လီဗာပူးအသင်းအတွက် ကာလရှည် အမှုထမ်းခဲ့ပြီး သုံးရာသီဆက် အမှတ်ပေးချန်ပီယံဖြစ်တဲ့ အသင်းအတွက် အဓိက ကစားသမားလည်းဖြစ်ခဲ့တဲ့ ဂန္တဝင်ကြီး ဂျန်မိုဘီက လက်ရှိ လီဗာပူးအပေါ် ကြီးကြီးမားမား တန်ဖိုးဖြတ်မှု လုပ်သွားခဲ့ပါတယ်။

မိုဘီဟာ လီဗာပူးနဲ့အတူ သုံးရာသီဆက် အမှတ်ပေးဖလား အနိုင်ရခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ခေတ်ဦးမှာလည်း သုံးရာသီတိုင် ကစားပေးခဲ့သူပါ။ သူဟာ လီဗာပူးအသင်း နောက်ဆုံးအကြိမ် အမှတ်ပေးဖလား အနိုင်ရတဲ့ အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိ လီဗာပူးအသင်းကို အတော်လေး သဘောတွေ့တာကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်လူဟောင်းကြီး ဂျန်မိုဘီက ” ဒီအသင်းဟာ လီဗာပူးအသင်းတွေထဲမှာ အကောင်းဆုံးအဖြစ်တင်မဟုတ်ပဲ မြင်ဖူးသမျှ အသင်းတွေထဲမှာ အကောင်းဆုံးအသင်းအဖြစ် သမိုင်းရေးထိုးနိုင်မယ့် အသင်းကို မြင်နေရတာပါ။ ဒါကို သံသယမရှိပါဘူး။ ဒီအသင်းက လုံးဝ အားနည်းချက် မရှိဘူး။ လက်ရှိ လီဗာပူးအသင်းမှာ ခပ်ပေါပေါအရာတွေ မရှိပါဘူး။

ခံစစ်မှာ ဘာပြဿနာမှ မရှိဘူး။ တည်ကန်ဘောကနေ သွင်းဂိုး ခပ်လွယ်လွယ်ပေးလိုက်ရတာလည်း မရှိဘူး။ အကုန်လုံး အကောင်းဆုံး လုပ်နိုင်နေတယ်။ ပွဲစခရား မှုတ်ကတည်းက အနိုင်ယူဖို့ စတင်ကြိုးစားတဲ့ အသင်းကို မြင်နေရတာဖြစ်ပါတယ် ” လို့ ချီးကျူးခဲ့တယ်။

လီဗာပူးမှာ ၁၁ ရာသီကြာ ကစားခဲ့တဲ့ ဂျန်မိုဘီဟာ အဆင့်မြင့်တန်းအဖြစ် ၈ ရာသီနဲ့ ပရီးမီးယားလိဂ်အဖြစ် ၃ ရာသီ ကစားခဲ့သူဖြစ်ပါတယ်။ သူ့တို့လက်ထက်တုန်းကလို အောင်မြင်တဲ့ အသင်းအနေအထားကို လီဗာပူး ပြန်ရောက်လာမယ်လို့လည်း ယုံကြည်ကြောင်း မိုဘီက ပြောပါသေးတယ်။

“ လီဗာပူးအသင်းကို ရင်ဆိုင်ပြီး ရလဒ်ရယူဖို့ဆိုရင် စိတ်ဓါတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။ ကိုယ်ရောက်နိုင်တ့ အမြင့်ဆုံး အဆင့်ကို ရောက်နိုင်ဖို့လိုတယ်။ လီဗာပူးက အနိုင်ယူလို့ မရတဲ့အသင်းလို့ မပြောပါဘူး။ ဒါပေမယ့် လီဗာပူးက ဒီအဆင့်ထိကို ရောက်လာမယ့်လို့ အရင်နှစ်နှစ်က ပြောခဲ့ရင် အဲ့သြမိမှာပဲ။ ဒါပေမယ့် အခု ဒီအဆင့်ကို ရောက်နေခဲ့ပါပြီ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းအတြက္ ကာလရွည္ အမႈထမ္းခဲ့ျပီး သံုးရာသီဆက္ အမွတ္ေပးခ်န္ပီယံျဖစ္တဲ့ အသင္းအတြက္ အဓိက ကစားသမားလည္းျဖစ္ခဲ့တဲ့ ဂႏၱဝင္ၾကီး ဂ်န္မိုဘီက လက္ရွိ လီဗာပူးအေပၚ ၾကီးၾကီးမားမား တန္ဖိုးျဖတ္မႈ လုပ္သြားခဲ့ပါတယ္။

