လီဗာပူးအသင်း တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ နောက်ဆုံး တွက်ချက်မှုတွေအရ ၎င်း တန်ကြေးဟာ လီဗာပူးအသင်းထံ ရောက်လာစဉ် ကထက် လေးဆထိ ခုန်တက်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ အီဂျစ်သား မာဆေးဆိုဒ် စရောက်စဉ်က အခုလို ခြေစွမ်းပြမှုမျိုးထိ ပရိသတ်များက မမျှော်လင့်ခဲ့ကြပါဘူး။

လီဗာပူးအသင်းဟာ ဆာလက်ကို ၂၀၁၇ မှာ စီးရီးအေကလပ် ရိုးမားထံက ယူရို ၄၂ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ဈေးကွက် တန်ဖိုးဖြတ်မှုမှာ ဆာလက် တန်ကြေးကို ယူရို ၃၅ သန်း သာ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သုံးနှစ် မပြည့်ခင်မှာပဲ တန်ကြေးက တဟုန်ထိုး မြင့်တက်ကာ ယူရို သန်း ၁၅၀ ထိ ရှိသွားပြီ ဖြစ်ပါတယ်။

လောလောဆယ် တန်ကြေးဖြတ်မှုမှာ ဆာလက်က ကမ္ဘာ့ဈေးအကြီးဆုံး ညာတောင်ပံ တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံရပြီ ဖြစ်ပါတယ်။ ထိုနေရာ ကို နှစ်ပေါင်းများစွာ အပိုင်စားယူထားသူက ဘာစီလိုနာ ကြယ်ပွင့်လီယွန်နယ် မက်ဆီပါ။

ဒီတကြိမ်မှာတော့ မက်ဆီက ဆာလက် ကျော်ဖြတ်ခြင်းကို ခံလိုက်ပြီး ပေါင် သန်း ၁၄၀ တန်ကြေးနဲ့ ဒုတိယနေရာ ရောက်သွားပြီ ဖြစ်ပါတယ်။ ဆာလက်နဲ့ မက်ဆီတို့နောက် တတိယနေရာမှာ ရှိသူကတော့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချို ဖြစ်ပြီး ယူရို သန်း ၁၂၀ ဈေး ပေါက်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ညာတောင်ပံ တိုက်စစ်မှူး စာရင်းမှာ နာမည်ကျော်တွေ ဖြစ်တဲ့ မန်စီးတီးမှ ဘာနာဒိုဆေးဗား၊ ဘိုင်ယန်မှ ဂနာဘီ၊ အာဆင်နယ်မှ နစ်ကိုးလပ်စ် ပီပီ၊ ချယ်ဆီးမှ ပူလီဆစ်၊ ဖီရင်အိုတီးနားမှ ချီဆာ၊ မန်စီးတီးမှ မာရက်ဇ်နဲ့ ပဲလေ့စ်မှ ဇာဟာတို့လည်း ပါဝင်ပါတယ်။

Transfermarkt က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ညာတောင်ပံ တိုက်စစ်မှူး စာရင်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္း တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ဟာ ေနာက္ဆံုး တြက္ခ်က္မႈေတြအရ ၄င္း တန္ေၾကးဟာ လီဗာပူးအသင္းထံ ေရာက္လာစဥ္ ကထက္ ေလးဆထိ ခုန္တက္သြားျပီ ျဖစ္ေၾကာင္း သိရပါတယ္။ အီဂ်စ္သား မာေဆးဆိုဒ္ စေရာက္စဥ္က အခုလို ေျခစြမ္းျပမႈမ်ိဳးထိ ပရိသတ္မ်ားက မေမွ်ာ္လင့္ခဲ့ၾကပါဘူး။

လီဗာပူးအသင္းဟာ ဆာလက္ကို ၂၀၁၇ မွာ စီးရီးေအကလပ္ ရိုးမားထံက ယူရို ၄၂ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ထိုစဥ္က ေစ်းကြက္ တန္ဖိုးျဖတ္မႈမွာ ဆာလက္ တန္ေၾကးကို ယူရို ၃၅ သန္း သာ သတ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သံုးနွစ္ မျပည့္ခင္မွာပဲ တန္ေၾကးက တဟုန္ထိုး ျမင့္တက္ကာ ယူရို သန္း ၁၅၀ ထိ ရွိသြားျပီ ျဖစ္ပါတယ္။

ေလာေလာဆယ္ တန္ေၾကးျဖတ္မႈမွာ ဆာလက္က ကမၻာ့ေစ်းအၾကီးဆံုး ညာေတာင္ပံ တိုက္စစ္မွဴး အျဖစ္ သတ္မွတ္ခံရျပီ ျဖစ္ပါတယ္။ ထိုေနရာ ကို နွစ္ေပါင္းမ်ားစြာ အပိုင္စားယူထားသူက ဘာစီလိုနာ ၾကယ္ပြင့္လီယြန္နယ္ မက္ဆီပါ။

ဒီတၾကိမ္မွာေတာ့ မက္ဆီက ဆာလက္ ေက်ာ္ျဖတ္ျခင္းကို ခံလိုက္ျပီး ေပါင္ သန္း ၁၄၀ တန္ေၾကးနဲ႕ ဒုတိယေနရာ ေရာက္သြားျပီ ျဖစ္ပါတယ္။ ဆာလက္နဲ႕ မက္ဆီတို႔ေနာက္ တတိယေနရာမွာ ရွိသူကေတာ့ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳ ျဖစ္ျပီး ယူရို သန္း ၁၂၀ ေစ်း ေပါက္ပါတယ္။

ကမၻာ့ေစ်းအၾကီးဆံုး ညာေတာင္ပံ တိုက္စစ္မွဴး စာရင္းမွာ နာမည္ေက်ာ္ေတြ ျဖစ္တဲ့ မန္စီးတီးမွ ဘာနာဒိုေဆးဗား၊ ဘုိင္ယန္မွ ဂနာဘီ၊ အာဆင္နယ္မွ နစ္ကိုးလပ္စ္ ပီပီ၊ ခ်ယ္ဆီးမွ ပူလီဆစ္၊ ဖီရင္အိုတီးနားမွ ခ်ီဆာ၊ မန္စီးတီးမွ မာရက္ဇ္နဲ႕ ပဲေလ့စ္မွ ဇာဟာတို႔လည္း ပါ၀င္ပါတယ္။