ဘရာဇီးကြယ်ပွင့်ဟောင်း ကာကာက သူဟာ လီဗာပူးပွဲတွေကို ကြည့်ရတာ နှစ်သက်ကြောင်းနဲ့ သူ့အတွက်တော့ ဖာမင်နို၊ ဖာဘင်ညို၊ အယ်လီဆန်တို့ဟာ အကောင်းဆုံးတွေဖြစ်ကာ ဖာမင်နိုကတော့ တိုက်စစ်မှူးတွေထဲမှာ သူအကြိုက်ဆုံးပါလို့ ချီးကျူးလိုက်ပါတယ်။

ဒီရာသီ လီဗာပူးနဲ့ ကြီးကြီးမားမား ရလဒ်တွေ ကွာဟနေတာကြောင့် နွေမှာ ကစားသမားခေါ်ယူမှုကြီးတွေ လုပ်မယ်လို့ သတင်းထွက်နေမှုကို အဖြေပေးဖို့ ဂွာဒီယိုလာက ငြင်းဆန်ပါတယ်။

လီဗာပူးနဲ့ ရမှတ် ၂၂ မှတ်ထိ ကွားဟနေတာကြောင့် မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ လုပ်ဆောင်မှုအပေါ် ပေါမာဆန်က ဝေဖန်လိုက်ပါတယ်။ သူကတော့ ကလော့ပ်ဟာ အရင်ရာသီမှာ ရမှတ်တွေ ကွာဟခဲ့ရာက ကျဉ်းမြောင်းအောင် ကြိုးစားနိုင်ပြီး ဂွာဒီယိုလာကတော့ နောက်ပြန်ဆုတ်နေတယ်လို့ ဝေဖန်လိုက်တာပါ။

ပရီးမီးယားလိဂ် စီအီးအိုအသင်းက အမှတ်ပေးပွဲတွေကို တီဗီချန်နယ်တစ်ခုကနေ ပုံသေထုတ်လွှင့်ပြီး တစ်လ ၁၀ ပေါင်းနှုန်းနဲ့ ကြည့်ခွင့်ပေးဖို့ စတင်ကာ စီစဉ်လာနေပါပြီ။

လီဗာပူးဟာ ဆာလက်၊ မာနေး၊ ကီတာတို့ကို လာမယ့်ရာသီမှာ အာဖရိကဖလားအတွက် လက်လွတ်ရမှာဖြစ်လို့ တီမိုဝါနာနဲ့ ပက်သက်ပြီး သတင်းအချက်အလက်တွေကို စုဆောင်းမှုတွေ ခပ်ကျဲကျဲ ပြုလုပ်လာနေပါတယ်။

နွေတုန်းက လီဗာပူးကနေ စပို့တင်းကို ထွက်ခွားတဲ့ လီဗာပူးကစားသမားဟောင်း ကမာချိုကို မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းက စတင်ကာ ကင်းထောက်မှုတွေ ပြုလုပ်နေပါတယ်။

အင်္ဂလန်မှာ မုန်တိုင်းတွေရှိနေပြီး ဒီကနေ့ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအမျိုးသမီးနဲ့ အဲဗာတန် အမျိုးသမီးတို့ရဲ့ ဒါဘီပွဲကို ဖျက်သိမ်းလိုက်ပါပြီ။ မုန်းတိုင်းက အတော်လေး ပြင်းထန်နေပြီး ယူ-၂၃ ပွဲတွေကိုပါ ဖျက်သိမ်းခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်၊ ပီအက်ဗီနဲ့ လီဗာပူး သုံးသင်းအနက် လီဗာပူးကို ပြောင်းဖို့ ရွေးချယ်ခဲ့တာက အင်္ဂလန်ရဲ့ ထိပ်သီးအသင်းဖြစ်လိုတင် မကပဲ ဒီအသင်းက မိသားစုဆန်တယ်လို့ ယုံကြည်ခြင်းကြောင့်လို့ ဗန်ဒန်ဘယ်ရာက ပြောပါတယ်။

လီဗာပူးဟာ နိုင်ပွဲတွေကို ဆက်တိုက် ရယူသွားနိုင်မယ်ဆိုရင် မတ်လ ၂၁ ရက်နေ့ အန်ဖီးကွင်းမှာ ပဲလေစ့်ကို ယှဉ်ပြိုင်တဲ့ပွဲမှာပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ချန်ပီယံဖြစ်ပါမယ်။

