လန်ဒန်ကို ရောက်နေတဲ့ ဘရာဇီးဂန္တဝင် ကာကာကို ဒီကနေ့မှာ စကိုင်းစပေါ့က အင်တာဗျူး မေးခဲ့ပြီး သူ့ရဲ့ ဖြေဆိုမှုထဲမှာ လီဗာပူးကို အတော်လေး နှစ်သက်တယ်ဆိုတဲ့ အကြောင်း ပါဝင်ခဲ့ပါတယ်။ အင်တာဗျူးကို တိုက်ရိုက် ပြန်တာဖြစ်လို့ အနည်းငယ် လွဲမှားတာတွေ ရှိနိုင်တာကို နားလည်ပေးကြဖို့ မျှော်လင့်ပြီး ကာကာရဲ့ အင်တာဗျူးက အောက်ပါအတိုင်း ဖြစ်ပါတယ်။

သတင်းထောက် – လက်ရှိ အခြေအနေမှာ ဘယ်အသင်း ကစားတာကို ကြည့်ရတာကို နှစ်သက်သလဲ

ကာကာ – လီဗာပူးပေါ့။ အဲ့မှာ ဘရာဇီးသားတွေလည်း ရှိတယ်။ သူတို့က သူငယ်ချင်းတွေပါ။ ဒါပေမယ့် သူတို့ပွဲတွေကို ကြည့်ရတာကိုပဲ ကျနော်က ကြိုက်နေတာပါ။ သူတို့လိဂ်နဲ့ ပွဲတွေမှာ ဘရာဇီး ကစားသမားတွေ အများကြီးရှိတော့ ကျနော် ကြည့်ဖြစ်နေတာပါ။

သတင်းထောက် – လီဗာပူး ကစားတာကို ဘယ်လောက်ထိ သဘောကျလဲ သူတို့က ပရီးမီယားလိဂ်က အခြားသော ပြိုင်ဘက်တွေကို အတော်ဝေးဝေး ဦးဆောင်ထားနေတာဆိုတော့လေ။

ကာကာ – အရမ်းကို ကောင်းပါတယ်၊ အသင်းလိုက် ကစားတာ အရမ်းကောင်းတာကို မြင်နေရတာပါ။ ဒါက ဘောလုံးရာသီ တစ်ခုဆိုတာကို ကျနေ်ာတို့ သိတယ်။ လီဗာပူးဘက်က ပြောတာ မဟုတ်ပေမယ့် ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပြီး ဘောလုံးရာသီတိုင်းက ခက်ခဲတော့ လီဗာပူးက ပုံစံကောင်းမှာ ရှိနေပြီး သူတို့အသင်းရဲ့ အုပ်ချုပ်မှုနဲ့ အစစအရာရာမှာ အရမ်းကို ကောင်းပါတယ်။

ကလပ်အသင်းတစ်သင်းက ဒီလိုမျိုး လုပ်ဆောင်မှုတွေ ကောင်းနေတယ်ဆိုတာ မလွယ်ပါဘူး။ အသင်းလိုက် ကစားဟန်ရယ်၊ နည်းစနစ်ရယ် နောက် ကစားသမားတွေရယ် အားလုံးက ထူးချွန်ပြီး လီဗာပူးပွဲတွေကို ကြည့်ရတာ ကျနော် ပျော်ရွှင်မိပါတယ်။

သတင်းသမားရဲ့ လီဗာပူးရဲ့ ဖိအားခပ်မြင့်မြင့်ပေးတဲ့ အနေအထားကို သဘောကျမိလားနဲ့ ဘယ်ကစားသမားတွေကို နှစ်သက်မိလဲဆိုတဲ့ မေးခွန်းကိုလည်း ကာကာက ပြန်ဖြေပေးခဲ့ပါတယ်။

” ဟုတ်ပါတယ် ကျနော် သဘောကျပါတယ်။ ဘာလို့လည်းဆိုတော့ ဒါက ကျနေ်ာတို့ အများကြီး ခြားနားစွာ မြင်လို့ရပါတယ်။ ယာဂင်ကလော့ပ်က ခြားနားတာတွေလုပ်ဖို့ မကြောက်ပါဘူး။ သူတို့ လှုပ်ရှားမှုတွေ အရမ်းကောင်းပြီး နည်းစနစ်တွေ ဗျူဟာတွေနဲ့ လုပ်ဆောင်တာတွေက ကောင်းပါတယ်။

