ချယ်ဆီးဂိုးသမား ကီပါမတိုင်ခင် ကမ္ဘာဈေးအကြီးဆုံး ဂိုးသမားဆိုတဲ့ စံချိန်ကို စိုက်ထူးခဲ့တဲ့ အယ်လီဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားနေရာကို ဒီရာသီမှာလည်း ပိုင်ဆိုင်ဖို့ ဦးတည်နေပါပြီ။

ရာသီစက ဒဏ်ရာကြောင့် အမှတ်ပေးပွဲ ၁၀ ပွဲလောက်ကို လွဲချော်ထားပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ clean sheet အများဆုံး ရယူထားနိုင်တဲ့ ဂိုးသမားများစာရင်းမှာ အယ်လီဆန်ဟာ ရှက်ဖီးမှ ဟန်ဒါဆန်၊ ဘန်လေမှ နစ်ပုပ်တို့နည်းတူ ၉ ပွဲထိ ရယူထားနိုင်ခဲ့တာဖြစ်တယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်အဖြစ် ပေးဂိုး ၁၅ ဂိုးပဲ ရှိထားတာဖြစ်ပါတယ်။

အယ်လီဆန်ဟာ ဒီရာသီ အကောင်းဆုံး ခံစစ်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးရဲ့ အဓိက ကစားသမားဖြစ်ပြီး သူဟာ အကောင်းဆုံး အစွန်နှစ်ဘက်နဲ့ ကမ္ဘာအကောင်း ခံစစ်မှူးရှိတဲ့ ခံစစ်မှာ ဂိုးပေါက်ကာကွယ်သူအဖြစ် ထူးချွန်တဲ့ လက်စွမ်းတွေကို ကိုယ်တိုင် ပြသနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေမှာ ကလပ်အသင်းတွေဟာ ပေးရနိုင်တဲ့ သွင်းဂိုးနဲ့ အမှန်တကယ် ပေးရတဲ့ ဂိုးတွေကြား ကွာခြားမှုကို ကြည့်မယ်ဆိုရင် လီဗာပူးက အနည်းဆုံးအဖြစ် ရှိနေပါတယ်။ ဒါဟာ အယ်လီဆန်ရဲ့ ထူးချွန်လှတဲ့ ဂိုးပေါက် ကာကွယ်မှုကလည်း အဓိက အကြောင်းရင်းအနေနဲ့ ပါဝင်နေတာပါ။

Liverpool: Expected conceded 1.0, Actual conceded 0.6
Man City: Expected 1.1, Actual 1.2
Leicester: Expected 1.3, Actual 1.0
Tottenham: Expected 1.5, Actual 1.2

ဥရောပမှာလည်း လီဗာပူးဟာ ရီးရဲလ်မက်ဒရစ် (၁၃ ဂိုး) နောက် ခံစစ်အကောင်းဆုံးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လီဗာပူး ရယူနိုင်နေတဲ့ နိုင်ပွဲတွေဟာ စိတ်ချရတဲ့ နောက်တန်းနဲ့ ဂိုးသမားကို ပိုင်ဆိုင်ထားခြင်းက အကြောင်းရင်း တစ်ရပ်အဖြစ် ဒီမှတ်တမ်းကို ဖော်ပြလိုက်တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဂိုးသမား ကီပါမတိုင္ခင္ ကမၻာေစ်းအၾကီးဆံုး ဂိုးသမားဆိုတဲ့ စံခ်ိန္ကို စိုက္ထူးခဲ့တဲ့ အယ္လီဆန္ဟာ ပရီးမီးယားလိဂ္ရဲ႔ အေကာင္းဆံုး ဂိုးသမားေနရာကို ဒီရာသီမွာလည္း ပိုင္ဆိုင္ဖို႔ ဦးတည္ေနပါျပီ။

ရာသီစက ဒဏ္ရာေၾကာင့္ အမွတ္ေပးပြဲ ၁၀ ပြဲေလာက္ကို လြဲေခ်ာ္ထားေပမယ့္လည္း ပရီးမီးယားလိဂ္ရဲ႕ clean sheet အမ်ားဆံုး ရယူထားႏုိင္တဲ့ ဂိုးသမားမ်ားစာရင္းမွာ အယ္လီဆန္ဟာ ရွက္ဖီးမွ ဟန္ဒါဆန္၊ ဘန္ေလမွ နစ္ပုပ္တို႔နည္းတူ ၉ ပြဲထိ ရယူထားႏုိင္ခဲ့တာျဖစ္တယ္။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆံုး ခံစစ္အျဖစ္ ေပးဂိုး ၁၅ ဂိုးပဲ ရွိထားတာျဖစ္ပါတယ္။

အယ္လီဆန္ဟာ ဒီရာသီ အေကာင္းဆံုး ခံစစ္ေၾကာင္းကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးရဲ႕ အဓိက ကစားသမားျဖစ္ျပီး သူဟာ အေကာင္းဆံုး အစြန္ႏွစ္ဘက္နဲ႔ ကမၻာအေကာင္း ခံစစ္မွဴးရွိတဲ့ ခံစစ္မွာ ဂိုးေပါက္ကာကြယ္သူအျဖစ္ ထူးခၽြန္တဲ့ လက္စြမ္းေတြကို ကိုယ္တိုင္ ျပသေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြမွာ ကလပ္အသင္းေတြဟာ ေပးရႏုိင္တ့ဲ သြင္းဂိုးနဲ႔ အမွန္တကယ္ ေပးရတဲ့ ဂိုးေတြၾကား ကြာျခားမႈကို ၾကည့္မယ္ဆိုရင္ လီဗာပူးက အနည္းဆံုးအျဖစ္ ရွိေနပါတယ္။ ဒါဟာ အယ္လီဆန္ရဲ႕ ထူးခၽြန္လွတဲ့ ဂိုးေပါက္ ကာကြယ္မႈကလည္း အဓိက အေၾကာင္းရင္းအေနနဲ႔ ပါဝင္ေနတာပါ။

Liverpool: Expected conceded 1.0, Actual conceded 0.6
Man City: Expected 1.1, Actual 1.2
Leicester: Expected 1.3, Actual 1.0
Tottenham: Expected 1.5, Actual 1.2

ဥေရာပမွာလည္း လီဗာပူးဟာ ရီးရဲလ္မက္ဒရစ္ (၁၃ ဂိုး) ေနာက္ ခံစစ္အေကာင္းဆံုးကို ပိုင္ဆိုင္ထားတာျဖစ္ျပီး လီဗာပူး ရယူႏုိင္ေနတဲ့ ႏုိင္ပြဲေတြဟာ စိတ္ခ်ရတဲ့ ေနာက္တန္းနဲ႔ ဂိုးသမားကို ပိုင္ဆုိင္ထားျခင္းက အေၾကာင္းရင္း တစ္ရပ္အျဖစ္ ဒီမွတ္တမ္းကို ေဖာ္ျပလိုက္တာျဖစ္ပါတယ္။