လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားပြီးချိန် ဖေဖော်ဝါရီ လဆန်းပိုင်းမှာတင် ဒုတိယနေရာမှ မန်စီးတီးကို ၂၂ မှတ်ထိ အမှတ် ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ထို အမှတ်ကွာဟချက်ဟာ ပြိုင်ပွဲသမိုင်းမှာပါ စံချိန်တင် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အမှတ် များစွာ ဖြတ်ထားနိုင်မှု အပေါ် အံ့အားသင့်မိကြောင်း အဓိက ပြိုင်ဘက်နဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်း မန်နေဂျာက နေရှင်နယ် သတင်းကနေ ဝန်ခံပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။

” ကျနော်တို့မှာ ကိုယ့်ထက် ၂၂ မှတ် အသာ ရထားတဲ့ ပြိုင်ဘက်ကြီး ရှိနေတယ်။ ဒါ သိပ် မကောင်းပါဘူး။ မယုံနိုင်လောက် အောင် ကောင်းမွန်တယ် ဆိုတာတွေ ကျနော်တို့ လုပ်ပြခဲ့ဖူးတယ် အခုကတော့ လီဗာပူး လုပ်ပြနေတယ်။ ဒါမျိုးလောက်ထိ ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့တာ အမှန်ပါ။ ကျနော်တို့ အနေနဲ့ သူတို့ကို လေးစားရမှာပဲ ဖြစ်တယ်။” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဂွာဒီယိုလာရဲ့ စီးတီးဟာ အမှတ်ပေးဖလား ပြိုင်ပွဲ အဆုံးမှာ ထိပ်ဆုံးက ပန်းဝင်ခဲ့တာပါ။ ဒါပေမယ့် လီဗာပူးက ဘောလုံးရာသီ အဆုံးထိ လိုက်ပါ ဖိအားပေးခဲ့ကာ တစ်မှတ် အကွာနဲ့ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးကတော့ ဒီရာသီမှာ ပြိုင်ဘက်တွေ လိုက်မှီဖို့ ခက်လွန်းလှတဲ့ အနေအထားထိ အမှတ်ဖြတ်ထားနိုင်ခဲ့ပါပြီ။

ဂွာဒီယိုလာဟာ နွေအပြောင်းအရွှေ့မှာ မန်စီးတီးကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကစားသမားခေါ်ယူမှုကြီးလုပ်ဖို့ လုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အဖြေပေးဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။ အတည်မပြုနိုင်ပေမယ့် မန်စီးတီးဟာ ကစားသမား ရောင်းထုတ်မှုတွေလည်း များမယ်လို့ သတင်းထွက်နေပြီး ဂွာဒီယိုလာကတော့ ဖြေဆိုပေးခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ၂၅ ပြဲ ကစားျပီးခ်ိန္ ေဖေဖာ္၀ါရီ လဆန္းပိုင္းမွာတင္ ဒုတိယေနရာမွ မန္စီးတီးကို ၂၂ မွတ္ထိ အမွတ္ ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ထားပါတယ္။ ထို အမွတ္ကြာဟခ်က္ဟာ ျပိဳင္ပြဲသမိုင္းမွာပါ စံခ်ိန္တင္ မ်ားျပားတဲ့ ပမာဏ ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ အမွတ္ မ်ားစြာ ျဖတ္ထားနုိင္မႈ အေပၚ အံ့အားသင့္မိေၾကာင္း အဓိက ျပိဳင္ဘက္နဲ႔ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္း မန္ေနဂ်ာက ေနရွင္နယ္ သတင္းကေန ၀န္ခံေျပာၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။

” က်ေနာ္တို႔မွာ ကိုယ့္ထက္ ၂၂ မွတ္ အသာ ရထားတဲ့ ျပိဳင္ဘက္ၾကီး ရွိေနတယ္။ ဒါ သိပ္ မေကာငး္ပါဘူး။ မယံုနိုင္ေလာက္ ေအာင္ ေကာင္းမြန္တယ္ ဆိုတာေတြ က်ေနာ္တို႔ လုပ္ျပခဲ့ဖူးတယ္ အခုကေတာ့ လီဗာပူး လုပ္ျပေနတယ္။ ဒါမ်ိဳးေလာက္ထိ ျဖစ္လာမယ္လို႔ မေမွ်ာ္လင့္ထားခဲ့တာ အမွန္ပါ။ က်ေနာ္တို႔ အေနနဲ႕ သူတို႔ကို ေလးစားရမွာပဲ ျဖစ္တယ္။” လို႔ ဂြာဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီက ဂြာဒီယိုလာရဲ႕ စီးတီးဟာ အမွတ္ေပးဖလား ျပိဳင္ပြဲ အဆံုးမွာ ထိပ္ဆံုးက ပန္း၀င္ခဲ့တာပါ။ ဒါေပမယ့္ လီဗာပူးက ေဘာလံုးရာသီ အဆံုးထိ လိုက္ပါ ဖိအားေပးခဲ့ကာ တစ္မွတ္ အကြာနဲ႕ က်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးကေတာ့ ဒီရာသီမွာ ျပိဳင္ဘက္ေတြ လိုက္မွီဖို႔ ခက္လြန္းလွတဲ့ အေနအထားထိ အမွတ္ျဖတ္ထားနုိင္ခဲ့ပါျပီ။

ဂြာဒီယိုလာဟာ ေႏြအေျပာင္းအေရႊ႔မွာ မန္စီးတီးကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ ကစားသမားေခၚယူမႈၾကီးလုပ္ဖို႔ လုပ္ဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတဲ့အေပၚ အေျဖေပးဖို႔ေတာ့ ျငင္းဆန္ခဲ့ပါတယ္။ အတည္မျပဳႏုိင္ေပမယ့္ မန္စီးတီးဟာ ကစားသမား ေရာင္းထုတ္မႈေတြလည္း မ်ားမယ္လို႔ သတင္းထြက္ေနျပီး ဂြာဒီယိုလာကေတာ့ ေျဖဆိုေပးခဲ့ျခင္း မရွိတာျဖစ္ပါတယ္။