၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ဆောက်သမ်တန်ကနေ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ လီဗာပူးအသင်းထံ တစ်ရာသီ လာကစားခွင့်ရသွားခဲ့တဲ့ ကီရာဘီဖွား လီဗာပူးသားစစ်စစ်ကြီး ရစ်ကီလမ်းပတ်က လီဗာပူးအသင်းဖော်ဟောင်း ဟန်ဒါဆန်ကို ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။

လမ်ပတ်ဟာ ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေးခဲ့သူပါ။ အသင်းအကယ်ဒမီရှိရာ ကီရာဘီဝန်းကျင်မှာ မွေးဖွားခဲ့ပြီး အကယ်ဒမီကိုတောင် တက်ရောက်ခဲ့သေးပေမယ့် အသက် ၁၅ နှစ်အရွယ်မှာ အင်္ဂလန်တစ်ဝန်းကို စတင်ထွက်ခွာခဲ့သူဖြစ်တယ်။ သူ့အသက် ၃၂ နှစ်အရွယ်မှာတော့ ဘရန်ဒန်ရော်ဂျာရဲ့ ခေါ်ယူမှုဖြင့် ဆောက်တမ်သန်ကနေ လီဗာပူးကို ပြောင်းလာခဲ့ပြီး သွင်းဂိုး ၅ ဂိုး သွင်းယူခဲ့ပါတယ်။

သူလီဗာပူးမှာ ရှိခဲ့စဉ်က လက်ထောက်အသင်းခေါင်းဆောင်ဖြစ်နေတဲ့ ဟန်ဒိုဟာ လက်ရှိမှာတော့ အင်္ဂလန်မှာ အရှိန်အဝါကြီးတဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့ပါပြီ။ လီဗာပူးသမိုင်းရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ကိုင်မြောက်ခဲ့သူ ဟန်ဒိုအပေါ် သူ့ရဲ့ ချစ်ခင်ခြင်းတွေကို လမ်ပတ်က ဖွင့်ဟခဲ့ပါတယ်။

“ တကယ်ကို ထူးချွန်ပါတယ်၊ သိပ်ကို ချစ်ဖို့ကောင်းတဲ့ ငနဲပါ။ ကျနော် ဂျော်ဒန်ကို နှစ်သက်ပါတယ်။ သူက ပရော်ဖက်ရှင်နယ်ကောင်းပါ။ ဂျော်ဒန်ကို အထင်လည်းကြီးပါတယ်။ ပထမဆုံးအကြိမ် သူနဲ့စတွေ့ကတည်းက နည်းစနစ်ပိုင်း၊ စိတ်ဓါတ်ပိုင်းနဲ့ ကြံ့ခိုင်မှုကောင်းတွေရှိတာကို မြင်ခဲ့ရတယ်။

စတီဗင်ဂျီထံကနေ အသင်းခေါင်းဆောင်တာဝန်ကို လက်လွဲယူဖို့ဆိုတာက ခက်ခဲပါတယ်။ သူ အကောင်းဆုံး တာဝန်ယူပေးနိုင်ခဲ့တယ်လို့ ထင်တယ်။ သူက အမြဲတမ်း ခေါင်းကို မော့ထားပြီး ပိုပိုပြီး ကောင်းလာကာ သန်မာလာခဲ့တယ်။ အမှတ်ပေးဖလား အနိုင်ရတော့ သူ့ကို လယ်လာနာ ပွေ့ဖက်ထားပေးရတာကို မြင်ရတာ တကယ်ကို ခံစားရပါတယ်။ သူ ဘယ်လောက်ထိအောင် ကြိုးစားလာခဲ့ရတယ်ဆိုတာ ကျနော် သိတယ်လေ။

ကျနော် လီဗာပူး ရှိနေတုန်းက ဟန်ဒို၊ အဒဇ်တို့နဲ့ အရမ်းကို ရင်းနှီးပါတယ်။ သူတို့နှစ်ဦး ချန်ပီယံလိဂ်ဖလားကို ကိုင်နိုင်ခဲ့တာ၊ အထူးသဖြင့် ဟန်ဒို ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်တာကို မြင်ရတာက မယုံနိုင်လောက်အောင်ပါပဲ ” လို့ လမ်းဘတ်က ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

၂၀၁၄-၂၀၁၅ ေဘာလံုးရာသီမွာ ေဆာက္သမ္တန္ကေန ငယ္စဥ္ကတည္းက အားေပးခဲ့ရတဲ့ လီဗာပူးအသင္းထံ တစ္ရာသီ လာကစားခြင့္ရသြားခဲ့တဲ့ ကီရာဘီဖြား လီဗာပူးသားစစ္စစ္ၾကီး ရစ္ကီလမ္းပတ္က လီဗာပူးအသင္းေဖာ္ေဟာင္း ဟန္ဒါဆန္ကို ခ်ီးက်ဴးမႈ လုပ္သြားခဲ့ပါတယ္။

