ဒီကနေ့ဟာ လီဗာပူးကွင်းလယ်လူ ကီတာရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ လာမယ့်ရာသီမှာ ကီတာနဲ့ ချိန်ဘာလိန်ထံက အများကြီး မျှော်လင့်ထားတယ်လို့ သိထားရတာဖြစ်တယ်။

လူငယ် ညာအစွန်လူ နီကိုး ဝီလီယမ်ကို စာချုပ်သစ်ပေးပြီး အသင်းမှာ ကာလရှည်ထားဖို့ လီဗာပူးဘက်က ရည်ရွယ်နေပါတယ်။ နီကိုးဟာ လက်ကျန် ရာသီဝက်မှာ ပွဲထွက်ခွင့်တွေ ပိုရလာမယ်လို့ သတင်းကြီးနေပါတယ်။

လီဗာပူးဟာ ရှာကွီရီနဲ့ ဝဲလ်ဆန်ကို ပေါင် ၅၅ သန်းနဲ့ ရောင်းထုတ်ပြီး လိုက်ဇစ်တိုက်စစ်မှူး တီမို ဝါနာကို ခေါ်ယူဖို့ အကြံရှိထားပါတယ်။ အဆိုပါ ကိစ္စ သုံးခုလုံးကို ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နေတဲ့ အားကစားဒါရိုက်တာ အဒ်ဝတ်က ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ကီရာဘီဖွား လီဗာပူးသားစစ်စစ်ကြီး ရစ်ကီလမ်းပတ်က လီဗာပူးအသင်းခေါင်းဖောင် ဟန်ဒါဆန်ကို စတီဗင်ဂျီထံက မယုံနိုင်လောက်တဲ့ တာဝန်ကြီးကို တာဝန်ယူဖို့ ဝေဖန်မှုတွေကို ခေါင်းမော့ကာ ကြံ့ကြံ့ခံ ရင်ဆိုင်ပြခဲ့သူလို့ ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။

လီဗာပူးအသင်းအတွက် ကာလရှည် အမှုထမ်းခဲ့ပြီး သုံးရာသီဆက် အမှတ်ပေးချန်ပီယံဖြစ်တဲ့ အသင်းအတွက် အဓိက ကစားသမားလည်းဖြစ်ခဲ့တဲ့ ဂန္တဝင်ကြီး ဂျန်မိုဘီက လက်ရှိ လီဗာပူးအသင်းဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းတောင် ဖြစ်သွားနိုင်တယ်လို့ ကြီးကြီးမားမား တန်ဖိုးဖြတ်မှု လုပ်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး မန်နေဂျာဆုကို တန်းတက်ကလပ် ရှက်ဖီးကို ဦးဆောင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာရလုနီးဖြစ်အောင် ကြိုးစားနေတဲ့ ဝိုင်ဒါက ရသင့်ပေမယ့် သူက ယာဂင်ကလော့ပ်ကို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူးလို့ ထင်မြင်ချက်တွေ ထွက်ပေးနေပါတယ်။

ဝိုက်နယ်ဒမ်၊ ရော်ဘတ်ဆန်၊ ရှာကွီရီ စသဖြင့် တစ်ရာသီကို တစ်ယောက် တန်းဆင်းအသင်းတွေကနေ ကစားသမားခေါ်ယူလေ့ရှိတဲ့ လီဗာပူး ဒီရာသီမှာ ဘယ်လို ကစားသမားကို ခေါ်ယူသွားဦးမလဲဆိုတဲ့အပေါ် ထင်မြင်ချက်ပေးမှုတွေ များနေပါတယ်။

ဂျူဗင်တပ်က ကွင်းလယ်လူ ရမ်ဆေးကို နွေမှာ ပြန်လည်ရောင်းထုတ်မှာဖြစ်ပြီး ၎င်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေ ဦးစားပေးခံရဖွယ်ရှိကာ ပြောင်းရွှေ့ကြေး ပေါင် ၂၀ သန်း ပေးရမယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ အားလပ်ရက်ရထားတဲ့ လီဗာပူးအသင်းသားတွေဟာ မဲဝုဒ်ကို ပြန်လာကြတော့မှာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ဟာ လီဗာပူးကြင္းလယ္လူ ကီတာရဲ႕ ၂၅ ႏွစ္ျပည့္ ေမြးေန႔ျဖစ္ပါတယ္။ လီဗာပူးဘက္ကေတာ့ လာမယ့္ရာသီမွာ ကီတာနဲ႔ ခ်ိန္ဘာလိန္ထံက အမ်ားၾကီး ေမွ်ာ္လင့္ထားတယ္လို႔ သိထားရတာျဖစ္တယ္။

