လီဗာပူးဟာ လာမယ့်နွေမှာ တိုက်စစ်သမားတစ်ဦးကို ကျိန်းသေပေါက် ခေါ်ယူဖို့ စီစဉ်လာခဲ့ပြီး ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ပေးပါလိမ့်မယ်လို့ The Athletic က ဖော်ထုတ်လာခဲ့ပါပြီ။

ဒီကာလတွေအတွင်း ဆန်ချို၊ ဟာဗက်နဲ့ ဝါနာတို့ကို ဆက်တိုက် စောင့်ကြည့်ပြီး ဈေးကွက် တီးခေါက်မှုကိုလည်း လုပ်ဆောင်နေခဲ့ကာ သူတို့သုံးဦးအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးနဲ့ ပက်သက်လို့ အချက်အလက်တွေကို စတင်ကာ စုဆောင်းမိနေပါပြီ။ လီဗာပူးဟာ တိုက်စစ်သမားတစ်ဦး သေချာပေါက် ခေါ်ရမယ့် အနေအထားကိုလည်း ရင်ဆိုင်နေရတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေခဲ့တာပါ။

လာမယ့်ရာသီ ရာသီဝက်ကာလဖြစ်တဲ့ ဇန်နဝါရီန့ ဖေဖော်ဝါရီမှာတော့ ၂၀၂၁ ခုနှစ် အာဖရိကဖလားကို ထုံးစံအတိုင်း ပြန်ကျင်းပဖို့ ရှိနေပါတယ်။ လီဗာပူးဟာ အဆိုပါ ပြိုင်ပွဲအတွက် ဆာလက်၊ မာနေး၊ ကီတာတို့ကို လက်လွတ်ပေးရဖို့ အနေအထား ရှိနေခြင်းကြောင့် တိုက်စစ်သမား တစ်ဦးကို ခေါ်ယူသွားရဖို့ လိုအပ်နေတာဖြစ်တယ်။

လီဗာပူးဟာ တီမိုဝါနာအတွက် ဆက်သွယ်မှုကိုပါ လုပ်ထားတယ်လို့ The Athletic ဘက်က ရိပ်စားမိထားပေမယ့် နှစ်ဘက် အဖွဲ့ဟာ သဘောတူညီမှုတွေ ရထားတယ်လို့တော့ မှတ်ယူလို့ မရသေးပါဘူး။ ၎င်း သတင်းဌာနကပဲ လီဗာပူးက လိုက်ဇစ်တိုက်စစ်သမားကို ခေါ်ယူဖို့ဆိုရင် လက်ရှိ စာချုပ်အရ ပေါင် ၅၁ သန်း ပေးရမယ်လို့လည်း ဖော်ထုတ်ခဲ့တာဖြစ်တယ်။

ဆန်ချိုနဲ့ ဟာဗက်ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၈၀-၁၀၀ သန်းကြားထိ ပေးရမှာဖြစ်ကာ ဒါဟာ ငယ်ရွယ်တဲ့ ကစားသမားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ဘွန်ဒက်လီဂါမှာ ကစားသမားကောင်းဆိုတာ တည်တည်ငြိမ်ငြိမ် သက်သေပြနေတဲ့ ဝါနာကို ခေါ်ယူခြင်းကပဲ ပိုမို မှန်ကန်တဲ့ ရွေးချယ်မှုအဖြစ် လီဗာပူးဘက်က ယုံကြည်ထားတယ်လို့ သိရပါတယ်။

လီဗာပူးကင်းထောက်တွေဟာ ဘွန်ဒက်လီဂါနဲ့ စီးရီးအေဘက်တွေကို မကြာခဏ ခြေရှုပ်လေ့ရှိနေတာဖြစ်ပြီး နယ်သာလန်ဘက်မှာလည်း ရံဖန်ရံခါ မြင်တွေ့နေရကာ လာမယ့် နွေအတွက် ပြင်ဆင်မှုတွေ စတင်ထားတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ လာမယ့္ေႏြမွာ တိုက္စစ္သမားတစ္ဦးကို က်ိန္းေသေပါက္ ေခၚယူဖို႔ စီစဥ္လာခဲ့ျပီး ထိုက္သင့္တဲ့ ေျပာင္းေရႊ႔ေၾကး ေပးပါလိမ့္မယ္လို႔ The Athletic က ေဖာ္ထုတ္လာခဲ့ပါျပီ။