ZAWGYI

ဘရာဇီးၾကယ္ပြင့္ေဟာင္း ကာကာက သူဟာ လီဗာပူးပြဲေတြကို ၾကည့္ရတာ ႏွစ္သက္ေၾကာင္းနဲ႔ သူ႔အတြက္ေတာ့ ဖာမင္ႏို၊ ဖာဘင္ညိဳ၊ အယ္လီဆန္တို႔ဟာ အေကာင္းဆံုးေတြျဖစ္ကာ ဖာမင္ႏိုကေတာ့ တိုက္စစ္မွဴးေတြထဲမွာ သူအၾကိဳက္ဆံုးပါလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

ဒီရာသီ လီဗာပူးနဲ႔ ၾကီးၾကီးမားမား ရလဒ္ေတြ ကြာဟေနတာေၾကာင့္ ေႏြမွာ ကစားသမားေခၚယူမႈၾကီးေတြ လုပ္မယ္လို႔ သတင္းထြက္ေနမႈကို အေျဖေပးဖို႔ ဂြာဒီယိုလာက ျငင္းဆန္ပါတယ္။

လီဗာပူးနဲ႔ ရမွတ္ ၂၂ မွတ္ထိ ကြားဟေနတာေၾကာင့္ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ လုပ္ေဆာင္မႈအေပၚ ေပါမာဆန္က ေဝဖန္လိုက္ပါတယ္။ သူကေတာ့ ကေလာ့ပ္ဟာ အရင္ရာသီမွာ ရမွတ္ေတြ ကြာဟခဲ့ရာက က်ဥ္းေျမာင္းေအာင္ ၾကိဳးစားႏုိင္ျပီး ဂြာဒီယိုလာကေတာ့ ေနာက္ျပန္ဆုတ္ေနတယ္လို႔ ေဝဖန္လုိက္တာပါ။

ပရီးမီးယားလိဂ္ စီအီးအိုအသင္းက အမွတ္ေပးပြဲေတြကို တီဗီခ်န္နယ္တစ္ခုကေန ပံုေသထုတ္လႊင့္ျပီး တစ္လ ၁၀ ေပါင္းႏႈန္းနဲ႔ ၾကည့္ခြင့္ေပးဖို႔ စတင္ကာ စီစဥ္လာေနပါျပီ။

လီဗာပူးဟာ ဆာလက္၊ မာေနး၊ ကီတာတို႔ကို လာမယ့္ရာသီမွာ အာဖရိကဖလားအတြက္ လက္လြတ္ရမွာျဖစ္လို႔ တီမိုဝါနာနဲ႔ ပက္သက္ျပီး သတင္းအခ်က္အလက္ေတြကို စုေဆာင္းမႈေတြ ခပ္က်ဲက်ဲ ျပဳလုပ္လာေနပါတယ္။

ေႏြတုန္းက လီဗာပူးကေန စပို႔တင္းကို ထြက္ခြားတဲ့ လီဗာပူးကစားသမားေဟာင္း ကမာခ်ိဳကို ျမိဳ႕ခံျပိဳင္ဘက္ အဲဗာတန္အသင္းက စတင္ကာ ကင္းေထာက္မႈေတြ ျပဳလုပ္ေနပါတယ္။

အဂၤလန္မွာ မုန္တိုင္းေတြရွိေနျပီး ဒီကေန႔ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးအမ်ိဳးသမီးနဲ႔ အဲဗာတန္ အမ်ိဳးသမီးတို႔ရဲ႕ ဒါဘီပြဲကို ဖ်က္သိမ္းလိုက္ပါျပီ။ မုန္းတိုင္းက အေတာ္ေလး ျပင္းထန္ေနျပီး ယူ-၂၃ ပြဲေတြကိုပါ ဖ်က္သိမ္းခဲ့ျပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္၊ ပီအက္ဗီနဲ႔ လီဗာပူး သံုးသင္းအနက္ လီဗာပူးကို ေျပာင္းဖို႔ ေရြးခ်ယ္ခဲ့တာက အဂၤလန္ရဲ႕ ထိပ္သီးအသင္းျဖစ္လိုတင္ မကပဲ ဒီအသင္းက မိသားစုဆန္တယ္လို႔ ယံုၾကည္ျခင္းေၾကာင့္လို႔ ဗန္ဒန္ဘယ္ရာက ေျပာပါတယ္။

လီဗာပူးဟာ ႏုိင္ပြဲေတြကို ဆက္တိုက္ ရယူသြားႏုိင္မယ္ဆိုရင္ မတ္လ ၂၁ ရက္ေန႔ အန္ဖီးကြင္းမွာ ပဲေလစ့္ကို ယွဥ္ျပိဳင္တဲ့ပြဲမွာပဲ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီရဲ႕ ခ်န္ပီယံျဖစ္ပါမယ္။