ဒီကနေ့မှာတော့ လီဗာပူးအသင်းသားတွေဟာ ဖေဖော်ဝါရီ အားလပ်ရက်ကနေ ပြန်ရောက်လာကြပြီဖြစ်ပြီး မဲဝုဒ် လေ့ကျင့်ရေးမှာ ပုံမှန် လေ့ကျင့်ရေးတွေကို ပြန်လည်စတင်ခဲ့ပြီဖြစ်ပါတယ်။

စီနီယာလေ့ကျင့်ရေး ပြန်ဝင်လာချိန်မှာပဲ လီဗာပူးအသင်းသားတွေထဲမှာ အားလပ်ရက်တွေ မရခင် ဒဏ်ရာပြဿနာတွေ ရထားတဲ့ မာနေးနဲ့ မီလ်နာတို့ ပြန်လည် ပါဝင်နေတာကို မြင်ခဲ့ရတယ်။ သူတို့ နှစ်ဦးဟာ ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးပွဲစဉ် အနည်းငယ်တွေကို လွဲချော်နေခဲ့တာဖြစ်ပြီး အခုလို စီနီယာလေ့ကျင့်မှု အပြည့်အစုံ လုပ်ချိန်မှာ ပါဝင်နိုင်ခဲ့တာဖြစ်တယ်။

မာနေး၊ မီလ်နာတို့အပြင် အခြားသော စီနီယာအသင်းသားတွေကို စုံစုံလင်လင် မြင်ခဲ့ရပြီး ဒဏ်ရာကနေ ပြန်သက်သာထားတဲ့ မာတစ်၊ ဖာဘင်ညို၊ လိုဗရန်တို့ကိုလည်း ကြံ့ခိုင်မှုကောင်းကောင်းရှိနေတာ မြင်ရတာဖြစ်ပါတယ်။ ယူအေအီးကို ရောက်နေတဲ့ ချိန်ဘာလိန်၊ ဝိုက်နယ်ဒမ်၊ ဗန်ဒိုက်တို့ကိုလည်း ဂိုးမက်စ်၊ ထရန့်တို့နဲ့အတူ မြင်တွေ့ထားရပါတယ်။

ဒီအပတ် နော်ဝစ်နဲ့ပွဲကို နှစ်ဦးလုံး လိုက်ပါသွားကြမှာဖြစ်ကာ သူတို့နှစ်ဦး ပါဝင်လာခြင်းက အက်သလက်တီကို ပွဲကြို လီဗာပူးစီနီယာအသင်းမှာ ဒဏ်ရာပြဿနာ ကင်းရှင်းနေဖို့တင်မကပဲ ကြံ့ခိုင်မှု ကောင်းစွာ ရှိနေဖို့ကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်တယ်။ ထူးခြားမှုအနေနဲ့ စီနီယာအသင်းတွေ လေ့ကျင့်မှုကို အသင်းဥက္ကဌ တွမ်ဝါနာ လာရောက်ကြည့်ရှုနေတာကို မြင်ခဲ့ရပါတယ်။

အက်ဖ်အေ ပြန်ကန်ပွဲမှာ ရှရူဘူရီကို အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ မတ်လမှာ ချယ်ဆီးနဲ့ အက်ဖ်အေ ပဉ္စမအဆင့်ပွဲ ကစားရမှာဖြစ်တယ်။ ဒါ့အပြင် အက်သလက်တီကိုနဲ့ ဒုတိယအကျော့ကိုလည်း လာမယ့်လမှာပဲ အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာေတာ့ လီဗာပူးအသင္းသားေတြဟာ ေဖေဖာ္ဝါရီ အားလပ္ရက္ကေန ျပန္ေရာက္လာၾကျပီျဖစ္ျပီး မဲဝုဒ္ ေလ့က်င့္ေရးမွာ ပံုမွန္ ေလ့က်င့္ေရးေတြကို ျပန္လည္စတင္ခဲ့ျပီျဖစ္ပါတယ္။

စီနီယာေလ့က်င့္ေရး ျပန္ဝင္လာခ်ိန္မွာပဲ လီဗာပူးအသင္းသားေတြထဲမွာ အားလပ္ရက္ေတြ မရခင္ ဒဏ္ရာျပႆနာေတြ ရထားတဲ့ မာေနးနဲ႔ မီလ္နာတို႔ ျပန္လည္ ပါဝင္ေနတာကို ျမင္ခဲ့ရတယ္။ သူတို႔ ႏွစ္ဦးဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ လီဗာပူးပြဲစဥ္ အနည္းငယ္ေတြကို လြဲေခ်ာ္ေနခဲ့တာျဖစ္ျပီး အခုလို စီနီယာေလ့က်င့္မႈ အျပည့္အစံု လုပ္ခ်ိန္မွာ ပါဝင္ႏုိင္ခဲ့တာျဖစ္တယ္။

မာေနး၊ မီလ္နာတို႔အျပင္ အျခားေသာ စီနီယာအသင္းသားေတြကို စံုစံုလင္လင္ ျမင္ခဲ့ရျပီး ဒဏ္ရာကေန ျပန္သက္သာထားတဲ့ မာတစ္၊ ဖာဘင္ညိဳ၊ လိုဗရန္တို႔ကိုလည္း ၾကံ႕ခိုင္မႈေကာင္းေကာင္းရွိေနတာ ျမင္ရတာျဖစ္ပါတယ္။ ယူေအအီးကို ေရာက္ေနတဲ့ ခ်ိန္ဘာလိန္၊ ဝိုက္နယ္ဒမ္၊ ဗန္ဒိုက္တို႔ကိုလည္း ဂိုးမက္စ္၊ ထရန္႔တို႔နဲ႔အတူ ျမင္ေတြ႔ထားရပါတယ္။

ဒီအပတ္ ေနာ္ဝစ္နဲ႔ပြဲကို ႏွစ္ဦးလံုး လိုက္ပါသြားၾကမွာျဖစ္ကာ သူတို႔ႏွစ္ဦး ပါဝင္လာျခင္းက အက္သလက္တီကို ပြဲၾကိဳ လီဗာပူးစီနီယာအသင္းမွာ ဒဏ္ရာျပႆနာ ကင္းရွင္းေနဖို႔တင္မကပဲ ၾကံ႕ခိုင္မႈ ေကာင္းစြာ ရွိေနဖို႔ကိုလည္း အေထာက္အကူျဖစ္ေစမွာျဖစ္တယ္။ ထူးျခားမႈအေနနဲ႔ စီနီယာအသင္းေတြ ေလ့က်င့္မႈကို အသင္းဥကၠဌ တြမ္ဝါနာ လာေရာက္ၾကည့္ရႈေနတာကို ျမင္ခဲ့ရပါတယ္။

အက္ဖ္ေအ ျပန္ကန္ပြဲမွာ ရွရူဘူရီကို အႏုိင္ရခဲ့တာေၾကာင့္ လီဗာပူးဟာ မတ္လမွာ ခ်ယ္ဆီးနဲ႔ အက္ဖ္ေအ ပဥၥမအဆင့္ပြဲ ကစားရမွာျဖစ္တယ္။ ဒါ့အျပင္ အက္သလက္တီကိုနဲ႔ ဒုတိယအေက်ာ့ကိုလည္း လာမယ့္လမွာပဲ အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။