လီဗာပူးအသင်းရဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ အဖွဲ့၊ အငှားချကစားသမားများ စောင့်ကြည့်ရေးအဖွဲ့တို့ဟာ စီနီယာတိုးတက်မှုဆိုင်ရာ နည်းပြတွေနဲ့ ပေါင်းပြီး နွေအတွက် ပလန်တစ်ခုကို ကြိုတင်လျာထားမှုတွေ ရှိနေပါတယ်။

ယာဂင်ကလော့ပ်၊ အားကစားဒါရိုက်တာ အဒ်ဝတ်၊ FSG ကိုယ်စားလှယ် မိုက်ဂေါ်ဒန်တို့ဟာ နွေမှာ ကလပ်အသင်းအတွက် ကစားသမားသစ် ခေါ်ယူဖို့ကိစ္စတွေကို ပူးပေါင်း လုပ်ဆောင်မှာဖြစ်ပါ။ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီနွေမှာတော့ ကစားသမား ရောင်းထုတ်မှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လီဗာပူးဟာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လယ်လာနာ၊ ကလိုင်းတို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး စီနီယာ ကစားသမားအချို့ကို ရောင်းထုတ်ကာ အသုံးစရိတ် ပြန်ရှာဖွေမှာဖြစ်တယ်။ ဒါပြီးရင်တော့ အသင်းအတွက် လိုအပ်မယ့် တိုက်စစ်သမားတစ်ဦး၊ ဘယ်အစွန်လူတစ်ဦးနဲ့ အခြားသော နေရာတွေကို အင်အားဖြည့်မှာ ဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ ပြီးခဲ့တဲ့ နွေတုန်းက ရောင်းထုတ်ဖို့ နီးစပ်ခဲ့တဲ့ လိုဗရန်အတွက် ပေါင် ၁၄ သန်း ဝန်းကျင် အလိုရှိပေမယ့် လာမယ့် နွေမှာတော့ ၁၀ သန်း ဝန်းကျင်နဲ့ပဲ ရောင်းထုတ်မှာဖြစ်တယ်။ အဓိက ပြောင်းရွှေ့ကြေးရမယ့် ကစားသမားတွေထဲမှာ ရှာကွီရီကို ပေါင် ၂၅ သန်းနဲ့ ဝဲလ်ဆန်ကို ပေါင် ၃၀ သန်းတွေအဖြစ် ကလပ်ဘက်က မျှော်လင့်ထားပါတယ်။

ကလပ်ဘက်က ဆိုလန်ကီ၊ အိုဘ်၊ အင့်၊ ဒန်နီဝတ်၊ စမတ်တို့ကို ရောင်းထုတ်ခဲ့စဉ်က အကျိုးအမြတ် ပေါင် ၇၅ သန်းလောက် ရခဲ့တဲ့ အတိုင်းပဲ ဝဲလ်ဆန်နဲ့ ဂရုဂျစ်တို့ကို နွေမှာ အပြီးသတ် ရောင်းထုတ်လိုက်ဖို့ကို စီစဉ်နေပြီလို့ သိရတယ်။ မကြာသေးခင်ကပဲ ဘရာဇီးကွင်းလယ်လူ အလန်ကို ရောင်းထုတ်ထားကာ နွေမှာတော့ ချီရီဗီလာကိုပါ အသင်းပြောင်းခွင့် ပေးလိုက်ဖွယ်ရှိပါတယ်။

စီနီယာလူစာရင်းမှ လယ်လာနာ၊ ကလိုင်း၊ ရှာကွီရီ၊ လိုဗရန်တို့ကို ရောင်းထုတ်ခြင်းကြောင့် လုပ်ခလစာတွေကို လျော့ချကာ ပြောင်းရွှေ့ကြေးတွေကို ပြန်ရှာနိုင်မှာဖြစ်ပြီး ကလပ်ဘက်ကတော့ ထိပ်တန်းအဆင့် တိုက်စစ်မှူးကို ပြန်ခေါ်ဖို့ ပြင်ဆင်ထားပါတယ်။

လာမယ့်ရာသီမှာ ကီတာနဲ့ ချိန်ဘာလိန်တို့ရဲ့ အခန်းကဏ္ဍ ပိုမိုတိုးတက်လာဖို့ ကလပ်ဘက်က မျှော်လင့်ထားပြီး အီလီယော့၊ ကာတစ်ဂျုံး၊ နီကိုး ဝီလီယမ်နဲ့ ဟိုဗာတို့ကိုလည်း နေရာပေးမယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ကစားသမားေခၚယူမႈဆိုင္ရာ အဖြဲ႔၊ အငွားခ်ကစားသမားမ်ား ေစာင့္ၾကည့္ေရးအဖြဲ႔တို႔ဟာ စီနီယာတိုးတက္မႈဆုိင္ရာ နည္းျပေတြနဲ႔ ေပါင္းျပီး ေႏြအတြက္ ပလန္တစ္ခုကို ၾကိဳတင္လ်ာထားမႈေတြ ရွိေနပါတယ္။