မိုဘီဟာ လီဗာပူးနဲ႔အတူ သံုးရာသီဆက္ အမွတ္ေပးဖလား အႏုိင္ရခဲ့သူျဖစ္ျပီး ပရီးမီးယားလိဂ္ေခတ္ဦးမွာလည္း သံုးရာသီတိုင္ ကစားေပးခဲ့သူပါ။ သူဟာ လီဗာပူးအသင္း ေနာက္ဆံုးအၾကိမ္ အမွတ္ေပးဖလား အႏုိင္ရတဲ့ အသင္းမွာ ပါဝင္ခဲ့သူျဖစ္ျပီး လက္ရွိ လီဗာပူးအသင္းကို အေတာ္ေလး သေဘာေတြ႔တာကို ထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္လူေဟာင္းၾကီး ဂ်န္မိုဘီက ” ဒီအသင္းဟာ လီဗာပူးအသင္းေတြထဲမွာ အေကာင္းဆံုးအျဖစ္တင္မဟုတ္ပဲ ျမင္ဖူးသမွ် အသင္းေတြထဲမွာ အေကာင္းဆံုးအသင္းအျဖစ္ သမိုင္းေရးထိုးႏုိင္မယ့္ အသင္းကို ျမင္ေနရတာပါ။ ဒါကို သံသယမရွိပါဘူး။ ဒီအသင္းက လံုးဝ အားနည္းခ်က္ မရွိဘူး။ လက္ရွိ လီဗာပူးအသင္းမွာ ခပ္ေပါေပါအရာေတြ မရွိပါဘူး။

ခံစစ္မွာ ဘာျပႆနာမွ မရွိဘူး။ တည္ကန္ေဘာကေန သြင္းဂိုး ခပ္လြယ္လြယ္ေပးလိုက္ရတာလည္း မရွိဘူး။ အကုန္လံုး အေကာင္းဆံုး လုပ္ႏုိင္ေနတယ္။ ပြဲစခရား မႈတ္ကတည္းက အႏုိင္ယူဖို႔ စတင္ၾကိဳးစားတဲ့ အသင္းကို ျမင္ေနရတာျဖစ္ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

လီဗာပူးမွာ ၁၁ ရာသီၾကာ ကစားခဲ့တဲ့ ဂ်န္မိုဘီဟာ အဆင့္ျမင့္တန္းအျဖစ္ ၈ ရာသီနဲ႔ ပရီးမီးယားလိဂ္အျဖစ္ ၃ ရာသီ ကစားခဲ့သူျဖစ္ပါတယ္။ သူ႔တို႔လက္ထက္တုန္းကလို ေအာင္ျမင္တဲ့ အသင္းအေနအထားကို လီဗာပူး ျပန္ေရာက္လာမယ္လို႔လည္း ယံုၾကည္ေၾကာင္း မိုဘီက ေျပာပါေသးတယ္။

“ လီဗာပူးအသင္းကို ရင္ဆိုင္ျပီး ရလဒ္ရယူဖို႔ဆိုရင္ စိတ္ဓါတ္ပိုင္းေကာ ရုပ္ပိုင္းဆိုင္ရာပါ အေကာင္းဆံုးျဖစ္ေနဖို႔ လိုပါတယ္။ ကိုယ္ေရာက္ႏုိင္တ့ အျမင့္ဆံုး အဆင့္ကို ေရာက္ႏုိင္ဖို႔လိုတယ္။ လီဗာပူးက အႏုိင္ယူလို႔ မရတဲ့အသင္းလို႔ မေျပာပါဘူး။ ဒါေပမယ့္ လီဗာပူးက ဒီအဆင့္ထိကို ေရာက္လာမယ့္လို႔ အရင္ႏွစ္ႏွစ္က ေျပာခဲ့ရင္ အဲ့ၾသမိမွာပဲ။ ဒါေပမယ့္ အခု ဒီအဆင့္ကို ေရာက္ေနခဲ့ပါျပီ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။