တိုက်စစ်မှူး ဆာဒီယို မာနေးက ပရီးမီးယားလိဂ်တွေ ပြန်စတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ ကြံ့ခိုင်မှုပိုင်း ပြန်လည် တည်ဆောက်မှုတွေ လုပ်နေတာကို သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ဖော်ပြသွားပါတယ်။

အင်စတာဂရမ်မှာ သူတင်ခဲ့တာက မဲဝုဒ်မှာ တစ်ဦးတည်း လေ့ကျင့်ရေး လုပ်နေတဲ့ ဗီဒီယိုဖြစ်ပြီး လိမ်ခေါက်ကျော်ဖြတ်မှုပိုင်းတွေကို လုပ်ပြီး ဂိုးသွင်းလေ့ကျင့်နေတာဖြစ်တယ်။ မာနေးကို ကြည့်ရတာ နော်ဝစ်ကိုသွားမယ့် ပရီးမီးယားလိဂ်ပွဲကို ပါဝင်ပေးဖို့တောင် အဆင်သင့်ဖြစ်နေပုံ ရပါတယ်။

ဝုဗ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မာနေးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဝက်ဟမ်းနဲ့ ဆောက်သမ်တန်ပွဲတွေကိုလည်း လွဲချော်ထားခဲ့တာပါ။ ဖေဖော်ဝါရီ နားရက် နှစ်ပတ်ရခဲ့တာက သူ့ရဲ့ ကြံ့ခိုင်မှုကို အချိန်ပေး တည်ဆောက်ဖို့ အခွင့်အရေးကောင်းဖြစ်ခဲ့ပြီး မာနေးကတော့ အားလပ်ရက် ယူမယ့်အစား လေ့ကျင့်ရေးတွေပဲ လုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။

မာနေးဟာ ဒီာသီမှာ သွင်းဂိုး ၁၅ ဂိုး ရယူထားတဲ့အပြင် ဂိုးထောက်ပံ့မ ၁၁ ကြိမ် လုပ်ထားနိုင်သူဖြစ်တယ်။ နော်ဝစ်ပွဲအပြီးမှာ အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲလည်း ရှိနေတာကြောင့် မာနေး ပြန်သက်သာလာဖို့ လိုအပ်နေတာဖြစ်တယ်။ အင်္ဂလန်မှာ မုန်တိုင်းတွေရှိနေပြီး ပွဲစဉ်အချို့ကို ဖျက်ထားရပေမယ့် မာနေးကတော့ အေးအေးလူလူရှိနေပါတယ်။

လီဗာပူးကစားသမား အများအပြားဟာ နွေတုန်းက နားရက် ပြည့်ပြည့်ဝဝ မရခဲ့ကြသလို ပွဲဆက်တွေလည်း များခဲ့တာကြောင့် ကလော့ပ်က အနားပေးထားတာဖြစ်တယ်။ အချို့အသင်းသားတွေ မဲဝုဒ်ကို ပြန်ရောက်နေပေမယ့် ကလပ်ဘက်က လေ့ကျင့်ရေး အစီအစဉ်တွေ စတင်လာခြင်း မရှိသေးပါဘူး။

ZAWGYI

တိုက္စစ္မွဴး ဆာဒီယို မာေနးက ပရီးမီးယားလိဂ္ေတြ ျပန္စတဲ့အခါ အဆင္သင့္ျဖစ္ေနဖို႔ ၾကံ႕ခုိင္မႈပိုင္း ျပန္လည္ တည္ေဆာက္မႈေတြ လုပ္ေနတာကို သူ႔ရဲ႕ အင္စတာဂရမ္ အေကာင့္မွာ ေဖာ္ျပသြားပါတယ္။

အင္စတာဂရမ္မွာ သူတင္ခဲ့တာက မဲဝုဒ္မွာ တစ္ဦးတည္း ေလ့က်င့္ေရး လုပ္ေနတဲ့ ဗီဒီယိုျဖစ္ျပီး လိမ္ေခါက္ေက်ာ္ျဖတ္မႈပိုင္းေတြကို လုပ္ျပီး ဂိုးသြင္းေလ့က်င့္ေနတာျဖစ္တယ္။ မာေနးကို ၾကည့္ရတာ ေနာ္ဝစ္ကိုသြားမယ့္ ပရီးမီးယားလိဂ္ပြဲကို ပါဝင္ေပးဖို႔ေတာင္ အဆင္သင့္ျဖစ္ေနပံု ရပါတယ္။

ဝုဗ္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ မာေနးဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့့ ဝက္ဟမ္းနဲ႔ ေဆာက္သမ္တန္ပြဲေတြကိုလည္း လြဲေခ်ာ္ထားခဲ့တာပါ။ ေဖေဖာ္ဝါရီ နားရက္ ႏွစ္ပတ္ရခဲ့တာက သူ႔ရဲ႕ ၾကံ႕ခိုင္မႈကို အခ်ိန္ေပး တည္ေဆာက္ဖို႔ အခြင့္အေရးေကာင္းျဖစ္ခဲ့ျပီး မာေနးကေတာ့ အားလပ္ရက္ ယူမယ့္အစား ေလ့က်င့္ေရးေတြပဲ လုပ္ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။

မာေနးဟာ ဒီာသီမွာ သြင္းဂိုး ၁၅ ဂိုး ရယူထားတဲ့အျပင္ ဂိုးေထာက္ပံ့မ ၁၁ ၾကိမ္ လုပ္ထားႏုိင္သူျဖစ္တယ္။ ေနာ္ဝစ္ပြဲအျပီးမွာ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲလည္း ရွိေနတာေၾကာင့္ မာေနး ျပန္သက္သာလာဖို႔ လိုအပ္ေနတာျဖစ္တယ္။ အဂၤလန္မွာ မုန္တိုင္းေတြရွိေနျပီး ပြဲစဥ္အခ်ိဳ႕ကို ဖ်က္ထားရေပမယ့္ မာေနးကေတာ့ ေအးေအးလူလူရွိေနပါတယ္။

လီဗာပူးကစားသမား အမ်ားအျပားဟာ ေႏြတုန္းက နားရက္ ျပည့္ျပည့္ဝဝ မရခဲ့ၾကသလို ပြဲဆက္ေတြလည္း မ်ားခဲ့တာေၾကာင့္ ကေလာ့ပ္က အနားေပးထားတာျဖစ္တယ္။ အခ်ိဳ႕အသင္းသားေတြ မဲဝုဒ္ကို ျပန္ေရာက္ေနေပမယ့္ ကလပ္ဘက္က ေလ့က်င့္ေရး အစီအစဥ္ေတြ စတင္လာျခင္း မရွိေသးပါဘူး။