ဘရာဇီးသားတွေ မြင်ရတာကောင်းပါတယ်။ ကျနော် အရမ်းပျော်မိပါတယ်။ ကျနေ်ာတို့ အများကြီး ဝေဖန်ခံရတာရှိပါတယ်။ ဘရာဇီးအသင်းက အရင်ကနဲ့ မတူတော့ပါဘူး။ ကစားကွက်တွေကလည်း မတူညီပါဘူး။ ကစားသမားတွေက အမြင့်ဆုံး အဆင့်မှာ ကစားတာတွေ မြင်ရတာက အရမ်းကောင်းပါတယ်။

အယ်လီဆန်က ကမ္ဘာအကောင်းဆုံး ဂိုးသမားပါ။ဖာဘင်ညိုက အကောင်းဆုံး ကွင်းလယ်လူနဲ့ ဖာမင်နိုနဲ့ ဘာစီလိုနာက ဆွာရက်စ်တို့ကတော့ ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူတွေပါ။ ကျနော်အတွက်တော့ ဖာမင်နိုနဲ့ ဆွာရက်စ်က ကမ္ဘာအကောင်းဆုံးတွေပါ။ ဖာမင်နိုရဲ့ ကစားပုံကို မြင်ရတာ၊ သူ့ရဲ့ အနေအထားကို နားလည်တယ်။ သူ့ရဲ့ နေရာတွေ ချိန်းကစားတာ၊ သူက ဧရိယာထဲမှာပဲ တစ်ချိန်လုံး ရှိနေတာ မဟုတ်ပဲ ဘောလုံးကို ဆင်းယူတယ် အခွင့်အရေး ဖန်တီးတယ် သူကစားတာကို မြင်ရတာ ဘရာဇီးသား တစ်ယောက်အနေနဲ့ အရမ်းကို ကောင်းပါတယ်။ ” လို့ ဖြစ်ပါတယ်။

ZAWGYI

လန္ဒန္ကို ေရာက္ေနတဲ့ ဘရာဇီးဂႏၱဝင္ ကာကာကို ဒီကေန႔မွာ စကိုင္းစေပါ့က အင္တာဗ်ဴး ေမးခဲ့ျပီး သူ႔ရဲ႕ ေျဖဆိုမႈထဲမွာ လီဗာပူးကို အေတာ္ေလး ႏွစ္သက္တယ္ဆိုတဲ့ အေၾကာင္း ပါဝင္ခဲ့ပါတယ္။ အင္တာဗ်ဴးကို တိုက္ရိုက္ ျပန္တာျဖစ္လို႔ အနည္းငယ္ လြဲမွားတာေတြ ရွိႏိုင္တာကို နားလည္ေပးၾကဖို႔ ေမွ်ာ္လင့္ျပီး ကာကာရဲ႕ အင္တာဗ်ဴးက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

သတင္းေထာက္ – လက္ရွိ အေျခအေနမွာ ဘယ္အသင္း ကစားတာကို ၾကည့္ရတာကုိ ႏွစ္သက္သလဲ

ကာကာ – လီဗာပူးေပါ့။ အဲ့မွာ ဘရာဇီးသားေတြလည္း ရွိတယ္။ သူတို႔က သူငယ္ခ်င္းေတြပါ။ ဒါေပမယ့္ သူတို႔ပြဲေတြကို ၾကည့္ရတာကိုပဲ က်ေနာ္က ၾကိဳက္ေနတာပါ။ သူတို႔လိဂ္နဲ႔ ပြဲေတြမွာ ဘရာဇီး ကစားသမားေတြ အမ်ားၾကီးရွိေတာ့ က်ေနာ္ ၾကည့္ျဖစ္ေနတာပါ။

သတင္းေထာက္ – လီဗာပူး ကစားတာကို ဘယ္ေလာက္ထိ သေဘာက်လဲ သူတို႔က ပရီးမီယားလိဂ္က အျခားေသာ ျပိဳင္ဘက္ေတြကို အေတာ္ေဝးေဝး ဦးေဆာင္ထားေနတာဆိုေတာ့ေလ။