ယာဂင္ကေလာ့ပ္၊ အားကစားဒါရိုက္တာ အဒ္ဝတ္၊ FSG ကိုယ္စားလွယ္ မိုက္ေဂၚဒန္တို႔ဟာ ေႏြမွာ ကလပ္အသင္းအတြက္ ကစားသမားသစ္ ေခၚယူဖို႔ကိစၥေတြကို ပူးေပါင္း လုပ္ေဆာင္မွာျဖစ္ပါ။ အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ဒီေႏြမွာေတာ့ ကစားသမား ေရာင္းထုတ္မႈေတြကို ျပတ္ျပတ္သားသား လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

လီဗာပူးဟာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆံုးမယ့္ လယ္လာနာ၊ ကလိုင္းတို႔ကို အလြတ္ေျပာင္းေရႊ႔ေၾကးေတြနဲ႔ ထြက္ခြာခြင့္ေပးမွာျဖစ္ျပီး စီနီယာ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ကာ အသံုးစရိတ္ ျပန္ရွာေဖြမွာျဖစ္တယ္။ ဒါျပီးရင္ေတာ့ အသင္းအတြက္ လိုအပ္မယ့္ တိုက္စစ္သမားတစ္ဦး၊ ဘယ္အစြန္လူတစ္ဦးနဲ႔ အျခားေသာ ေနရာေတြကို အင္အားျဖည့္မွာ ျဖစ္ပါတယ္။

လီဗာပူးဘက္ကေတာ့ ျပီးခဲ့တဲ့ ေႏြတုန္းက ေရာင္းထုတ္ဖို႔ နီးစပ္ခဲ့တဲ့ လိုဗရန္အတြက္ ေပါင္ ၁၄ သန္း ဝန္းက်င္ အလိုရွိေပမယ့္ လာမယ့္ ေႏြမွာေတာ့ ၁၀ သန္း ဝန္းက်င္နဲ႔ပဲ ေရာင္းထုတ္မွာျဖစ္တယ္။ အဓိက ေျပာင္းေရႊ႔ေၾကးရမယ့္ ကစားသမားေတြထဲမွာ ရွာကီြရီကို ေပါင္ ၂၅ သန္းနဲ႔ ဝဲလ္ဆန္ကို ေပါင္ ၃၀ သန္းေတြအျဖစ္ ကလပ္ဘက္က ေမွ်ာ္လင့္ထားပါတယ္။

ကလပ္ဘက္က ဆိုလန္ကီ၊ အိုဘ္၊ အင့့္၊ ဒန္နီဝတ္၊ စမတ္တို႔ကို ေရာင္းထုတ္ခဲ့စဥ္က အက်ိဳးအျမတ္ ေပါင္ ၇၅ သန္းေလာက္ ရခဲ့တဲ့ အတိုင္းပဲ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္တို႔ကို ေႏြမွာ အျပီးသတ္ ေရာင္းထုတ္လိုက္ဖို႔ကို စီစဥ္ေနျပီလို႔ သိရတယ္။ မၾကာေသးခင္ကပဲ ဘရာဇီးကြင္းလယ္လူ အလန္ကို ေရာင္းထုတ္ထားကာ ေႏြမွာေတာ့ ခ်ီရီဗီလာကိုပါ အသင္းေျပာင္းခြင့္ ေပးလိုက္ဖြယ္ရွိပါတယ္။

စီနီယာလူစာရင္းမွ လယ္လာနာ၊ ကလိုင္း၊ ရွာကီြရီ၊ လိုဗရန္တို႔ကို ေရာင္းထုတ္ျခင္းေၾကာင့္ လုပ္ခလစာေတြကို ေလ်ာ့ခ်ကာ ေျပာင္းေရႊ႔ေၾကးေတြကို ျပန္ရွာႏုိင္မွာျဖစ္ျပီး ကလပ္ဘက္ကေတာ့ ထိပ္တန္းအဆင့္ တိုက္စစ္မွဴးကို ျပန္ေခၚဖို႔ ျပင္ဆင္ထားပါတယ္။

လာမယ့္ရာသီမွာ ကီတာနဲ႔ ခ်ိန္ဘာလိန္တို႔ရဲ႕ အခန္းက႑ ပိုမိုတိုးတက္လာဖို႔ ကလပ္ဘက္က ေမွ်ာ္လင့္ထားျပီး အီလီေယာ့၊ ကာတစ္ဂ်ံဳး၊ နီကိုး ဝီလီယမ္နဲ႔ ဟိုဗာတို႔ကိုလည္း ေနရာေပးမယ္လို႔ သိထားရတာျဖစ္ပါတယ္။