ဖေဖော်ဝါရီလဝက်အတွင်း ရခဲ့တဲ့ ပရီးမီးယားလိဂ် ပထမဆုံးသော ဆောင်းရာသီ အားလပ်ရက်မှာတော့ လီဗာပူးအသင်းသားတွေက ကမ္ဘာနေရာအနှံကို အားလပ်ရက်ခရီးတွေ ထွက်နေကြတာပါ။

မန်နေဂျာယာဂင်ကလေ့ာပ်က ရာသီဝက်ကာလမှာ လေ့ကျင့်ရေး ဆင်းစေဖို့အစား ပြည့်ပြည့်ဝဝ အနားပေးမှုကို ခွင့်ပြုထားခဲ့တာဖြစ်ကာ ဒီကနေ့ တနင်္လာနေ့မှာတော့ အသင်းသားတွေက အားလပ်ရက်တွေကနေ မဲဝုဒ်ကို ပြန်လာပြီး လက်ကျန်ရာသီဝက်အတွက် ပြင်ဆင်မှုကို စတင်တော့မှာ ဖြစ်ပါတယ်။

အားလပ်ရက် ကာလအတွင်း လီဗာပူးအသင်းသားတွေကို တစ်ဦးချင်း လေ့ကျင့်ရေးတွေပါ ပြုလုပ်ဖို့ အသင်းဘက်က စီစဉ်ပေးခဲ့ပြီး ဗန်ဒိုက်၊ ချိန်ဘာလိန်၊ အယ်လီဆန်တို့ဟာ ကိုယ်ပိုင် အစီအစဉ်တွေနဲ့ လေ့ကျင့်ရေးတွေ လုပ်နေခဲ့ပါတယ်။ မာနေး၊ ဆာလက်၊ လိုဗရန်တို့ကလည်း မဲဝုဒ်မှာ ရောက်နှင့်နေပြီဖြစ်ပြီး ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ရေးတွေ စတင်ထားနှင့်ပါပြီ။

ဗန်ဒိုက်၊ ဝိုက်နယ်ဒမ်နဲ့ ချိန်ဘာလိန်တို့ဟာ အသင်းနည်းပြ Tom King နဲ့အတူ ယူအေအီးမှာ ရှိနေတာဖြစ်တယ်။ လယ်လာနာ၊ ထရန့်တို့က အမေရိကန် မီယာမီမှာ ရှိနေကာ ဂိုးမက်စ်ကတော့ လော့အိန်ဂျလိစ် တို့မှာ ရှိနေတာဖြစ်တယ်။ ဘရာဇီးအတွဲဖြစ်တဲ့ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ကတော့ မော်ဒိုက်ကို ရောက်နေပါတယ်။

ဂိုးသမား အယ်လီဆန်က မိခင်နိုင်ငံ ဘရာဇီးကို ပြန်သွားပြီး လေ့ကျင့်နေကာ ရော်ဘတ်ဆန်က စကော့တလန်မှာ ဂေါက်ရိုက်နေတာပါ။ မီလ်နာကလည်း မဲဝုဒ်မှာပဲ ရှိနေခဲ့ပြီး ဟန်ဒါဆန်ကတော့ ဇနီးသည် မီးဖွားတဲ့အနားမှာ ရှိနေမယ်လို့ ယူဆရတာဖြစ်တယ်။

အသင်းသားတွေ အားလုံးဟာ ကြံ့ခိုင်မှု ကောင်းကောင်းရှိနေပြီး ဒီကနေ့ကစကာ အသင်းလေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်ကာ သီတင်းပတ်အကုန် နော်ဝစ်ပွဲ၊ မကြာမီ ယှဉ်ပြိုင်ရတော့မယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲတွေအတွက် ပြင်ဆင်ကြတော့မှာ ဖြစ်ပါတယ်။

