ဂျာမန်သား ကွင်းလယ်ကစားသမား အမ်မရေချန်ဟာ အန်းဖီးမှာ အလားအလာရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ၎င်းအတွက် စာချုပ် သက်တမ်း တိုးဖို့ ညှိနှိုင်းခဲ့မှု မအောင်မြင်ခဲ့တာကြောင့် ၂၀၁၈ မှာ ဂျူဗင်တပ်အသင်းထံ စောစောစီးစီး လက်လွှတ်ခဲ့သူ ဖြစ်ပါတယ်။

ချန်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ခဲ့ရတာက ထိုစဉ်က လီဗာပူး အတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အန်းဖီးက ထွက်ခွာသွားပြီးနောက် ဂျူဗင်တပ်မှာ ချန်က ပွဲဦးထွက်ရာသီမှာ ၃၇ ပွဲ ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဆာရီ ရောက်လာပြီးနောက် ပြိုင်ပွဲစုံ ၈ ပွဲသာ ကစားခွင့် ရထားကာ ရုန်းကန်လာရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ဒေါ့မွန်က ချန်ကို အငှားနဲ့ ခေါ်ယူလိုက်ပြီး အငှားကုန်ဆုံးချိန်မှာ ပေါင် ၂၁ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့် ပါရှိထားပါတယ်။

ဂျာမန်သားနည်းပြကြီး ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးအသင်းဟာ ချန်ကို သက်တမ်းတိုး မခေါ်ထားနိုင်ခဲ့တာက ပရိသတ်များ သို့လော သို့လော ဖြစ်ခဲ့ရတဲ့ ကိစ္စ ဖြစ်ပြီး နောက်ကွယ်က အကြောင်းအရင်းကို The Athletic သတင်းဌာနက ဖော်ထုတ်လာခဲ့ပါတယ်။

လီဗာပူးအသင်းက ချန်ကို သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း ၂၀၁၈ မှာ မအောင်မြင်တာကြောင့် လက်လျှော့ခဲ့ရပါတယ်။ ညှိနှိုင်းမှု အဆင်မပြေရတဲ့ အကြောင်းအရင်းကတော့ ကစားသမားဘက်က တောင်းဆိုမှု တစ်ခုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ချန်က စာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေး ထည့်သွင်းလိုတာ ဖြစ်ပြီး အသင်း ပေါ်လစီ အရ လီဗာပူးက မထည့်နိုင်တာကြောင့် သဘောတူညီမှု မရရှိခဲ့တာပါ။

လီဗာပူးအသင်းဟာ ချန်ကို အတင်းဆွဲမထားဘဲ လက်လွှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ယူဆရမှာ ဖြစ်ပြီး အသက် ၂၆ နှစ် အရွယ် ဂျာမန်သားဟာ ဂျူဗင်တပ်မှာ အခြေမကျဘဲ စောစော ထွက်ခွာသွားတာ ကြည့်ပြီး ယူဆရပါတယ်။

Zawgyi – ဂ်ာမန္သား ကြင္းလယ္ကစားသမား အမ္မေရခ်န္ဟာ အန္းဖီးမွာ အလားအလာရွိတဲ့ ကစားသမား တစ္ဦး ျဖစ္ခဲ့ျပီး ၄င္းအတြက္ စာခ်ဳပ္ သက္တမ္း တိုးဖို႔ ညွိနိႈင္းခဲ့မႈ မေအာင္ျမင္ခဲ့တာေၾကာင့္ ၂၀၁၈ မွာ ဂ်ဴဗင္တပ္အသင္းထံ ေစာေစာစီးစီး လက္လႊတ္ခဲ့သူ ျဖစ္ပါတယ္။

ခ်န္ကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ခဲ့ရတာက ထိုစဥ္က လီဗာပူး အတြက္ ထိုးနွက္္ခ်က္ တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ အန္းဖီးက ထြက္ခြာသြားျပီးေနာက္ ဂ်ဴဗင္တပ္မွာ ခ်န္က ပြဲဦးထြက္ရာသီမွာ ၃၇ ပြဲ ကစားခြင့္ ရခဲ့ပါတယ္။ ဒါေပမယ့္ ဆာရီ ေရာက္လာျပီးေနာက္ ျပိဳင္ပြဲစံု ၈ ပြဲသာ ကစားခြင့္ ရထားကာ ရုန္းကန္လာရပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာေတာ့ ေဒါ့မြန္က ခ်န္ကို အငွားနဲ႕ ေခၚယူလိုက္ျပီး အငွားကုန္ဆံုးခ်ိန္မွာ ေပါင္ ၂၁ သန္းနဲ႕ အျပီးသတ္ ၀ယ္ယူခြင့္ ပါရွိထားပါတယ္။

ဂ်ာမန္သားနည္းျပၾကီး ကေလာ့ပ္ ကိုင္တြယ္ေနတဲ့ လီဗာပူးအသင္းဟာ ခ်န္ကို သက္တမ္းတိုး မေခၚထားနုိင္ခဲ့တာက ပရိသတ္မ်ား သို႔ေလာ သို႔ေလာ ျဖစ္ခဲ့ရတဲ့ ကိစၥ ျဖစ္ျပီး ေနာက္ကြယ္က အေၾကာင္းအရင္းကို The Athletic သတင္းဌာနက ေဖာ္ထုတ္လာခဲ့ပါတယ္။

လီဗာပူးအသင္းက ခ်န္ကို သက္တမ္းတိုးဖို႔ အၾကိမ္ၾကိမ္ေဆြးေႏြးခဲ့ေသာ္လည္း ၂၀၁၈ မွာ မေအာင္ျမင္တာေၾကာင့္ လက္ေလွ်ာ့ခဲ့ရပါတယ္။ ညွိနိႈင္းမႈ အဆင္မေျပရတဲ့ အေၾကာင္းအရင္းကေတာ့ ကစားသမားဘက္က ေတာင္းဆိုမႈ တစ္ခုေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ခ်န္က စာခ်ဳပ္မွာ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ထည့္သြင္းလိုတာ ျဖစ္ျပီး အသင္း ေပၚလစီ အရ လီဗာပူးက မထည့္နုိင္တာေၾကာင့္ သေဘာတူညီမႈ မရရွိခဲ့တာပါ။

လီဗာပူးအသင္းဟာ ခ်န္ကို အတင္းဆြဲမထားဘဲ လက္လႊတ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္က မွန္ကန္တယ္လို႔ ယူဆရမွာ ျဖစ္ျပီး အသက္ ၂၆ နွစ္ အရြယ္ ဂ်ာမန္သားဟာ ဂ်ဴဗင္တပ္မွာ အေျခမက်ဘဲ ေစာေစာ ထြက္ခြာသြားတာ ၾကည့္ျပီး ယူဆရပါတယ္။