လမ္ပတ္ဟာ ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အမာခံအားေပးခဲ့သူပါ။ အသင္းအကယ္ဒမီရွိရာ ကီရာဘီဝန္းက်င္မွာ ေမြးဖြားခဲ့ျပီး အကယ္ဒမီကိုေတာင္ တက္ေရာက္ခဲ့ေသးေပမယ့္ အသက္ ၁၅ ႏွစ္အရြယ္မွာ အဂၤလန္တစ္ဝန္းကို စတင္ထြက္ခြာခဲ့သူျဖစ္တယ္။ သူ႔အသက္ ၃၂ ႏွစ္အရြယ္မွာေတာ့ ဘရန္ဒန္ေရာ္ဂ်ာရဲ႔ ေခၚယူမႈျဖင့္ ေဆာက္တမ္သန္ကေန လီဗာပူးကို ေျပာင္းလာခဲ့ျပီး သြင္းဂိုး ၅ ဂိုး သြင္းယူခဲ့ပါတယ္။

သူလီဗာပူးမွာ ရွိခဲ့စဥ္က လက္ေထာက္အသင္းေခါင္းေဆာင္ျဖစ္ေနတဲ့ ဟန္ဒိုဟာ လက္ရွိမွာေတာ့ အဂၤလန္မွာ အရွိန္အဝါၾကီးတဲ့ အသင္းေခါင္းေဆာင္တစ္ဦး ျဖစ္ေနခဲ့ပါျပီ။ လီဗာပူးသမုိင္းရဲ႕ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ခဲ့သူ ဟန္ဒိုအေပၚ သူ႔ရဲ႕ ခ်စ္ခင္ျခင္းေတြကို လမ္ပတ္က ဖြင့့္ဟခဲ့ပါတယ္။

“ တကယ္ကို ထူးခၽြန္ပါတယ္၊ သိပ္ကို ခ်စ္ဖို႔ေကာင္းတဲ့ ငနဲပါ။ က်ေနာ္ ေဂ်ာ္ဒန္ကို ႏွစ္သက္ပါတယ္။ သူက ပေရာ္ဖက္ရွင္နယ္ေကာင္းပါ။ ေဂ်ာ္ဒန္ကို အထင္လည္းၾကီးပါတယ္။ ပထမဆံုးအၾကိမ္ သူနဲ႔စေတြ႔ကတည္းက နည္းစနစ္ပိုင္း၊ စိတ္ဓါတ္ပိုင္းနဲ႔ ၾကံ႕ခိုင္မႈေကာင္းေတြရွိတာကို ျမင္ခဲ့ရတယ္။

စတီဗင္ဂ်ီထံကေန အသင္းေခါင္းေဆာင္တာဝန္ကို လက္လြဲယူဖို႔ဆိုတာက ခက္ခဲပါတယ္။ သူ အေကာင္းဆံုး တာဝန္ယူေပးႏုိင္ခဲ့တယ္လို႔ ထင္တယ္။ သူက အျမဲတမ္း ေခါင္းကို ေမာ့ထားျပီး ပိုပိုျပီး ေကာင္းလာကာ သန္မာလာခဲ့တယ္။ အမွတ္ေပးဖလား အႏုိင္ရေတာ့ သူ႔ကို လယ္လာနာ ေပြ႔ဖက္ထားေပးရတာကို ျမင္ရတာ တကယ္ကို ခံစားရပါတယ္။ သူ ဘယ္ေလာက္ထိေအာင္ ၾကိဳးစားလာခဲ့ရတယ္ဆိုတာ က်ေနာ္ သိတယ္ေလ။

က်ေနာ္ လီဗာပူး ရွိေနတုန္းက ဟန္ဒို၊ အဒဇ္တို႔နဲ႔ အရမ္းကို ရင္းႏွီးပါတယ္။ သူတို႔ႏွစ္ဦး ခ်န္ပီယံလိဂ္ဖလားကို ကိုင္ႏုိင္ခဲ့တာ၊ အထူးသျဖင့္ ဟန္ဒို ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမာက္တာကို ျမင္ရတာက မယံုႏုိင္ေလာက္ေအာင္ပါပဲ ” လို႔ လမ္းဘတ္က ဆိုခဲ့တာျဖစ္ပါတယ္။