ZAWGYI

ေဖေဖာ္ဝါရီလဝက္အတြင္း ရခဲ့တဲ့ ပရီးမီးယားလိဂ္ ပထမဆံုးေသာ ေဆာင္းရာသီ အားလပ္ရက္မွာေတာ့ လီဗာပူးအသင္းသားေတြက ကမၻာေနရာအႏွံကို အားလပ္ရက္ခရီးေတြ ထြက္ေနၾကတာပါ။

မန္ေနဂ်ာယာဂင္ကေလ့ာပ္က ရာသီဝက္ကာလမွာ ေလ့က်င့္ေရး ဆင္းေစဖို႔အစား ျပည့္ျပည့္ဝဝ အနားေပးမႈကို ခြင့္ျပဳထားခဲ့တာျဖစ္ကာ ဒီကေန႔ တနလၤာေန႔မွာေတာ့ အသင္းသားေတြက အားလပ္ရက္ေတြကေန မဲဝုဒ္ကို ျပန္လာျပီး လက္က်န္ရာသီဝက္အတြက္ ျပင္ဆင္မႈကို စတင္ေတာ့မွာ ျဖစ္ပါတယ္။

အားလပ္ရက္ ကာလအတြင္း လီဗာပူးအသင္းသားေတြကို တစ္ဦးခ်င္း ေလ့က်င့္ေရးေတြပါ ျပဳလုပ္ဖို႔ အသင္းဘက္က စီစဥ္ေပးခဲ့ျပီး ဗန္ဒိုက္၊ ခ်ိန္ဘာလိန္၊ အယ္လီဆန္တို႔ဟာ ကိုယ္ပိုင္ အစီအစဥ္ေတြနဲ႔ ေလ့က်င့္ေရးေတြ လုပ္ေနခဲ့ပါတယ္။ မာေနး၊ ဆာလက္၊ လိုဗရန္တို႔ကလည္း မဲဝုဒ္မွာ ေရာက္နွင့္ေနျပီျဖစ္ျပီး ၾကံ႕ခိုင္မႈဆုိင္ရာ ေလ့က်င့္ေရးေတြ စတင္ထားႏွင့္ပါျပီ။

ဗန္ဒိုက္၊ ဝုိက္နယ္ဒမ္နဲ႔ ခ်ိန္ဘာလိန္တို႔ဟာ အသင္းနည္းျပ Tom King နဲ႔အတူ ယူေအအီးမွာ ရွိေနတာျဖစ္တယ္။ လယ္လာနာ၊ ထရန္႔တို႔က အေမရိကန္ မီယာမီမွာ ရွိေနကာ ဂိုးမက္စ္ကေတာ့ ေလာ့အိန္ဂ်လိစ္ တို႔မွာ ရွိေနတာျဖစ္တယ္။ ဘရာဇီးအတြဲျဖစ္တဲ့ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ကေတာ့ ေမာ္ဒိုက္ကို ေရာက္ေနပါတယ္။

ဂိုးသမား အယ္လီဆန္က မိခင္ႏုိင္ငံ ဘရာဇီးကို ျပန္သြားျပီး ေလ့က်င့္ေနကာ ေရာ္ဘတ္ဆန္က စေကာ့တလန္မွာ ေဂါက္ရိုက္ေနတာပါ။ မီလ္နာကလည္း မဲဝုဒ္မွာပဲ ရွိေနခဲ့ျပီး ဟန္ဒါဆန္ကေတာ့ ဇနီးသည္ မီးဖြားတဲ့အနားမွာ ရွိေနမယ္လို႔ ယူဆရတာျဖစ္တယ္။

အသင္းသားေတြ အားလံုးဟာ ၾကံ႕ခိုင္မႈ ေကာင္းေကာင္းရွိေနျပီး ဒီကေန႔ကစကာ အသင္းေလ့က်င့္ေရးမွာ ျပန္လည္ပါဝင္ကာ သီတင္းပတ္အကုန္ ေနာ္ဝစ္ပြဲ၊ မၾကာမီ ယွဥ္ျပိဳင္ရေတာ့မယ့္ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲေတြအတြက္ ျပင္ဆင္ၾကေတာ့မွာ ျဖစ္ပါတယ္။