လီဗာပူးအသင်းဟာ အက်ဖ်အေ ပြန်ကန်ပွဲမှာ ဂိတ်ကြေးအဖြစ် ကလပ်အသင်း ရရှိတဲ့ ပေါင် ၃၅၀၀၀ ကို လိဂ်ဝမ်းကလပ် ရှရူဘူရီအား ပေးခဲ့ပါတယ်။ ရှရူဘူရီဟာ ပြန်ကန်ပွဲ လက်မှတ်နှုန်းထား လျော့ချမှုအရလည်းကောင်း၊ ရုပ်သံလွင့်ခွင့်အရလည်းကောင်း ပေါင် ၅ သိန်းလောက် နစ်နာထားတာ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ လယ်လာနာနဲ့ ညာအစွန်လူ ကလိုင်းတို့ဟာ ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ကလပ်အသင်းကနေ ထွက်ခွာသွားကြတော့မှာပဲ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အပြောင်းအရွှေ့ အစီအစဉ်ထဲမှာ ကော်တင်ညိုကို ပြန်ခေါ်ယူရေးထက်စာရင် လေဗာကူဆင်အသင်းက ကွင်းလယ်လူ ဟာဗက်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ကတောင် ပိုမို ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်အတွက် ကမ်းလှမ်းမှုတွေကို နွေမှာ လီဗာပူးဘက်က လက်ခံသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်း တောင်းဆိုမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်း ခံစစ်မှူး လိုဗရန်ဟာ နွေအပြောင်းအရွှေ့မှာ ထွက်ခွာဖို့ အမြင့်ဆုံးသော ကစားသမားဖြစ်ပြီး သူ့နောက်မှာ ရှာကွီရီ ရှိနေပါတယ်။ သူတို့နှစ်ဦးအတွက် ပေါင် ၄၀ သန်းလောက်ထိကို ကလပ်ဘက်က မျှော်လင့်ထားပါတယ်။

ပရီးမီးယားလိဂ်က အရမ်းကို ကောင်းနေရတာဟာ ယာဂင်ကလော့ပ်လို ဘာကိုမှ မကြောက်တဲ့ မန်နေဂျာမျိုးတွေ ရှိနေတာကြောင့်လို့ ဘရာဇီးဂန္တဝင်ကာကာက ထုတ်ပြောသွားပါတယ်။

နွေအပြောင်းအရွှေ့မှာ လူသစ်မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာက ကလော့ပ်ရဲ့ အဓိက အစီအစဉ်ဖြစ်ပြီး ဥရောပချန်ပီယံအသင်း လူစာရင်းကို အနည်းဆုံးသော နောက်ထပ် တစ်နှစ်ထိ အတူရှိနေပါစေဆိုပြီး သူကပဲ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးတိုက်စစ်မှး ဖာမင်နိုကို ဘွန်ဒက်လီဂါထံ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၎င်းတို့ရဲ့ ပြည်တွင်းနဲ့ ဥရောပအဆင့်ကို မြင့်တင်ဖို့အတွက် ထိပ်တန်းကစားသမားတွေကို စောင့်ကြည့်နေသေးတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အက္ဖ္ေအ ျပန္ကန္ပြဲမွာ ဂိတ္ေၾကးအျဖစ္ ကလပ္အသင္း ရရွိတဲ့ ေပါင္ ၃၅၀၀၀ ကို လိဂ္ဝမ္းကလပ္ ရွရူဘူရီအား ေပးခဲ့ပါတယ္။ ရွရူဘူရီဟာ ျပန္ကန္ပြဲ လက္မွတ္ႏႈန္းထား ေလ်ာ့ခ်မႈအရလည္းေကာင္း၊ ရုပ္သံလြင့္ခြင့္အရလည္းေကာင္း ေပါင္ ၅ သိန္းေလာက္ နစ္နာထားတာ ျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူ လယ္လာနာနဲ႔ ညာအစြန္လူ ကလိုင္းတို႔ဟာ ဒီေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးေတြနဲ႔ ကလပ္အသင္းကေန ထြက္ခြာသြားၾကေတာ့မွာပဲ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ အစီအစဥ္ထဲမွာ ေကာ္တင္ညိဳကို ျပန္ေခၚယူေရးထက္စာရင္ ေလဗာကူဆင္အသင္းက ကြင္းလယ္လူ ဟာဗက္ကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေပးျပီး ေခၚယူဖို႔ကေတာင္ ပိုမို ျဖစ္ႏုိင္တယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူ ဟယ္ရီဝဲလ္ဆန္အတြက္ ကမ္းလွမ္းမႈေတြကို ေႏြမွာ လီဗာပူးဘက္က လက္ခံသြားမွာျဖစ္ျပီး ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၀ သန္း ေတာင္းဆိုမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္း ခံစစ္မွဴး လိုဗရန္ဟာ ေႏြအေျပာင္းအေရႊ႔မွာ ထြက္ခြာဖို႔ အျမင့္ဆံုးေသာ ကစားသမားျဖစ္ျပီး သူ႔ေနာက္မွာ ရွာကီြရီ ရွိေနပါတယ္။ သူတို႔ႏွစ္ဦးအတြက္ ေပါင္ ၄၀ သန္းေလာက္ထိကို ကလပ္ဘက္က ေမွ်ာ္လင့္ထားပါတယ္။

ပရီးမီးယားလိဂ္က အရမ္းကို ေကာင္းေနရတာဟာ ယာဂင္ကေလာ့ပ္လို ဘာကိုမွ မေၾကာက္တဲ့ မန္ေနဂ်ာမ်ိဳးေတြ ရွိေနတာေၾကာင့္လို႔ ဘရာဇီးဂႏၱဝင္ကာကာက ထုတ္ေျပာသြားပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ လူသစ္မေခၚယူဖို႔ ဆံုးျဖတ္ခဲ့တာက ကေလာ့ပ္ရဲ႕ အဓိက အစီအစဥ္ျဖစ္ျပီး ဥေရာပခ်န္ပီယံအသင္း လူစာရင္းကို အနည္းဆံုးေသာ ေနာက္ထပ္ တစ္ႏွစ္ထိ အတူရွိေနပါေစဆိုျပီး သူကပဲ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ လီဗာပူးတိုက္စစ္မွး ဖာမင္ႏိုကို ဘြန္ဒက္လီဂါထံ ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ၄င္းတို႔ရဲ႕ ျပည္တြင္းနဲ႔ ဥေရာပအဆင့္ကို ျမင့္တင္ဖို႔အတြက္ ထိပ္တန္းကစားသမားေတြကို ေစာင့္ၾကည့္ေနေသးတယ္လို႔ သိရပါတယ္။