လူငယ္ ညာအစြန္လူ နီကိုး ဝီလီယမ္ကို စာခ်ဳပ္သစ္ေပးျပီး အသင္းမွာ ကာလရွည္ထားဖို႔ လီဗာပူးဘက္က ရည္ရြယ္ေနပါတယ္။ နီကိုးဟာ လက္က်န္ ရာသီဝက္မွာ ပြဲထြက္ခြင့္ေတြ ပိုရလာမယ္လို႔ သတင္းၾကီးေနပါတယ္။

လီဗာပူးဟာ ရွာကီြရီနဲ႔ ဝဲလ္ဆန္ကို ေပါင္ ၅၅ သန္းနဲ႔ ေရာင္းထုတ္ျပီး လိုက္ဇစ္တိုက္စစ္မွဴး တီမို ဝါနာကို ေခၚယူဖို႔ အၾကံရွိထားပါတယ္။ အဆိုပါ ကိစၥ သံုးခုလုံးကို ၾကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္ေနတဲ့ အားကစားဒါရိုက္တာ အဒ္ဝတ္က ကိုင္တြယ္သြားမွာျဖစ္ပါတယ္။

ကီရာဘီဖြား လီဗာပူးသားစစ္စစ္ၾကီး ရစ္ကီလမ္းပတ္က လီဗာပူးအသင္းေခါင္းေဖာင္ ဟန္ဒါဆန္ကို စတီဗင္ဂ်ီထံက မယံုႏုိင္ေလာက္တ့ဲ တာဝန္ၾကီးကို တာဝန္ယူဖို႔ ေဝဖန္မႈေတြကို ေခါင္းေမာ့ကာ ၾကံ႕ၾကံ႕ခံ ရင္ဆိုင္ျပခဲ့သူလို႔ ခ်ီးက်ဴးမႈ လုပ္သြားခဲ့ပါတယ္။

လီဗာပူးအသင္းအတြက္ ကာလရွည္ အမႈထမ္းခဲ့ျပီး သံုးရာသီဆက္ အမွတ္ေပးခ်န္ပီယံျဖစ္တဲ့ အသင္းအတြက္ အဓိက ကစားသမားလည္းျဖစ္ခဲ့တဲ့ ဂႏၱဝင္ၾကီး ဂ်န္မိုဘီက လက္ရွိ လီဗာပူးအသင္းဟာ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆံုးအသင္းေတာင္ ျဖစ္သြားႏုိင္တယ္လို႔ ၾကီးၾကီးမားမား တန္ဖိုးျဖတ္မႈ လုပ္သြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုး မန္ေနဂ်ာဆုကို တန္းတက္ကလပ္ ရွက္ဖီးကို ဦးေဆာင္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာရလုနီးျဖစ္ေအာင္ ၾကိဳးစားေနတဲ့ ဝိုင္ဒါက ရသင့္ေပမယ့္ သူက ယာဂင္ကေလာ့ပ္ကို ေက်ာ္ျဖတ္ႏုိင္ဖို႔ မလြယ္ဘူးလို႔ ထင္ျမင္ခ်က္ေတြ ထြက္ေပးေနပါတယ္။

ဝိုက္နယ္ဒမ္၊ ေရာ္ဘတ္ဆန္၊ ရွာကီြရီ စသျဖင့္ တစ္ရာသီကို တစ္ေယာက္ တန္းဆင္းအသင္းေတြကေန ကစားသမားေခၚယူေလ့ရွိတဲ့ လီဗာပူး ဒီရာသီမွာ ဘယ္လို ကစားသမားကို ေခၚယူသြားဦးမလဲဆိုတဲ့အေပၚ ထင္ျမင္ခ်က္ေပးမႈေတြ မ်ားေနပါတယ္။

ဂ်ဴဗင္တပ္က ကြင္းလယ္လူ ရမ္ေဆးကို ေႏြမွာ ျပန္လည္ေရာင္းထုတ္မွာျဖစ္ျပီး ၄င္းကို ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္းေတြ ဦးစားေပးခံရဖြယ္ရွိကာ ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၀ သန္း ေပးရမယ္လို႔ သိရပါတယ္။

ဒီကေန႔မွာေတာ့ အားလပ္ရက္ရထားတဲ့ လီဗာပူးအသင္းသားေတြဟာ မဲဝုဒ္ကို ျပန္လာၾကေတာ့မွာျဖစ္ပါတယ္။