ကာကာ – အရမ္းကို ေကာင္းပါတယ္၊ အသင္းလိုက္ ကစားတာ အရမ္းေကာင္းတာကို ျမင္ေနရတာပါ။ ဒါက ေဘာလံုးရာသီ တစ္ခုဆိုတာကို က်ေန္ာတို႔ သိတယ္။ လီဗာပူးဘက္က ေျပာတာ မဟုတ္ေပမယ့္ ပရီးမီးယားလိဂ္က ျပိဳင္ဆုိင္မႈ အရမ္းျပင္းထန္ျပီး ေဘာလံုးရာသီတုိင္းက ခက္ခဲေတာ့ လီဗာပူးက ပံုစံေကာင္းမွာ ရွိေနျပီး သူတို႔အသင္းရဲ႕ အုပ္ခ်ဳပ္မႈနဲ႔ အစစအရာရာမွာ အရမ္းကုိ ေကာင္းပါတယ္။

ကလပ္အသင္းတစ္သင္းက ဒီလိုမ်ိဳး လုပ္ေဆာင္မႈေတြ ေကာင္းေနတယ္ဆိုတာ မလြယ္ပါဘူး။ အသင္းလိုက္ ကစားဟန္ရယ္၊ နည္းစနစ္ရယ္ ေနာက္ ကစားသမားေတြရယ္ အားလံုးက ထူးခၽြန္ျပီး လီဗာပူးပြဲေတြကို ၾကည့္ရတာ က်ေနာ္ ေပ်ာ္ရႊင္မိပါတယ္။

သတင္းသမားရဲ႕ လီဗာပူးရဲ႕ ဖိအားခပ္ျမင့္ျမင့္ေပးတဲ့ အေနအထားကို သေဘာက်မိလားနဲ႔ ဘယ္ကစားသမားေတြကို ႏွစ္သက္မိလဲဆိုတဲ့ ေမးခြန္းကိုလည္း ကာကာက ျပန္ေျဖေပးခဲ့ပါတယ္။

” ဟုတ္ပါတယ္ က်ေနာ္ သေဘာက်ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒါက က်ေန္ာတုိ႔ အမ်ားၾကီး ျခားနားစြာ ျမင္လို႔ရပါတယ္။ ယာဂင္ကေလာ့ပ္က ျခားနားတာေတြလုပ္ဖို႔ မေၾကာက္ပါဘူး။ သူတို႔ လႈပ္ရွားမႈေတြ အရမ္းေကာင္းျပီး နည္းစနစ္ေတြ ဗ်ဴဟာေတြနဲ႔ လုပ္ေဆာင္တာေတြက ေကာင္းပါတယ္။

ဘရာဇီးသားေတြ ျမင္ရတာေကာင္းပါတယ္။ က်ေနာ္ အရမ္းေပ်ာ္မိပါတယ္။ က်ေန္ာတို႔ အမ်ားၾကီး ေဝဖန္ခံရတာရွိပါတယ္။ ဘရာဇီးအသင္းက အရင္ကနဲ႔ မတူေတာ့ပါဘူး။ ကစားကြက္ေတြကလည္း မတူညီပါဘူး။ ကစားသမားေတြက အျမင့္ဆံုး အဆင့္မွာ ကစားတာေတြ ျမင္ရတာက အရမ္းေကာင္းပါတယ္။

အယ္လီဆန္က ကမၻာအေကာင္းဆံုး ဂိုးသမားပါ။ဖာဘင္ညိဳက အေကာင္းဆံုး ကြင္းလယ္လူနဲ႔ ဖာမင္ႏိုနဲ႔ ဘာစီလိုနာက ဆြာရက္စ္တို႔ကေတာ့ ကမၻာအေကာင္းဆံုး တိုက္စစ္မွဴေတြပါ။ က်ေနာ္အတြက္ေတာ့ ဖာမင္ႏိုနဲ႔ ဆြာရက္စ္က ကမၻာအေကာင္းဆံုးေတြပါ။ ဖာမင္ႏိုရဲ႕ ကစားပံုကို ျမင္ရတာ၊ သူ႔ရဲ႕ အေနအထားကို နားလည္တယ္။ သူ႔ရဲ႕ ေနရာေတြ ခ်ိန္းကစားတာ၊ သူက ဧရိယာထဲမွာပဲ တစ္ခ်ိန္လံုး ရွိေနတာ မဟုတ္ပဲ ေဘာလံုးကို ဆင္းယူတယ္ အခြင့္အေရး ဖန္တီးတယ္ သူကစားတာကို ျမင္ရတာ ဘရာဇီးသား တစ္ေယာက္အေနနဲ႔ အရမ္းကို ေကာင္းပါတယ္။ ” လို႔ ျဖစ္ပါတယ္။