲကြဲတဲ့ စကားတစ္ခြန္းကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါေသးတယ္။

ကာေရဂါက ” သူက Papua New Guinea ကို သြားဖို႔ စီစဥ္ေနတယ္။ လီဗာပူးက ဘယ္အခ်ိန္မွာ အမွတ္ေပးဖလားကို အႏုိင္ရမယ္ဆိုတာ သူေသခ်ာမသိေတာ့ အခုခ်ိန္ထိေတာ့ ေလယာဥ္လက္မွတ္ မျဖတ္ရေသးပါဘူး။ ” လို႔ ေျပာျပခဲ့တာပါ။

လီဗာပူးသားၾကီးက ဆက္လက္ျပီး ေျပာရာမွာ ” သူကေတာ့ အဂၤလန္ျပင္ပကို ထြက္မွာပါ။ အဲ့ေလယာဥ္က အဲဗာတန္သားေတြနဲ႔ ျပည့္ႏွက္ေနမွာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြကေတာ့ မဂၤလာယူရမယ့္ ေန႔မ်ိဳးမွာ စကိုင္းစေပါ့ကေန ဂယ္ရီနဗီးလ္ကို မျမင္ရေလ ေကာင္းေလပဲလို႔ မွတ္ခ်က္ေတြ ေပးထားၾကျပီး ေပ်ာ္ရႊင္ရမယ့္ ေန႔ရက္ေရာက္လာခဲ့ရင္ ျပိဳင္ဘက္ေဟာင္းေၾကာင့္ ေဒါသထြက္ရမွာမ်ိဳး မျဖစ္လိုဘူးလို႔ တုန္႔ျပန္ထားၾကပါတယ္။