မီနာမီနိုရဲ့ စွမ်းရည်နဲ့ စိတ်ပိုင်းဆိုင်ရာတွေက လီဗာပူးမှာ ယာဂင်ကလော့ပ် ကျင့်သုံးနေတဲ့ နည်းစနစ်နဲ့ လိုက်ဖက်ညီမှု ရှိပါကြောင်း ဂိုးမက်စ်ရဲ့ ဖြေဆိုမှုကို လီဗာပူးဝဘ်ဆိုဒ်ကနေ ဖော်ပြသွားပါတယ်။

ဇန်နဝါရီမှာ လီဗာပူးကို မီနာမီနို ရောက်လာတဲ့နောက်ပိုင်း ဂျပန်တိုက်စစ်သမားဟာ ပွဲ ၄ ပွဲမှာ ပါဝင်ခွင့် ရထားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ နှစ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ တိုက်စစ်သမားက ခြေစွမ်းကောင်းတွေနဲ့ တောက်ပနေတာ မဟုတ်ပေမယ့် သူဟာ လေ့ကျင့်ရေးမှာတော့ ကောင်းမွန်တဲ့ ပုံစံတွေရှိနေတယ်လို့ ဂိုးမက်စ်က ပြောပါတယ်။

မီနာမီနိုရဲ့ ခြေစွမ်းက အသင်းဖော်တွေကို သဘောကျမှု ရှိစေခဲ့ပြီး သူဘယ်လို ကစားသမားလဲဆိုတာကို လီဗာပူးအသင်းဖော်တွေတင်မကပဲ လီဗာပူးပရိသတ်တွေလည်း သိကြမှာဖြစ်ကာ သိပ်ကောင်းတဲ့ ခေါ်ယူမှုပါလို့ ဂိုးမက်စ်က ဆိုခဲ့တာဖြစ်တယ်။

ဂိုးမက်စ်က ပြောရာမှာ ” သူက ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး သူ့ထံကနေ အကောင်းမြင်မှုတွေကို မြင်ရတတ်ပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူ့ကို ရင်ဆိုင်ကစားတည်းက ဘယ်လိုအရည်အချင်းရှိတဲ့ ကစားသမားလဲဆိုတာကို အားလုံးလည်း သိထားကြပါတယ်။

အန်ဖီးကို ရောက်လာတုန်းက သူဘာတွေကို လုပ်ပြခဲ့လဲ ပွဲကို ဘယ်လိုကစားခဲ့လဲဆိုတာကို ကျနေ်ာတို့ သိပါတယ်။ သူက ဖိအားပေးဖို့ ဆန္ဒပြင်းပြပြီး ကျနေ်ာတို့ရဲ့ ကစားဟန်မှာ အသားကျမှုှိပါတယ်။ မန်နေဂျာက ကျနေ်ာတို့ကို ကစားဖို့ နည်းလမ်းချထားပေးတာရှိပြီး သူက အဲ့သည် နည်းလမ်းတွေမှာ ကစားနိုင်စွမ်း ရှိပါတယ်။ အသင်းအတွက်တော့ မယုံနိုင်လောက်တဲ့ ခေါ်ယူမှုကောင်းပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မီနာမီႏိုရဲ႕ စြမ္းရည္နဲ႔ စိတ္ပိုင္းဆိုင္ရာေတြက လီဗာပူးမွာ ယာဂင္ကေလာ့ပ္ က်င့္သံုးေနတဲ့ နည္းစနစ္နဲ႔ လိုက္ဖက္ညီမႈ ရွိပါေၾကာင္း ဂိုးမက္စ္ရဲ႕ ေျဖဆိုမႈကို လီဗာပူးဝဘ္ဆိုဒ္ကေန ေဖာ္ျပသြားပါတယ္။

ဇန္နဝါရီမွာ လီဗာပူးကို မီနာမီႏို ေရာက္လာတဲ့ေနာက္ပိုင္း ဂ်ပန္တုိက္စစ္သမားဟာ ပြဲ ၄ ပြဲမွာ ပါဝင္ခြင့္ ရထားခဲ့ျပီျဖစ္ပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ႏွစ္ၾကိမ္ ထိပ္တိုက္ေတြ႔ခဲ့ဖူးတဲ့ တိုက္စစ္သမားက ေျခစြမ္းေကာင္းေတြနဲ႔ ေတာက္ပေနတာ မဟုတ္ေပမယ့္ သူဟာ ေလ့က်င့္ေရးမွာေတာ့ ေကာင္းမြန္တဲ့ ပံုစံေတြရွိေနတယ္လုိ႔ ဂိုးမက္စ္က ေျပာပါတယ္။

မီနာမီႏိုရဲ႕ ေျခစြမ္းက အသင္းေဖာ္ေတြကို သေဘာက်မႈ ရွိေစခဲ့ျပီး သူဘယ္လို ကစားသမားလဲဆိုတာကို လီဗာပူးအသင္းေဖာ္ေတြတင္မကပဲ လီဗာပူးပရိသတ္ေတြလည္း သိၾကမွာျဖစ္ကာ သိပ္ေကာင္းတဲ့ ေခၚယူမႈပါလို႔ ဂိုးမက္စ္က ဆိုခဲ့တာျဖစ္တယ္။

ဂိုးမက္စ္က ေျပာရာမွာ ” သူက ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူျဖစ္ျပီး သူ႔ထံကေန အေကာင္းျမင္မႈေတြကို ျမင္ရတတ္ပါတယ္။ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ သူ႔ကို ရင္ဆိုင္ကစားတည္းက ဘယ္လိုအရည္အခ်င္းရွိတဲ့ ကစားသမားလဲဆိုတာကို အားလံုးလည္း သိထားၾကပါတယ္။

အန္ဖီးကို ေရာက္လာတုန္းက သူဘာေတြကို လုပ္ျပခဲ့လဲ ပြဲကို ဘယ္လိုကစားခဲ့လဲဆိုတာကို က်ေန္ာတို႔ သိပါတယ္။ သူက ဖိအားေပးဖို႔ ဆႏၵျပင္းျပျပီး က်ေန္ာတုိ႔ရဲ႕ ကစားဟန္မွာ အသားက်မႈွိပါတယ္။ မန္ေနဂ်ာက က်ေန္ာတုိ႔ကို ကစားဖို႔ နည္းလမ္းခ်ထားေပးတာရွိျပီး သူက အဲ့သည္ နည္းလမ္းေတြမွာ ကစားႏုိင္စြမ္း ရွိပါတယ္။ အသင္းအတြက္ေတာ့ မယံုႏုိင္ေလာက္တဲ့ ေခၚယူမႈေကာင္းပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။