ဒီကာလေတြအတြင္း ဆန္ခ်ိဳ၊ ဟာဗက္နဲ႔ ဝါနာတို႔ကို ဆက္တိုက္ ေစာင့္ၾကည့္ျပီး ေစ်းကြက္ တီးေခါက္မႈကိုလည္း လုပ္ေဆာင္ေနခဲ့ကာ သူတို႔သံုးဦးအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးနဲ႔ ပက္သက္လို႔ အခ်က္အလက္ေတြကို စတင္ကာ စုေဆာင္းမိေနပါျပီ။ လီဗာပူးဟာ တိုက္စစ္သမားတစ္ဦး ေသခ်ာေပါက္ ေခၚရမယ့္ အေနအထားကိုလည္း ရင္ဆိုင္ေနရတာေၾကာင့့္ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနခဲ့တာပါ။

လာမယ့္ရာသီ ရာသီဝက္ကာလျဖစ္တဲ့ ဇန္နဝါရီန႔ ေဖေဖာ္ဝါရီမွာေတာ့ ၂၀၂၁ ခုႏွစ္ အာဖရိကဖလားကို ထံုးစံအတိုင္း ျပန္က်င္းပဖို႔ ရွိေနပါတယ္။ လီဗာပူးဟာ အဆိုပါ ျပိဳင္ပြဲအတြက္ ဆာလက္၊ မာေနး၊ ကီတာတို႔ကို လက္လြတ္ေပးရဖို႔ အေနအထား ရွိေနျခင္းေၾကာင့္ တုိက္စစ္သမား တစ္ဦးကို ေခၚယူသြားရဖို႔ လိုအပ္ေနတာျဖစ္တယ္။

လီဗာပူးဟာ တီမိုဝါနာအတြက္ ဆက္သြယ္မႈကိုပါ လုပ္ထားတယ္လို႔ The Athletic ဘက္က ရိပ္စားမိထားေပမယ့္ နွစ္ဘက္ အဖြဲ႔ဟာ သေဘာတူညီမႈေတြ ရထားတယ္လို႔ေတာ့ မွတ္ယူလို႔ မရေသးပါဘူး။ ၄င္း သတင္းဌာနကပဲ လီဗာပူးက လိုက္ဇစ္တိုက္စစ္သမားကို ေခၚယူဖို႔ဆိုရင္ လက္ရွိ စာခ်ဳပ္အရ ေပါင္ ၅၁ သန္း ေပးရမယ္လို႔လည္း ေဖာ္ထုတ္ခဲ့တာျဖစ္တယ္။

ဆန္ခ်ိဳနဲ႔ ဟာဗက္ကို ေခၚယူမယ္ဆိုရင္ ေပါင္ ၈၀-၁၀၀ သန္းၾကားထိ ေပးရမွာျဖစ္ကာ ဒါဟာ ငယ္ရြယ္တဲ့ ကစားသမားေတြအတြက္ ၾကီးမားတဲ့ စိန္ေခၚမႈျဖစ္ျပီး ဘြန္ဒက္လီဂါမွာ ကစားသမားေကာင္းဆိုတာ တည္တည္ျငိမ္ျငိမ္ သက္ေသျပေနတဲ့ ဝါနာကို ေခၚယူျခင္းကပဲ ပိုမို မွန္ကန္တဲ့ ေရြးခ်ယ္မႈအျဖစ္ လီဗာပူးဘက္က ယံုၾကည္ထားတယ္လို႔ သိရပါတယ္။

လီဗာပူးကင္းေထာက္ေတြဟာ ဘြန္ဒက္လီဂါနဲ႔ စီးရီးေအဘက္ေတြကို မၾကာခဏ ေျခရႈပ္ေလ့ရွိေနတာျဖစ္ျပီး နယ္သာလန္ဘက္မွာလည္း ရံဖန္ရံခါ ျမင္ေတြ႔ေနရကာ လာမယ့္ ေႏြအတြက္ ျပင္ဆင္မႈေတြ စတင္ထားတာျဖစ္ပါတယ္။